• Follow Us on

Home သုံးသပ္ခ်က္ေတြ လြဲေခ်ာ္ခဲ့ရတဲ့ ၂၀၂၀ ေရြးေကာက္ပြဲ

သုံးသပ္ခ်က္ေတြ လြဲေခ်ာ္ခဲ့ရတဲ့ ၂၀၂၀ ေရြးေကာက္ပြဲ

Share this post

ေဆာင္းပါး

၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲႀကီးကေတာ့ ေအာင္ျမင္စြာနဲ႔ က်င္းပၿပီးစီးခဲ့ပါၿပီ။ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္အခ်ိဳ႕နဲ႔ အျငင္းပြားမႈေတြ ရွိေနေပမယ့္ ဒီေရြးေကာက္ပြဲဟာ ျပည္သူ႔ဆႏၵနဲ႔အညီ ရလဒ္ေတြ ထြက္ေပၚခဲ့တာကေတာ့ ေရြးေကာက္ပြဲျဖစ္တယ္ဆိုတာကေတာ့ ဘယ္လိုမွ ျငင္းဆန္လို႔မရပါဘူး။ က်န္ရွိတဲ့ အျငင္းပြားမႈေတြကေတာ့ ေရြးေကာက္ပြဲက်င္းပ ၿပီးစီးတဲ့ ေန႔ကေန (၄၅) ရက္အတြင္း ေရြးေကာက္ပြဲဥပေဒေတြအရ ကန႔္ကြက္လႊာတင္သြင္းမႈေတြ၊ အျငင္းပြားမႈ ေျဖရွင္းတာေတြ ကေတာ့ ရွိေနအုံးမွပါ။

ဆိုရရင္ေတာ့ ဒီ ၂၀၂၀ ေရြးေကာက္ပြဲဟာ နိုင္ငံေရးေလ့လာသုံးသပ္သူေတြနဲ႔ နိုင္ငံေရးအသိုင္းအဝိုင္းအတြင္းက ထြက္ေပၚခဲ့တဲ့ ေရြးေကာက္ပြဲအႀကိဳကာလသုံးသပ္ခ်က္ေတြကို လြဲေခ်ာ္ေစခဲ့တဲ့ ေရြးေကာက္ပြဲလို႔လည္း ေျပာရမွာပါ။

ေရြးေကာက္ပြဲအႀကိဳကာလမွာ ေရြးေကာက္ပြဲရလဒ္ေတြနဲ႔ပတ္သက္လို႔၊ ေရြးေကာက္ပြဲအလြန္ ျမန္မာနိုင္ငံရဲ့ လာမယ့္ငါးႏွစ္တာကာလ အစိုးရဖြဲ႕စည္းေရး အေျခအ ေနနဲ႔ ပတ္သက္လို႔ သုံးသပ္ခ်က္ေတြ အမ်ားအျပားရွိခဲ့ပါတယ္။ ဒီအထဲမွာ အမ်ားဆုံး ခန႔္မွန္းေျပာဆိုခဲ့ၾကတာကေတာ့ လက္ရွိ အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ တိုင္းေဒသႀကီးမဲဆႏၵနယ္ေတြမွာ ၂၀၁၅ ေရြးေကာက္ပြဲရလဒ္နဲ႔ သိပ္မကြာျခားနိုင္ေပ မယ့္ ျပည္နယ္မဲဆႏၵနယ္ေတြမွာေတာ့ တိုင္းရင္းသားပါတီေတြအေနနဲ႔ မဲဆႏၵနယ္အမ်ားအျပားမွာ အနိုင္ရရွိနိုင္တယ္လို႔ သုံးသပ္ခဲ့ၾက ပါတယ္။

ဒီမွာ အပိုင္းႏွစ္ပိုင္းကို ခြဲျခားသုံးသပ္ခဲ့ၾကပါတယ္။ ပထမတစ္ပိုင္းကေတာ့ တိုင္းရင္းသားပါတီေတြအေနနဲ႔ ျပည္နယ္အတြင္း ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေတြမွာ အမ်ားစုအနိုင္ရၿပီး ျပည္ေထာင္စုအဆင့္မဲဆႏၵနယ္ေတြမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္သာ အမ်ားစုအနိုင္ရရွိမယ္လို႔ ခန႔္မွန္းခဲ့ၾကတဲ့ တစ္ခ်က္ပါ။ ေနာက္တစ္ပိုင္းကေတာ့ တိုင္းရင္းသားပါတီေတြအေနနဲ႔ ျပည္နယ္ လႊတ္ေတာ္မဲဆႏၵနယ္ေတြမွာေရာ၊ ျပည္ေထာင္စုအဆင့္လႊတ္ေတာ္မဲဆႏၵနယ္ေတြမွာေရာ အမ်ားစုအနိုင္ရရွိမယ္လို႔ ခန႔္မွန္းခဲ့ၾက တာပါ။

