• Follow Us on

Home သုညတဓမ္မရံသီတရားရိပ်သာခွဲဖွင့်ရန်အတွက် မှော်ဘီမြို့အတွင်းရှိ မြေ ၄.၅ ဧကအား ဆရာလေးခေမာရံသီ အား မိသားစုတစ်စုမှ လှူဒါန်း

သုညတဓမ္မရံသီတရားရိပ်သာခွဲဖွင့်ရန်အတွက် မှော်ဘီမြို့အတွင်းရှိ မြေ ၄.၅ ဧကအား ဆရာလေးခေမာရံသီ အား မိသားစုတစ်စုမှ လှူဒါန်း

Share this post

နေပြည်တော်၊ မတ် ၅

 

မှော်ဘီမြို့နယ်၊ မရမ်းတလင်းတွင် အဆောက်အဦးတချို့ပါရှိသော မြေ ၄.၅ ဧကအား သုညတဓမ္မရံသီတရား ရိပ်သာခွဲ ဖွင့်ရန်အတွက် ဆရာလေးခေမာရံသီအား အလှူရှင် မိသားစုတစ်စုမှ လှူဒါန်းလိုက်ကြောင်း သိရ သည်။

 

ဆရာလေးခေမာရံသီမှ ယခုရိပ်သာခြံအား သုညတဓမ္မရံသီတရားရိပ်သာခွဲအဖြစ် တစ်ပါးကျောင်းလေးများနှင့် တောရရိပ်သာအဖြစ် အမြဲတမ်း ရာသက်ပန် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

ယခုရိပ်သာခြံအား ဆရာလေးခေမာရံသီထံ ဦးတင်ထွန်းအောင်နှင့် ဒေါ်သက်တင်တို့၏ သမီးများ မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီသည် လက်ရှိတွင် အင်းတကော် မြို့နယ်၊ သုညတဓမ္မရံသီတရားရိပ်သာအား ဖွင့်လှစ်ထားပြီး၊ အဆိုပါ တရားရိပ်သာတွင် အမြဲနေ သံဃာ၊ သီလရှင်၊ ယောဂီများ သီတင်းသုံးနေထိုင်လျှက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post