• Follow Us on

Home သုံးရက်ကြာလာရောက်ခဲ့သည့် ရုရှားစစ်ရေယာဉ် ရန်ကုန်မှ ပြန်လည်ထွက်ခွာ

သုံးရက်ကြာလာရောက်ခဲ့သည့် ရုရှားစစ်ရေယာဉ် ရန်ကုန်မှ ပြန်လည်ထွက်ခွာ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁ (People Media)

 

မြန်မာနိုင်ငံတွင် အောက်တိုဘာ (၂၈) ရက်မှ (၃၁) ရက်နေ့အထိ သုံးရက်ကြာလာရောက်လည်ပတ်ခဲ့သည့် ရုရှား စစ်ရေယာဉ်စုမှ စစ်ရေယာဉ်-Gremyashiy ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်သည့် ရုရှားရေတပ်ပစိဖိတ် စစ်ရေယာဉ်စု Russian Pacific Fleet မှ Captain Andrey KUZNETSOV ဦးဆောင်သော စစ်ရေယာဉ် – Gremyashiy သည် ရန်ကုန်မြို့၊ သီ လဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain Andrey KUZNETSOV ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း (၁၁၅) ဦးတို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ရုရှား

 

(unicode)


……………………………………………………

 


 


 


 


 



Share this post