• Follow Us on
Latest News

Home သူရဦးရွေမန်း၏ယာဉ်မောင်းဖြစ်သူမှ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲ ထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းနှင့် ဘူးလတ်လှဆွေတို့ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နှင့် အမှု ဖွင့်ထားသော်လည်း ပြစ်မှုမမြောက်၍ တရားစွဲရန်မရှိဟုဆို


Share this post

ရန်ကုန်၊ အောက်တိုဘာ – ၁၆




(unicode)
သူရဦးရွေမန်း၏ယာဉ်မောင်းဖြစ်သူမှ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲ ထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းနှင့် ဘူးလတ်လှဆွေတို့ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နှင့် အမှု ဖွင့်ထားသော်လည်း ပြစ်မှုမမြောက်၍ တရားစွဲရန်မရှိဟုဆို
…………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁၆

သူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူမှာ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲ ထဋ်၊ ဦးဘိုဘိုကျော်ငြိမ်းနှင့် ဘူးလတ်လှ ဆွေတို့ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နှင့် အမှုဖွင့်ထားသော်လည်း ပြစ်မှုမမြောက်၍ တရားစွဲရန်မရှိ ကြောင်း ပတ္တာနယ်မြေစခန်းမှ တာဝန်ရှိသူကဆိုသည်။

“အားလုံးစစ်ဆေးပြီးချိန်မှာ ဥပဒေအကြံပေးတောင်းခံခဲ့တယ်။ တောင်းခံ တဲ့အခါ နိုင်လွတ်လုံ ပုဒ်မ ၁၀ မမြောက်ဘူး။ မမြောက်လို့ တရားမစွဲတော့ ဘူး”ဟု ပတ္တာနယ်မြေ စခန်းမှ တာဝန်ရှိသူက ဆိုသည်။

People Media မှ သူရဦးရွေမန်းပါတီထောင်သည့်ကိစ္စရပ်နှင့် ပတ်သက် ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်း (မြန်မာနိုင်ငံ ရေးလေ့လာသုံးသပ်သူ)နှင့် ဘူးလတ်လှဆွေတို့ကို တွေ့ဆုံမေးမြန်းခဲ့ သည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှု၌ ပါဝင်သည့် အကြောင်းအရာတို့ကို ကောက်နုတ်၍ သူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူမှ နိုင်လွတ်လုံး ပုဒ်မ ၁၀ ဖြင့် ပတ္တာနယ်မြေစခန်း၌ ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းနှင့် ဘူးလတ် လှဆွေတို့ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။


Share this post