• Follow Us on
Latest News

Home သူရဦးေရႊမန္းႏွင့္ NDF ပါတီအမတ္ေဟာင္း ဦးခုိင္ေမာင္ရီတုိ႔ လမ္းခြဲ လုိက္ၾကၿပီ

သူရဦးေရႊမန္းႏွင့္ NDF ပါတီအမတ္ေဟာင္း ဦးခုိင္ေမာင္ရီတုိ႔ လမ္းခြဲ လုိက္ၾကၿပီ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၁၄

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီဥကၠ႒ သူရဦးေရြမန္းႏွင့္ NDF ပါတီအမတ္ေဟာင္း ဦးခုိင္ေမာင္ရီတုိ႔ လမ္းခြဲလုိက္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ ထိပ္ပုိင္းေခါင္းေဆာင္အခ်ဳိ႕က ေျပာပါတယ္။

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ တည္ေထာင္စဥ္ကာလ၌ NDF ပါတီအမတ္ေဟာင္း ဦးခုိင္ေမာင္ရီသည္ မိခင္ပါတီမွ ႏႈတ္ထြက္ခဲ့ၿပီး ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီတည္ေတာင္သူအျဖစ္ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ဦးခုိင္ေမာင္ရီသည္ ၿပီးခဲ့သည့္ ေရြးေကာက္ပြဲ၌ NDF ပါတီကုိယ္စားလွယ္အျဖစ္ အလုံမဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္အႏုိင္ ရခဲ့ျပီး လႊတ္ေတာ္၌ ျပည္သူ႔အေရးမ်ားကုိ ေဆာင္ရြက္ခဲ့သူလည္း ျဖစ္ပါတယ္။

ဇူလုိင္(၁၄)ရက္ေန႕၌ People Media က ၂၀၂၀ ေရြးေကာက္ပြဲ၌ ျပည္ေထာင္စုေကာင္းက်ဳိူးေဆာင္ပါတီမွ ကုိယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ရွိ-မရွိ အေပၚ ဦးခုိင္ေမာင္ရီထံဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

“ေလာေလာဆယ္ေတာ့ ဘယ္ပါတီကမွ မဝင္ဘူးလုိ႔ေတာ့ ဆုံးျဖတ္ထားတာေပါ့ေနာ္။ ဘယ္ပါတီကမွ မဝင္ဘူးလုိ႔ေတာ့ ဆုံးျဖတ္ထားတယ္”လုိ႔ ဦးခုိင္ေမာင္ရီက ေျပာပါတယ္။

လာမည့္ေရြးေကာက္ပြဲ၌ ယွဥ္ၿပိဳင္မည့္ ကုိယ္စားလွယ္မ်ားကုိ ေစာင့္ၾကည့္လ်က္ရွိၿပီး ၎အေနျဖင့္ ျပည္ေထာင္စုေကာင္းက်ိဳး ေဆာင္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္မရွိေၾကာင္း ဦးခုိင္ေမာင္ရီက ဆုိပါတယ္။

လာမည့္ ေရြးေကာက္ပြဲ၌ ျပည္ေထာင္စုေကာင္းက်ဴိးေဆာင္ပါတီသည္ တုိင္းေဒသႀကီး/ျပည္နယ္မ်ား၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္လ်က္ရွိသည္။

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီတည္ေထာင္စဥ္၌ ဦးခုိင္ေမာင္ရီသည္ စည္းရုံးေရးမွဴး၊ တုိင္းတာဝန္ခံ၊ ဗဟုိႏုိင္ငံေရး အႀကံေပးအျဖစ္ ထမ္းေဆာင္ခဲ့ပါတယ္။

ဦးခုိင္ေမာင္ရီသည္ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ တည္ေထာင္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပသည့္ (၁၉)ဦးစာရင္း၌ ၎၏ အမည္မပါဝင္ေသာ္လည္း ပါတီျဖစ္ေျမာက္ေရး၌ အဓိကအခန္းက႑မွ ပါဝင္ခဲ့သူျဖစ္ပါ တယ္။

လက္ရွိအခ်ိန္၌ သူရဦးေရြမန္းႏွင့္ ဦးခုိင္ေမာင္ရီတုိ႔ ႏုိင္ငံေရးအရ လမ္းခြဲလုိက္သည့္ သတင္းမ်ားအေပၚ ထပ္မံအတည္ျပဳႏုိင္ရန္ PeopleM edia မွ ရန္ကုန္တုိင္းေဒသႀကီးျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ တုိင္းတာဝန္ခံ ဦးတင္ေမာင္ဦးကုိ ဆက္သြယ္ ေမးျမန္းခဲ့ပါတယ္။