ဒီခန႔္မွန္းခ်က္ေတြဟာ ဘယ္ေပၚမွာ မူတည္ၿပီးေတာ့ သုံးသပ္ခဲ့ၾကသလဲဆိုရင္ ျပည္နယ္ေတြမွာ ၿပီးခဲ့တဲ့ ငါးႏွစ္တာကာလအတြင္း ျဖစ္ေပၚခဲ့တဲ့ နိုင္ငံေရးအေျခအေနေတြကို မူတည္ၿပီးသုံးသပ္ခဲ့ၾကတယ္လို႔ ေျပာရမွာပါ။ နိုင္ငံေရးအေျခအေနေတြဆိုတာက တိုင္းရင္း သားပါတီေတြအေနနဲ႔ ၂၀၁၅ လိုမဟုတ္ဘဲ၊ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ပါတီေတြ စုေပါင္းၿပီး တစ္ပါတီထဲအျဖစ္ ရပ္တည္လာတာ၊ ဒီလိုရပ္တည္လာတာကို ေဒသခံလူထုကလည္း ေထာက္ခံႀကိဳဆိုမႈ မ်ားျပားလာတာ၊ ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း ျပည္နယ္ေတြမွာ ျဖစ္ေပၚခဲ့တဲ့ ေဒသခံလူထုနဲ႔ အာဏာရပါတီတို႔ၾကားက လြန္ဆြဲမႈျဖစ္ရပ္ေတြ ( ဥပမာ- မြန္ျပည္နယ္ ေခ်ာင္းဆုံတံတားကိစၥမ်ိဳး၊ ကယားျပည္နယ္ ဗိုလ္ခ်ဳပ္႐ုပ္ထုကိစၥမ်ိဳး)ရဲ့ အက်ိဳးသက္ေရာက္မႈ၊ ျပည္နယ္ေတြမွာ ကိုယ္ပိုင္ျပဌာန္းခြင့္အေရးကို ပိုမိုတက္ႂကြလႈပ္ ရွားလာၾကတာေတြ စတဲ့ ကိစၥရပ္ေတြအေပၚ အေျခခံၿပီး သုံးသပ္ခဲ့ၾကာတ ျဖစ္ပါတယ္။

အဲဒီလို သုံးသပ္ခ်က္ေတြေပၚမူတည္ၿပီးေတာ့လည္း ၂၀၂၀ လာမယ့္ ငါးႏွစ္တာကာလမွာ လက္ရွိအာဏာရပါတီအေနနဲ႔ ျပည္ေထာင္စု အဆင့္ အစိုးရဖြဲ႕စည္းနိုင္ဖို႔ အခက္အခဲရွိနိုင္ၿပီး တိုင္းရင္းသားပါတီေတြနဲ႔ ညြန႔္ေပါင္းအစိုးရဖြဲ႕ရနိုင္တယ္လို႔ေတာင္ သုံးသပ္ခ်က္ေတြ ရွိခဲ့ၾကပါတယ္။ ဒီ့အတြက္လည္း အဲဒီကာလေတြကတည္းက အာဏာရပါတီအေနနဲ႔ တိုင္းရင္းသားပါတီေတြနဲ႔ မဟာမိတ္ဖြဲ႕ထားဖို႔ကို ေတာင္ တိုက္တြန္းခဲ့ၾကတာေတြ ရွိပါတယ္။

ဒါေပမယ့္ ဒီသုံးသပ္ခ်က္ေတြဟာ အခု ၂၀၂၀ ေရြးေကာက္ပြဲၿပီးလို႔ ရလဒ္ေတြ ထြက္ေပၚလာတဲ့ အခါမွာေတာ့ လြဲေခ်ာ္ခဲ့ၾကရပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲရဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးရဲ့ မဲရလဒ္ေတြကို ၾကည့္မယ္ဆိုရင္ ရခိုင္ျပည္နယ္ကလြဲလို႔ က်န္တဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အားလုံးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကပဲ ေနရာအမ်ားစုအနိုင္ရရွိခဲ့တာကိုေတြ႕ရပါတယ္။ ဒီအထဲမွာ တိုင္းလုံးကၽြတ္မဲဆႏၵနယ္အားလုံး အနိုင္ရရွိတဲ့ တိုင္းေဒသႀကီး ေလးတိုင္းေတာင္ ပါဝင္ပါေသးတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာဆိုရင္ တိုင္းေဒသႀကီလႊတ္ေတာ္မဲဆႏၵနယ္ေနရာ (၉၀) မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၄၈) ေနရာ အနိုင္ရရွိၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက ကိုကိုးကၽြန္းမဲဆႏၵနယ္ (၁)နဲ႔ (၂) ႏွစ္ေနရာသာ အနိုင္ရရွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၄၅)ေနရာမွာဆိုရင္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၄၄) ေနရာ အနိုင္ရရွိၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက ကိုကိုးကၽြန္းျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္တစ္ေနရာသာ အနိုင္ရရွိ ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္မွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၂) ေနရာလုံးမွာ အနိုင္ရရွိပါတယ္။ ဒါေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအေနနဲ႔ ၾကည့္မယ္ဆိုရင္ မဲဆႏၵနယ္အားလုံးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၀၄)ေနရာနဲ႔ အမ်ားဆုံး အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးနဲ႔ မေကြးတိုင္းေဒသႀကီး ေလးခုမွာေတာ့ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ကပဲ တိုင္းလုံးကၽြတ္အနိုင္ရရွိပါတယ္။

