• Follow Us on

Home သံဃာတု အတုအေယာင္မ်ား ရန္ကုန္တုိင္းအစုိးရမွ ရွင္းလင္းရန္ လုိအပ္ လာ

သံဃာတု အတုအေယာင္မ်ား ရန္ကုန္တုိင္းအစုိးရမွ ရွင္းလင္းရန္ လုိအပ္ လာ

Share this post

သံဃာအတုအေယာင္ပုဂၢိဳလ္မ်ားသည္ အမ်ားျပည္သူ အပန္းေျဖသည့္ ပန္းၿခံမ်ား၊ တိရိစာၦန္ဥယ်ာဥ္မ်ား အပါအဝင္ ကားမွတ္တုိင္မ်ား၌ အေၾကာင္းအမ်ဳိးမ်ဳိးျပ၍ အလွဴခံသည့္အေပၚ တုိင္းအစုိးရအဖြဲ႔မွ စီမံ ခ်က္ခ်ၿပီး ရွင္းလင္းရန္ လုိအပ္ေၾကာင္း ရန္ကုန္ျပည္သူမ်ားက ေျပာဆုိ လွ်က္ရွိသည္။

အခ်ဳိ႕ေသာ သံဃာအတုအေယာင္ မ်ားသည္ဖိနပ္ပ်က္၍ အလွဴခံျခင္း၊ ဆြမ္းဖုိးအလွဴခံျခင္း၊ ခရီးစရိတ္အလွဴခံျခင္းအပါအဝင္ အျခားေသာ အေၾကာင္းအမ်ဳိးမ်ဳိးျပ၍ အလွဴခံလွ်က္ရွိသည္။

“လွည္းတန္းမွာဆုိရင္ ဘုန္းႀကီးသုံးပါးနဲ႔ လူတစ္ေယာက္ လက္ေမာင္း မွာလည္း တက္တူးအျပည့္နဲ႔။ ၿပီးေတာ့ ေန႔ ဆြမ္းမစားရေသးလုိ႔ အလွဴခံ တာ လွဴေပးပါဆုိၿပီးလာေျပာတယ္။ ပထမေတာ့ လွဴလုိက္တယ္။ ဒီလုိပဲ ေနာက္အပတ္ သင္တန္းသြားတက္ေတာ့ ဒီသံဃာေတြပဲ ထပ္ေတြ႕ တယ္။ ဒီလုိ အတုအေယာင္ေတြကုိ အစုိးရက မရွင္းလင္းရင္ သာသနာအတြက္ အရမ္းကုိ ထိခုိက္ရတယ္”ဟု ကုိယ္တုိင္ႀကဳံေတြ႔ ခဲ့သည့္ အမ်ဳိးသမီးငယ္တစ္ဦးက ဆုိသည္။

အလားတူ သံဃာအတုအေယာင္မ်ားသည္ ရပ္ကြက္အတြင္းရွိ ေနအိမ္ မ်ားသုိ႔ ေရာက္ရွိလာၿပီး ဖိနပ္ပ်က္၍ အလွဴေငြ ဝင္ေရာက္ခံျခင္းမ်ားႏွင့္ ဆြမ္းမစားရ၍ အလွဴခံျခင္းမ်ားရွိေၾကာင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ ပုသိမ္ညႊန္႔ရပ္ကြက္ရွိ ျပည္သူအခ်ဳိ႕က ဆုိသည္။

“ပထမအႀကိမ္က ဖိနပ္ပ်က္လုိ႔ လမ္းထဲမွာေတြ႔လုိက္တယ္။ ေနာက္ေတာ့ အိမ္ေရွ႕အထိ ဆြမ္းမစားရေသးလုိ႔ အလွဴလာခံတယ္”ဟု ေျပာသည္။