၎အေနျဖင့္ မသိရွိေၾကာင္း၊ ဗဟုိကုိ ေမးျမန္းရန္ ဦးတင္ေမာင္ဦးက ေျပာပါတယ္။

ထုိ႔ေၾကာင့္ ဆက္လက္ၿပီး ရန္ကုန္တုိင္း ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ၏ ပါတီထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးကုိ People Media က ဆက္လက္အတည္ျပဳခ်က္ရယူရာတြင္ “ရန္ကုန္တုိင္း႐ုံးမွာ ပထမ ဦးခုိင္ေမာင္ရီရဲ႕ အခန္းရွိတယ္။ အခုေတာ့ မေတြ႕ ေတာ့ဘူး”လုိ ေျပာပါတယ္။

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ တည္ေဆာင္စဥ္ကာလ၌ ဦးခုိင္ေမာင္ရီသည္ ပါတီဥကၠ႒ သူရဦးေရႊမန္း၏ အားကုိးသူတစ္ ေယာက္ျဖစ္ခဲ့ၿပီး ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားကုိ တက္ၾကြစြာ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Photo – credit

#PeopleMedia #UBP #NDF #ဦးခုိင္ေမာင္ရီ

(unicode)
သူရဦးရွှေမန်းနှင့် NDF ပါတီအမတ်ဟောင်း ဦးခိုင်မောင်ရီတို့ လမ်းခွဲ လိုက်ကြပြီ
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၄

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွေမန်းနှင့် NDF ပါတီအမတ်ဟောင်း ဦးခိုင်မောင်ရီတို့ လမ်းခွဲလိုက်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်စဉ်ကာလ၌ NDF ပါတီအမတ်ဟောင်း ဦးခိုင်မောင်ရီသည် မိခင်ပါတီမှ နှုတ်ထွက်ခဲ့ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတည်တောင်သူအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဦးခိုင်မောင်ရီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားလှယ်အဖြစ် အလုံမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင် ရခဲ့ပြီး လွှတ်တော်၌ ပြည်သူ့အရေးများကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဇူလိုင်(၁၄)ရက်နေ့၌ People Media က ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကောင်းကျိုူးဆောင်ပါတီမှ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ-မရှိ အပေါ် ဦးခိုင်မောင်ရီထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“လောလောဆယ်တော့ ဘယ်ပါတီကမှ မဝင်ဘူးလို့တော့ ဆုံးဖြတ်ထားတာပေါ့နော်။ ဘယ်ပါတီကမှ မဝင်ဘူးလို့တော့ ဆုံးဖြတ်ထားတယ်”လို့ ဦးခိုင်မောင်ရီက ပြောပါတယ်။

လာမည့်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို စောင့်ကြည့်လျက်ရှိပြီး ၎င်းအနေဖြင့် ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်မရှိကြောင်း ဦးခိုင်မောင်ရီက ဆိုပါတယ်။

လာမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုကောင်းကျူိးဆောင်ပါတီသည် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတည်ထောင်စဉ်၌ ဦးခိုင်မောင်ရီသည် စည်းရုံးရေးမှူး၊ တိုင်းတာဝန်ခံ၊ ဗဟိုနိုင်ငံရေး အကြံပေးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

ဦးခိုင်မောင်ရီသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသည့် (၁၉)ဦးစာရင်း၌ ၎င်း၏ အမည်မပါဝင်သော်လည်း ပါတီဖြစ်မြောက်ရေး၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါ တယ်။

လက်ရှိအချိန်၌ သူရဦးရွေမန်းနှင့် ဦးခိုင်မောင်ရီတို့ နိုင်ငံရေးအရ လမ်းခွဲလိုက်သည့် သတင်းများအပေါ် ထပ်မံအတည်ပြုနိုင်ရန် PeopleM edia မှ ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းတာဝန်ခံ ဦးတင်မောင်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

၎င်းအနေဖြင့် မသိရှိကြောင်း၊ ဗဟိုကို မေးမြန်းရန် ဦးတင်မောင်ဦးက ပြောပါတယ်။

ထို့ကြောင့် ဆက်လက်ပြီး ရန်ကုန်တိုင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို People Media က ဆက်လက်အတည်ပြုချက်ရယူရာတွင် “ရန်ကုန်တိုင်းရုံးမှာ ပထမ ဦးခိုင်မောင်ရီရဲ့ အခန်းရှိတယ်။ အခုတော့ မတွေ့ တော့ဘူး”လို ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင် တည်ဆောင်စဉ်ကာလ၌ ဦးခိုင်မောင်ရီသည် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အားကိုးသူတစ် ယောက်ဖြစ်ခဲ့ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများကို တက်ကြွစွာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Photo – credit

#PeopleMedia #UBP #NDF #ဦးခိုင်မောင်ရီ


Share this post