မႏၲေလးတိုင္းေဒသႀကီးမွာေတာ့ တိုင္းေဒသႀကီးမဲဆႏၵနယ္ (၅၆) မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕က ေနရာအားလုံးကို အနိုင္ရရွိပါ တယ္။ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၃၆) ေနရာမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၃၅) ေနရာ အနိုင္ရရွိၿပီး၊ ေနျပည္ေတာ္ ေဇယ်ာသီရိျပည္သူ႔လႊတ္ေတာ္ေနရာ တစ္ေနရာမွာသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဥကၠဌ ဦးသန္းေဌးက အနိုင္ရရွိ တာပါ။ အမ်ိဳးသားလႊတ္ေတာ္မွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (၁၂) ေနရာလုံး အနိုင္ရရွိပါတယ္။ ဒါေၾကာင့္ မႏၲေလး တိုင္းေဒသ ႀကီးအေနၾကည့္မယ္ဆိုရင္ မဲဆႏၵနယ္အားလုံးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕က တစ္ေနရာကလြဲလို႔ က်န္ေနရာအားလုံးမွာ အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

စစ္ကိုင္းတိုင္းေဒသႀကီးအေနနဲ႔ဆိုရင္ေတာ့ တိုင္းေဒသႀကီးမဲဆႏၵနယ္ (၇၄) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၇၂) ေနရာ အနိုင္ရရွိၿပီး ကေလးဝမဲဆႏၵနယ္ အမွတ္ (၂) နဲ႔ လဟယ္မဲဆႏၵနယ္ အမွတ္ (၁) တို႔မွာသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ က အနိုင္ရရွိတာပါ။

ဒါက တိုင္းေဒသႀကီးမဲဆႏၵနယ္ေတြရဲ့ အေျခအေနျဖစ္ပါတယ္။

ျပည္နယ္ေတြမွာဆိုရင္လည္း ရွမ္းျပည္နယ္မွာဆိုရင္လည္း ျပည္နယ္မဲဆႏၵနယ္ (၉၈)ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေနရာ (၃၀)၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၂၆) ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၂၄) ေနရာ၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္က (၇) ေနရာ၊ တအာင္း(ပေလာင္) အမ်ိဳးသားပါတီက (၇) ေနရာ၊ ဝ အမ်ိဳးသားပါတီက (၂) ေနရာ၊ ရွမ္းတိုင္းရင္းသားမ်ား တိုးတက္ေရးပါတီက (၁) ေနရာ၊ တစ္သီးပုဂၢလ (၁) ေနရာ စသည္ျဖင့္ အနိုင္ရရွိတာကိုေတြ႕ရမွာပါ။ ျပည္သူ႔ လႊတ္ေတာ္မဲဆႏၵနယ္ေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ေနရာ (၄၉) ေနရာမွာေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရဂႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၁၅) ေနရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (၁၄) ေနရာနဲ႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (၁၃) ေနရာ၊ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္နဲ႔ တအာင္း(ပေလာင္)အမ်ိဳးသားပါတီတို႔က (၃) ေနရာစီ၊ ဝ အမ်ိဳးသားပါတီက (၁)ေနရာ အနိုင္ရရွိပါတယ္။အမ်ိဳးသား လႊတ္ေတာ္မဲဆႏၵနယ္ (၁၂) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၄) ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၃) ေနရာ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၂ )ေနရာ၊ တအာင္း(ပေလာင္)အမ်ိဳးသားပါတီက (၂) ေနရာ၊ ပအိုဝ္းအမ်ိဳသား အဖြဲ႕ခ်ဳပ္က (၁) ေနရာ အနိုင္ရရွိပါတယ္။ ဒီေတာ့ ရွမ္းျပည္နယ္မဲဆႏၵနယ္အားလုံးကို လႊမ္းျခဳံၾကည့္မယ္ဆိုရင္ေတာ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကပဲ ေနရာအမ်ားဆုံး အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ထိုနည္းတူ ကခ်င္ျပည္နယ္မွာလည္း ျပည္နယ္မဲဆႏၵနယ္ (၃၆) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၂၄) ေနရာ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီနဲ႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီတို႔က (၂) ေနရာစီ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္နဲ႔ ဒီမိုကေရစီပါတီသစ္(ကခ်င္ျပည္နယ္)တို႔က (၁) ေနရာစီ၊ တစ္သီးပုဂၢလ တစ္ေနရာ စသည္ျဖင့္ အနိုင္ရရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၁၈) ေနရာမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၂) ေနရာ အနိုင္ရရွိၿပီး၊ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၅) ေနရာ၊ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီက (၁) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ (၁၂) ေနရာမွာ ဆိုရင္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၀) ေနရာ အနိုင္ရရွိၿပီး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ က (၁) ေနရာ၊ ဒီမိုကေရစီပါတီသစ္(ကခ်င္ျပည္နယ္)က (၁) ေနရာ ရရွိပါတယ္။ ဒါေၾကာင့္ ကခ်င္ျပည္နယ္မွာဆိုရင္လည္း အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က မဲဆႏၵနယ္အမ်ားဆုံး အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ကရင္ျပည္နယ္မွာေတာ့  ျပည္နယ္မဲဆႏၵနယ္ (၁၄) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၁)ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၂) ေနရာ၊ ကရင္ျပည္သူ႔ပါတီက (၁) ေနရာ အနိုင္ရရွိခဲ့ပါတယ္။ ျပည္သူ႔လႊတ္ေတာ္ (၇) ေနရာမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၆) ေနရာ အနိုင္ရရွိၿပီး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၁) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ (၁၂) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၁) ေနရာနဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက (၁) ေနရာ အနိုင္ရရွိပါတယ္။

