• Follow Us on

Home သူလၽွိုလုပ္တယ္လို့ဆိုၿပီး ပါကစၥတန္သံအရာရွိကို အိႏၵိယႏွင္ထုတ္

သူလၽွိုလုပ္တယ္လို့ဆိုၿပီး ပါကစၥတန္သံအရာရွိကို အိႏၵိယႏွင္ထုတ္

Share this post

နယူးေဒလီ၊ ဇြန္ ၁

သူလၽွိုေထာက္လွမ္းေရးလွုပ္ရွားမွုေတြမွာပါဝင္တယ္လို႔ဆိုၿပီး အိႏၵိယနိုင္ငံ၊ နယူးေဒလီၿမိဳ့မွာအလုပ္လုပ္ေနတဲ့ပါကစၥတန္ အရာရွိ ၂ ေယာက္ကို ၂၄ နာရီအတြင္း နိုင္ငံကေနထြက္ သြားဖို႔ အိႏၵိယနိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာပါတယ္။

ပါကစၥတန္အဆင့္ျမင့္ေကာ္မရွင္လို႔လည္းသိၾကတဲ့ နယူးေဒလီက ပါကစၥတန္သံ႐ုံးမွာ အဲဒီလူ ၂ ေယာက္အလုပ္လုပ္ၾကတယ္လို့ အိႏၵိယနိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာတာပါ။
အိႏၵိယနယ္ေျမကေနထြက္ၿပီး ပါကစၥတန္နိုင္ငံထဲျပန္ဖို့ သူတို့ကို ၂၄ နာရီအခ်ိန္ေပးထားေၾကာင္းလည္း ေျပာပါတယ္။
တစ္ေယာက္က သံ႐ုံးမွာ ေနထိုင္ခြင့္ထုတ္ေပးေရးလက္ေထာက္ဝန္ထမ္းအေနနဲ႔ လုပ္ကိုင္ၿပီး အသြင္ယူထားတယ္လို့ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး အိႏၵိယမီဒီယာေတြကေဖာ္ျပပါတယ္။

ႏွင္ထုတ္ခံရသူႏွစ္ေယာက္ဟာ ပါကစၥတန္လၽွို့ဝွက္ေထာက္လွမ္းေရးေတြအတြက္ ေထာက္လွမ္းေရးသတင္းအခ်က္အလက္စုေဆာင္းေရးကၽြမ္းက်င္သူေတြလို႔လည္း ေျပာပါတယ္။

အိႏၵိယစစ္ေရးနဲ႔ ရထားလမ္းဆိုင္ရာအခ်က္အလက္ေတြကိုရယူေဖာ္ထုတ္ဖို့ႀကိဳးစားတဲ့အေနနဲ႔ နယူးေဒလီမွာ သတင္းရင္းျမစ္တစ္ေယာက္နဲ႔ေတြ႕ဆုံေနတုန္း သူတို့ႏွစ္ေယာက္ကို ဖမ္းမိခဲ့တာပါ။

သံဝန္ထမ္းေတြကို ဖမ္းဆီးႏွိပ္စက္ထားတယ္လို႔ဆိုၿပီး ပါကစၥတန္နိုင္ငံျခားေရးဝန္ႀကီးဌာနက အိႏၵိယကိုအျပစ္တင္ထားပါတယ္။

ဒီဖမ္းဆီးမွုဟာ ေရရွည္ပါကစၥတန္ဆန္႔က်င္ေရးစည္း႐ုံးလွုံ႔ေဆာ္မွုရဲ့တစိတ္တပိုင္းျဖစ္တဲ့ ႀကိဳတင္ႀကံစည္ထားတဲ့မီဒီယာစည္း႐ုံးလွုံ႔ေဆာ္ေရးလုပ္ရပ္တစ္ခုအေနနဲ႔ အခုလိုဖမ္းဆီးခဲ့တာလို့လည္း ဝန္ႀကီးဌာနကျဖည့္စြက္ေျပာဆိုပါတယ္။

Ref : India expels Pakistani embassy officials over ‘SPYING’

#PeopleMedia

(unicode)
သူလျှိုလုပ်တယ်လို့ဆိုပြီး ပါကစ္စတန်သံအရာရှိကို အိန္ဒိယနှင်ထုတ်
………………………………………………..

နယူးဒေလီ၊ ဇွန် ၁

သူလျှိုထောက်လှမ်းရေးလှုပ်ရှားမှုတွေမှာပါဝင်တယ်လို့ဆိုပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာအလုပ်လုပ်နေတဲ့ပါကစ္စတန် အရာရှိ ၂ ယောက်ကို ၂၄ နာရီအတွင်း နိုင်ငံကနေထွက် သွားဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

ပါကစ္စတန်အဆင့်မြင့်ကော်မရှင်လို့လည်းသိကြတဲ့ နယူးဒေလီက ပါကစ္စတန်သံရုံးမှာ အဲဒီလူ ၂ ယောက်အလုပ်လုပ်ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောတာပါ။
အိန္ဒိယနယ်မြေကနေထွက်ပြီး ပါကစ္စတန်နိုင်ငံထဲပြန်ဖို့ သူတို့ကို ၂၄ နာရီအချိန်ပေးထားကြောင်းလည်း ပြောပါတယ်။
တစ်ယောက်က သံရုံးမှာ နေထိုင်ခွင့်ထုတ်ပေးရေးလက်ထောက်ဝန်ထမ်းအနေနဲ့ လုပ်ကိုင်ပြီး အသွင်ယူထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေကဖော်ပြပါတယ်။

နှင်ထုတ်ခံရသူနှစ်ယောက်ဟာ ပါကစ္စတန်လျှို့ဝှက်ထောက်လှမ်းရေးတွေအတွက် ထောက်လှမ်းရေးသတင်းအချက်အလက်စုဆောင်းရေးကျွမ်းကျင်သူတွေလို့လည်း ပြောပါတယ်။

အိန္ဒိယစစ်ရေးနဲ့ ရထားလမ်းဆိုင်ရာအချက်အလက်တွေကိုရယူဖော်ထုတ်ဖို့ကြိုးစားတဲ့အနေနဲ့ နယူးဒေလီမှာ သတင်းရင်းမြစ်တစ်ယောက်နဲ့တွေ့ဆုံနေတုန်း သူတို့နှစ်ယောက်ကို ဖမ်းမိခဲ့တာပါ။

သံဝန်ထမ်းတွေကို ဖမ်းဆီးနှိပ်စက်ထားတယ်လို့ဆိုပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယကိုအပြစ်တင်ထားပါတယ်။

ဒီဖမ်းဆီးမှုဟာ ရေရှည်ပါကစ္စတန်ဆန့်ကျင်ရေးစည်းရုံးလှုံ့ဆော်မှုရဲ့တစိတ်တပိုင်းဖြစ်တဲ့ ကြိုတင်ကြံစည်ထားတဲ့မီဒီယာစည်းရုံးလှုံ့ဆော်ရေးလုပ်ရပ်တစ်ခုအနေနဲ့ အခုလိုဖမ်းဆီးခဲ့တာလို့လည်း ဝန်ကြီးဌာနကဖြည့်စွက်ပြောဆိုပါတယ်။

Ref : India expels Pakistani embassy officials over ‘SPYING’

#PeopleMedia


Share this post