• Follow Us on

Home သူရဦးရွှေမန်းကို ဦးရဲထွဋ် ဘယ်အချိန်ကျေးဇူးဆပ်မှာလဲ

သူရဦးရွှေမန်းကို ဦးရဲထွဋ် ဘယ်အချိန်ကျေးဇူးဆပ်မှာလဲ

Share this post

“ဦးရွှေမန်းရဲ့ နိုင်ငံရေးသြဇာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်အောက်မှာ ခိုနေ သလောက်တော့ မရှိတော့ဘူးလို့မြင်တယ်” ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)

“သူရဦးရွှေမန်းက ကျွန်တော့်အပေါ်မှာ မြင်ဆရာဖြစ်ခဲ့တယ်၊ သင်ဆရာဖြစ်ခဲ့တယ်။ ကျွန်တော့်ကို ပြန်ကြားရေးဝန်ကြီးဌာနကို ပို့ပေးခဲ့တဲ့ကျေးဇူးရှိတယ်။ ဦးရွှေမန်းနိုင်ငံရေး မလုပ်တော့တဲ့အချိန် အငြိမ်းစားယူတဲ့အချိန်ကျရင် ကျွန်တော့်အဲ့ကျေးဇူးတွေကို ပြန်ဆပ် မယ်” ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)

ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းသည် တပ်မတော်အစိုးရလက်ထက်၌ အဆင့်(၃)နေ ရာ၌ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး USDP ပါတီ၏ ယာယီဥက္ကဌအဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်၌ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ကော်မရှင်ကို NLD ပါတီ လွှတ်တော်ကိုယ်စား လှယ်များက ၎င်းတို့၏ ဆန္ဒမဲဖြင့် ဖယ်ရှားထားပြီးဖြစ်ပါတယ်။

ထို့အတူ သူရဦးရွှေမန်း ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ထိုသို့ သူရဦးရွှေမန်း၏ နိုင်ငံရေးအတက်အကျများကို သူရဦးရွှေမန်းနှင့် ဆရာ တပည့်ဖြစ်ခဲ့သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် လူထုမီဒီယာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

#လူထုမီဒီယာ #ဦးရဲထွဋ်

အပိုင်း(၁) ဆက်လက်ဖော်ပြမည်


Share this post
https://www.facebook.com/303185163868226/videos/270633263845952/