ကရင္ျပည္နယ္မွာလည္း  မဲဆႏၵနယ္အားလုံးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၂၈) ေနရာနဲ႔ အမ်ား ဆုံး အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ကယားျပည္နယ္အေနနဲ႔ေတာ့ ျပည္နယ္မဲဆႏၵနယ္ (၁၄) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၈) ေနရာ၊ ျပည္ေထာင္ စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီနဲ႔ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီတို႔က (၃) ေနရာစီအနိုင္ရရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵ နယ္ (၇) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက (၄) ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက (၁) ေနရာ၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီက (၂) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ (၁၂) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က (၇) ေနရာ၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီက (၃)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၂) ေနရာ အနိုင္ရရွိပါတယ္။ ဒါေၾကာင့္ ကယားျပည္နယ္မွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကပဲ ေနရာအမ်ားဆုံးအနိုင္ရရွိပါတယ္။

မြန္ျပည္နယ္မွာဆိုရင္ ျပည္နယ္မဲဆႏၵနယ္ ေနရာ (၂၀) မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၄) ေနရာ၊ မြန္ညီညြတ္ေရးပါတီက (၆) ေနရာ အနိုင္ရရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၁၀) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၈)ေနရာ၊ မြန္ညီညြတ္ ေရးပါတီက (၂) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ (၁၂) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၉) ေနရာ၊ မြန္ညီ ညြတ္ေရးပါတီက (၃) ေနရာ အနိုင္ရရွိပါတယ္။ မြန္ျပည္နယ္မွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပဲ ေနရာအမ်ားဆုံး အနိုင္ရရွိပါတယ္။

ခ်င္းျပည္နယ္မွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ျပည္နယ္မဲဆႏၵနယ္ (၁၈) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁၆) ေနရာ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ခ်င္းတိုင္းရင္းသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔က (၁) ေနရာစီ အနိုင္ရရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၉)ေနရာမွာ  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၈) ေနရာ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ (၁၂) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေနရာအားလုံးမွာ အနိုင္ရရွိပါတယ္။ ဒါေၾကာင့္ ခ်င္းျပည္နယ္ မွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အမ်ားဆုံးအနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ဒီျပည္နယ္ေတြထဲမွာ ရခိုင္ျပည္နယ္က ထူးထူးျခားျခားပါ။ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ႏွစ္ျပည္နယ္မွာ ရခိုင္က (၉) ၿမိဳ႕နယ္နဲ႔ ရွမ္းက (၆) ၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲက်င္းပနိုင္ျခင္း မရွိပါဘူး။ ေရြးေကာက္ပြဲက်င္းပျဖစ္တဲ့ ရခိုင္ျပည္နယ္က မဲဆႏၵနယ္ေတြ အားလုံးမွာ ရခိုင္အမ်ိဳးသားပါတီက ေနရာအမ်ားဆုံး အနိုင္ရရွိပါတယ္။ မဲဆႏၵနယ္ အလိုက္ၾကည့္မယ္ဆိုရင္ ေရြးေကာက္ပြဲက်င္းပ ျဖစ္တဲ့ ျပည္နယ္မဲဆႏၵနယ္ (၁၄) ေနရာမွာ ရခိုင္အမ်ိဳးသားပါတီက (၇) ေနရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၄) ေနရာနဲ႔ ရခိုင့္ဦးေဆာင္ပါတီက (၂) ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီက (၁) ေနရာ အနိုင္ရရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၈) ေနရာမွာ ရခိုင္အမ်ိဳးသားပါတီက (၄) ေနရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၂) ေနရာ၊ ရခိုင့္ဦးေဆာင္ပါတီက (၁) ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက (၁) ေနရာ အနိုင္ရရွိပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ မွာေတာ့ ရခိုင္ျပည္နယ္မွာ (၅) ေနရာပဲ က်င္းပနိုင္ၿပီး ရခိုင္အမ်ိဳးသားပါတီက (၄) ေနရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က (၁) ေနရာ အနိုင္ရရွိတာကို ေတြ႕ရမွာပါ။

ဒါဟာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ မဲဆႏၵနယ္ အသီးသီးမွာ အနိုင္ရရွိမႈအ‌ေျခအေနေတြ ျဖစ္ပါတယ္။

ဒီေရြးေကာက္ပြဲရလဒ္ေတြကို ၾကည့္ရင္ ျပည္နယ္ေတြထဲက အခ်ိဳ႕ေသာျပည္နယ္ေတြမွာ အနိုင္ရရွိမႈ မ်ားျပားလိမ့္မယ္ ခန႔္မွန္း ထားခဲ့ ၾကတဲ့ တိုင္းရင္းသားပါတီေတြေတာင္ မဲဆႏၵနယ္ အနည္းငယ္ပဲ အနိုင္ရရွိတာကို ထူးျခားစြာေတြ႕ ရွိရမွာပါ။ ဒါ့အျပင္ အျခား ထူးျခား ခ်က္တစ္ရပ္လည္း ရွိပါေသးတယ္။ ျပည္နယ္အလိုက္မဟုတ္ဘဲ နိုင္ငံတစ္ဝွမ္းလုံး လႊမ္းျခဳံၿပီး ေရြးေကာက္ပြဲဝင္ေရာက္ ယွဥ္ၿပိဳင္တဲ့ နိုင္ငံေရးပါတီေတြထဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီတို႔ ႏွစ္ပါတီပဲ မဲဆႏၵနယ္ေတြမွာ ေတြ႕ရမွာ ျဖစ္ၿပီးေတာ့ က်န္ပါတီေတြဟာ ေနရာ တစ္ေနရာမွ အနိုင္ရရွိမႈ မရွိတာကို ေတြ႕ရမွာပါ။ အထူးသျဖင့္ လူေျပာမ်ားခဲ့ၾကတဲ့ ျပည္သူ႔ပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီတို႔လို ပါတီသစ္ေတြဟာလည္း အခုေရြးေကာက္ပြဲမွာ မဲဆႏၵနယ္တစ္ေနရာမွ အနိုင္ရရွိခဲ့ျခင္း မရွိပါဘူး။

ဒါေတြဟာ ေရြးေကာက္ပြဲအႀကိဳသုံးသပ္ခန႔္မွန္းခ်က္ေတြကို လြဲေခ်ာ္ေစခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပြဲရဲ့ မဲရလဒ္အေျခအေနေတြပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္ အခုလို လြဲေခ်ာ္ခဲ့ၾကရတယ္ဆိုတာကိုေတာ့ ထပ္မံၿပီး တင္ျပေပးသြားဖို႔ ရွိေနပါေသးတယ္ ခင္ဗ်ာ။

အံ့ေခါင္မင္း(EPN)

(unicode)

