• Follow Us on

Home သဘောထားကွဲလွဲမှုများကို ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းကြရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို တရုတ်နိုင်ငံ တိုက်တွန်း

သဘောထားကွဲလွဲမှုများကို ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းကြရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို တရုတ်နိုင်ငံ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ မတ် – ၁ (People Media)

 

သဘောထားကွဲလွဲမှုများကို ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းကြရန် တရုတ်သံတမန်တစ်ဦးက မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအားလုံးကို ယမန်နေ့က တိုက်တွန်းခဲ့သည်။

 

“မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးက တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် အခြေခံကျကျဆောင်ရွက်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူဘောင်အတွင်းကနေ သဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုရှိရေး ထိန်းသိမ်းကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျောင်ဂျန်က မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ကုလ သမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးသို့ ပြောကြားခဲ့သည်။

 

ထို့အပြင် ဖြစ်ပွားခဲ့သော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီး ပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန် သူက တိုက်တွန်းခဲ့သည်။

 

လက်ရှိအခြေအနေများအရ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သည်းခံမှုကျင့်သုံးသင့်ပြီး တင်းမာမှုများ အရှိန် မမြင့်စေရေး ရှောင်ရှားကြရန်နှင့် သွေးထွက်သံယိုမှု ရှောင်ရှားနိုင်ရန် အကြမ်းဖက်မှုမလုပ်ဆောင်ရန် လိုအပ်ဟု ကျောင်ဂျန်က ပြောသည်။

 

တင်းမာမှုအခြေအနေ လျှော့ချရန်နှင့် စောလျင်စွာ နဂိုအခြေအနေပြန်လည်ရောက်ရှိရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် တရုတ်နိုင်ငံက ချိတ်ဆက်၍ ဆက်သွယ်နေကြောင်း သူက ဆိုသည်။

 

ကိုးကား – စီဂျီတီအန်

Ref; Chinese envoy urges all parties in Myanmar to handle differences through dialogue

 

#PeopleMedia

 

(unicode)

………………………………………………………







Ref; Chinese envoy urges all parties in Myanmar to handle differences through dialogue

#PeopleMedia


Share this post