သုံးသပ်ချက်တွေ လွဲချော်ခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

ဆောင်းပါး

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မကျေနပ်ချက်အချို့နဲ့ အငြင်းပွားမှုတွေ ရှိနေပေမယ့် ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရလဒ်တွေ ထွက်ပေါ်ခဲ့တာကတော့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းဆန်လို့မရပါဘူး။ ကျန်ရှိတဲ့ အငြင်းပွားမှုတွေကတော့ ရွေးကောက်ပွဲကျင်းပ ပြီးစီးတဲ့ နေ့ကနေ (၄၅) ရက်အတွင်း ရွေးကောက်ပွဲဥပဒေတွေအရ ကန့်ကွက်လွှာတင်သွင်းမှုတွေ၊ အငြင်းပွားမှု ဖြေရှင်းတာတွေ ကတော့ ရှိနေအုံးမှပါ။
ဆိုရရင်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းက ထွက်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလသုံးသပ်ချက်တွေကို လွဲချော်စေခဲ့တဲ့ ရွေးကောက်ပွဲလို့လည်း ပြောရမှာပါ။
ရွေးကောက်ပွဲအကြိုကာလမှာ ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်လို့၊ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရဲ့ လာမယ့်ငါးနှစ်တာကာလ အစိုးရဖွဲ့စည်းရေး အခြေအ နေနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေ အများအပြားရှိခဲ့ပါတယ်။ ဒီအထဲမှာ အများဆုံး ခန့်မှန်းပြောဆိုခဲ့ကြတာကတော့ လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ်တွေမှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့ သိပ်မကွာခြားနိုင်ပေ မယ့် ပြည်နယ်မဲဆန္ဒနယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ မဲဆန္ဒနယ်အများအပြားမှာ အနိုင်ရရှိနိုင်တယ်လို့ သုံးသပ်ခဲ့ကြ ပါတယ်။
ဒီမှာ အပိုင်းနှစ်ပိုင်းကို ခွဲခြားသုံးသပ်ခဲ့ကြပါတယ်။ ပထမတစ်ပိုင်းကတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွေမှာ အများစုအနိုင်ရပြီး ပြည်ထောင်စုအဆင့်မဲဆန္ဒနယ်တွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သာ အများစုအနိုင်ရရှိမယ်လို့ ခန့်မှန်းခဲ့ကြတဲ့ တစ်ချက်ပါ။ နောက်တစ်ပိုင်းကတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွေမှာရော၊ ပြည်ထောင်စုအဆင့်လွှတ်တော်မဲဆန္ဒနယ်တွေမှာရော အများစုအနိုင်ရရှိမယ်လို့ ခန့်မှန်းခဲ့ကြ တာပါ။
ဒီခန့်မှန်းချက်တွေဟာ ဘယ်ပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ခဲ့ကြသလဲဆိုရင် ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကို မူတည်ပြီးသုံးသပ်ခဲ့ကြတယ်လို့ ပြောရမှာပါ။ နိုင်ငံရေးအခြေအနေတွေဆိုတာက တိုင်းရင်း သားပါတီတွေအနေနဲ့ ၂၀၁၅ လိုမဟုတ်ဘဲ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွေ စုပေါင်းပြီး တစ်ပါတီထဲအဖြစ် ရပ်တည်လာတာ၊ ဒီလိုရပ်တည်လာတာကို ဒေသခံလူထုကလည်း ထောက်ခံကြိုဆိုမှု များပြားလာတာ၊ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပြည်နယ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒေသခံလူထုနဲ့ အာဏာရပါတီတို့ကြားက လွန်ဆွဲမှုဖြစ်ရပ်တွေ ( ဥပမာ- မွန်ပြည်နယ် ချောင်းဆုံတံတားကိစ္စမျိုး၊ ကယားပြည်နယ် ဗိုလ်ချုပ်ရုပ်ထုကိစ္စမျိုး)ရဲ့ အကျိုးသက်ရောက်မှု၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို ပိုမိုတက်ကြွလှုပ် ရှားလာကြတာတွေ စတဲ့ ကိစ္စရပ်တွေအပေါ် အခြေခံပြီး သုံးသပ်ခဲ့ကြာတ ဖြစ်ပါတယ်။
အဲဒီလို သုံးသပ်ချက်တွေပေါ်မူတည်ပြီးတော့လည်း ၂၀၂၀ လာမယ့် ငါးနှစ်တာကာလမှာ လက်ရှိအာဏာရပါတီအနေနဲ့ ပြည်ထောင်စု အဆင့် အစိုးရဖွဲ့စည်းနိုင်ဖို့ အခက်အခဲရှိနိုင်ပြီး တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ရနိုင်တယ်လို့တောင် သုံးသပ်ချက်တွေ ရှိခဲ့ကြပါတယ်။ ဒီ့အတွက်လည်း အဲဒီကာလတွေကတည်းက အာဏာရပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားဖို့ကို တောင် တိုက်တွန်းခဲ့ကြတာတွေ ရှိပါတယ်။
ဒါပေမယ့် ဒီသုံးသပ်ချက်တွေဟာ အခု ၂၀၂၀ ရွေးကောက်ပွဲပြီးလို့ ရလဒ်တွေ ထွက်ပေါ်လာတဲ့ အခါမှာတော့ လွဲချော်ခဲ့ကြရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ မဲရလဒ်တွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ နေရာအများစုအနိုင်ရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒီအထဲမှာ တိုင်းလုံးကျွတ်မဲဆန္ဒနယ်အားလုံး အနိုင်ရရှိတဲ့ တိုင်းဒေသကြီး လေးတိုင်းတောင် ပါဝင်ပါသေးတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တိုင်းဒေသကြီလွှတ်တော်မဲဆန္ဒနယ်နေရာ (၉၀) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၄၈) နေရာ အနိုင်ရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုကိုးကျွန်းမဲဆန္ဒနယ် (၁)နဲ့ (၂) နှစ်နေရာသာ အနိုင်ရရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄၅)နေရာမှာဆိုရင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၄၄) နေရာ အနိုင်ရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုကိုးကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်နေရာသာ အနိုင်ရရှိ ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၂) နေရာလုံးမှာ အနိုင်ရရှိပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ကြည့်မယ်ဆိုရင် မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၀၄)နေရာနဲ့ အများဆုံး အနိုင်ရရှိတာကို တွေ့ရမှာပါ။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး လေးခုမှာတော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကပဲ တိုင်းလုံးကျွတ်အနိုင်ရရှိပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာတော့ တိုင်းဒေသကြီးမဲဆန္ဒနယ် (၅၆) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့က နေရာအားလုံးကို အနိုင်ရရှိပါ တယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၆) နေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၃၅) နေရာ အနိုင်ရရှိပြီး၊ နေပြည်တော် ဇေယျာသီရိပြည်သူ့လွှတ်တော်နေရာ တစ်နေရာမှာသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက အနိုင်ရရှိ တာပါ။ အမျိုးသားလွှတ်တော်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၂) နေရာလုံး အနိုင်ရရှိပါတယ်။ ဒါကြောင့် မန္တလေး တိုင်းဒေသ ကြီးအနေကြည့်မယ်ဆိုရင် မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့က တစ်နေရာကလွဲလို့ ကျန်နေရာအားလုံးမှာ အနိုင်ရရှိတာကို တွေ့ရမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ဆိုရင်တော့ တိုင်းဒေသကြီးမဲဆန္ဒနယ် (၇၄) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၇၂) နေရာ အနိုင်ရရှိပြီး ကလေးဝမဲဆန္ဒနယ် အမှတ် (၂) နဲ့ လဟယ်မဲဆန္ဒနယ် အမှတ် (၁) တို့မှာသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က အနိုင်ရရှိတာပါ။
ဒါက တိုင်းဒေသကြီးမဲဆန္ဒနယ်တွေရဲ့ အခြေအနေဖြစ်ပါတယ်။
ပြည်နယ်တွေမှာဆိုရင်လည်း ရှမ်းပြည်နယ်မှာဆိုရင်လည်း ပြည်နယ်မဲဆန္ဒနယ် (၉၈)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ (၃၀)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က (၂၆) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၂၄) နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က (၇) နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီက (၇) နေရာ၊ ဝ အမျိုးသားပါတီက (၂) နေရာ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီက (၁) နေရာ၊ တစ်သီးပုဂ္ဂလ (၁) နေရာ စသည်ဖြင့် အနိုင်ရရှိတာကိုတွေ့ရမှာပါ။ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွေကို ကြည့်မယ်ဆိုရင်တော့ နေရာ (၄၉) နေရာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေဂနှင့် ဖွံ့ဖြိုးရေးပါတီက (၁၅) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၄) နေရာနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၁၃) နေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်နဲ့ တအာင်း(ပလောင်)အမျိုးသားပါတီတို့က (၃) နေရာစီ၊ ဝ အမျိုးသားပါတီက (၁)နေရာ အနိုင်ရရှိပါတယ်။အမျိုးသား လွှတ်တော်မဲဆန္ဒနယ် (၁၂) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၄) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၃) နေရာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က (၂ )နေရာ၊ တအာင်း(ပလောင်)အမျိုးသားပါတီက (၂) နေရာ၊ ပအိုဝ်းအမျိုသား အဖွဲ့ချုပ်က (၁) နေရာ အနိုင်ရရှိပါတယ်။ ဒီတော့ ရှမ်းပြည်နယ်မဲဆန္ဒနယ်အားလုံးကို လွှမ်းခြုံကြည့်မယ်ဆိုရင်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ နေရာအများဆုံး အနိုင်ရရှိတာကို တွေ့ရမှာပါ။
ထိုနည်းတူ ကချင်ပြည်နယ်မှာလည်း ပြည်နယ်မဲဆန္ဒနယ် (၃၆) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၄) နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီတို့က (၂) နေရာစီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ဒီမိုကရေစီပါတီသစ်(ကချင်ပြည်နယ်)တို့က (၁) နေရာစီ၊ တစ်သီးပုဂ္ဂလ တစ်နေရာ စသည်ဖြင့် အနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၈) နေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၂) နေရာ အနိုင်ရရှိပြီး၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၅) နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက (၁) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) နေရာမှာ ဆိုရင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၀) နေရာ အနိုင်ရရှိပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က (၁) နေရာ၊ ဒီမိုကရေစီပါတီသစ်(ကချင်ပြည်နယ်)က (၁) နေရာ ရရှိပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာဆိုရင်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိတာကို တွေ့ရမှာပါ။
ကရင်ပြည်နယ်မှာတော့ ပြည်နယ်မဲဆန္ဒနယ် (၁၄) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၁)နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက (၂) နေရာ၊ ကရင်ပြည်သူ့ပါတီက (၁) နေရာ အနိုင်ရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် (၇) နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က (၆) နေရာ အနိုင်ရရှိပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၁) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော် (၁၂) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၁) နေရာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၁) နေရာ အနိုင်ရရှိပါတယ်။
ကရင်ပြည်နယ်မှာလည်း မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၈) နေရာနဲ့ အများ ဆုံး အနိုင်ရရှိတာကို တွေ့ရမှာပါ။
ကယားပြည်နယ်အနေနဲ့တော့ ပြည်နယ်မဲဆန္ဒနယ် (၁၄) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈) နေရာ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က (၃) နေရာစီအနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ် (၇) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၄) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၁) နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက (၂) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော် (၁၂) နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၇) နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက (၃)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၂) နေရာ အနိုင်ရရှိပါတယ်။ ဒါကြောင့် ကယားပြည်နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ နေရာအများဆုံးအနိုင်ရရှိပါတယ်။
မွန်ပြည်နယ်မှာဆိုရင် ပြည်နယ်မဲဆန္ဒနယ် နေရာ (၂၀) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၄) နေရာ၊ မွန်ညီညွတ်ရေးပါတီက (၆) နေရာ အနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈)နေရာ၊ မွန်ညီညွတ် ရေးပါတီက (၂) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော် (၁၂) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၉) နေရာ၊ မွန်ညီ ညွတ်ရေးပါတီက (၃) နေရာ အနိုင်ရရှိပါတယ်။ မွန်ပြည်နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ နေရာအများဆုံး အနိုင်ရရှိပါတယ်။
ချင်းပြည်နယ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြည်နယ်မဲဆန္ဒနယ် (၁၈) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၆) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချင်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့က (၁) နေရာစီ အနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က (၁) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော် (၁၂) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးမှာ အနိုင်ရရှိပါတယ်။ ဒါကြောင့် ချင်းပြည်နယ် မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးအနိုင်ရရှိတာကို တွေ့ရမှာပါ။
ဒီပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်က ထူးထူးခြားခြားပါ။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နှစ်ပြည်နယ်မှာ ရခိုင်က (၉) မြို့နယ်နဲ့ ရှမ်းက (၆) မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပါဘူး။ ရွေးကောက်ပွဲကျင်းပဖြစ်တဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေ အားလုံးမှာ ရခိုင်အမျိုးသားပါတီက နေရာအများဆုံး အနိုင်ရရှိပါတယ်။ မဲဆန္ဒနယ် အလိုက်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပ ဖြစ်တဲ့ ပြည်နယ်မဲဆန္ဒနယ် (၁၄) နေရာမှာ ရခိုင်အမျိုးသားပါတီက (၇) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၄) နေရာနဲ့ ရခိုင့်ဦးဆောင်ပါတီက (၂) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၁) နေရာ အနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၈) နေရာမှာ ရခိုင်အမျိုးသားပါတီက (၄) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂) နေရာ၊ ရခိုင့်ဦးဆောင်ပါတီက (၁) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၁) နေရာ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော် မှာတော့ ရခိုင်ပြည်နယ်မှာ (၅) နေရာပဲ ကျင်းပနိုင်ပြီး ရခိုင်အမျိုးသားပါတီက (၄) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁) နေရာ အနိုင်ရရှိတာကို တွေ့ရမှာပါ။
ဒါဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မဲဆန္ဒနယ် အသီးသီးမှာ အနိုင်ရရှိမှုအ‌ခြေအနေတွေ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်တွေကို ကြည့်ရင် ပြည်နယ်တွေထဲက အချို့သောပြည်နယ်တွေမှာ အနိုင်ရရှိမှု များပြားလိမ့်မယ် ခန့်မှန်း ထားခဲ့ ကြတဲ့ တိုင်းရင်းသားပါတီတွေတောင် မဲဆန္ဒနယ် အနည်းငယ်ပဲ အနိုင်ရရှိတာကို ထူးခြားစွာတွေ့ ရှိရမှာပါ။ ဒါ့အပြင် အခြား ထူးခြား ချက်တစ်ရပ်လည်း ရှိပါသေးတယ်။ ပြည်နယ်အလိုက်မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံး လွှမ်းခြုံပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ နှစ်ပါတီပဲ မဲဆန္ဒနယ်တွေမှာ တွေ့ရမှာ ဖြစ်ပြီးတော့ ကျန်ပါတီတွေဟာ နေရာ တစ်နေရာမှ အနိုင်ရရှိမှု မရှိတာကို တွေ့ရမှာပါ။ အထူးသဖြင့် လူပြောများခဲ့ကြတဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လို ပါတီသစ်တွေဟာလည်း အခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။
ဒါတွေဟာ ရွေးကောက်ပွဲအကြိုသုံးသပ်ခန့်မှန်းချက်တွေကို လွဲချော်စေခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲရလဒ်အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို လွဲချော်ခဲ့ကြရတယ်ဆိုတာကိုတော့ ထပ်မံပြီး တင်ပြပေးသွားဖို့ ရှိနေပါသေးတယ် ခင်ဗျာ။
အံ့ခေါင်မင်း(EPN)


Share this post