အလားတူ သံဃာအတုအေယာင္မ်ားသည္ YBS ယာဥ္လုိင္းမ်ားေပၚ တြင္ တက္ေရာက္အလွဴခံလွ်က္ရွိၿပီး အစုိးရမွ ၎တုိ႔ကုိ ရွင္းလင္းရန္ လုိအပ္ေၾကာင္း ျပည္သူမ်ားက ဆုိသည္။ သံဃာအတုအေယာင္မ်ားကုိ ရွင္းလင္း သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔လူမႈ ေရးဝန္ႀကီး ဦးႏုိင္လင္းမွ မီဒီယာမ်ားကုိ ယခင္ႏွစ္မ်ား၌ ေျပာဆုိခဲ့သည္။

Photo – Ashin Sandar Thiri

(unicode)
သံဃာတု အတုအယောင်များ ရန်ကုန်တိုင်းအစိုးရမှ ရှင်းလင်းရန် လိုအပ် လာ
………………………………………………………………

သံဃာအတုအယောင်ပုဂ္ဂိုလ်များသည် အများပြည်သူ အပန်းဖြေသည့် ပန်းခြံများ၊ တိရိစာ္ဆန်ဥယျာဉ်များ အပါအဝင် ကားမှတ်တိုင်များ၌ အကြောင်းအမျိုးမျိုးပြ၍ အလှူခံသည့်အပေါ် တိုင်းအစိုးရအဖွဲ့မှ စီမံ ချက်ချပြီး ရှင်းလင်းရန် လိုအပ်ကြောင်း ရန်ကုန်ပြည်သူများက ပြောဆို လျှက်ရှိသည်။

အချို့သော သံဃာအတုအယောင် များသည်ဖိနပ်ပျက်၍ အလှူခံခြင်း၊ ဆွမ်းဖိုးအလှူခံခြင်း၊ ခရီးစရိတ်အလှူခံခြင်းအပါအဝင် အခြားသော အကြောင်းအမျိုးမျိုးပြ၍ အလှူခံလျှက်ရှိသည်။

“လှည်းတန်းမှာဆိုရင် ဘုန်းကြီးသုံးပါးနဲ့ လူတစ်ယောက် လက်မောင်း မှာလည်း တက်တူးအပြည့်နဲ့။ ပြီးတော့ နေ့ ဆွမ်းမစားရသေးလို့ အလှူခံ တာ လှူပေးပါဆိုပြီးလာပြောတယ်။ ပထမတော့ လှူလိုက်တယ်။ ဒီလိုပဲ နောက်အပတ် သင်တန်းသွားတက်တော့ ဒီသံဃာတွေပဲ ထပ်တွေ့ တယ်။ ဒီလို အတုအယောင်တွေကို အစိုးရက မရှင်းလင်းရင် သာသနာအတွက် အရမ်းကို ထိခိုက်ရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

အလားတူ သံဃာအတုအယောင်များသည် ရပ်ကွက်အတွင်းရှိ နေအိမ် များသို့ ရောက်ရှိလာပြီး ဖိနပ်ပျက်၍ အလှူငွေ ဝင်ရောက်ခံခြင်းများနှင့် ဆွမ်းမစားရ၍ အလှူခံခြင်းများရှိကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ ပြည်သူအချို့က ဆိုသည်။

“ပထမအကြိမ်က ဖိနပ်ပျက်လို့ လမ်းထဲမှာတွေ့လိုက်တယ်။ နောက်တော့ အိမ်ရှေ့အထိ ဆွမ်းမစားရသေးလို့ အလှူလာခံတယ်”ဟု ပြောသည်။

အလားတူ သံဃာအတုအယောင်များသည် YBS ယာဉ်လိုင်းများပေါ် တွင် တက်ရောက်အလှူခံလျှက်ရှိပြီး အစိုးရမှ ၎င်းတို့ကို ရှင်းလင်းရန် လိုအပ်ကြောင်း ပြည်သူများက ဆိုသည်။ သံဃာအတုအယောင်များကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးဝန်ကြီး ဦးနိုင်လင်းမှ မီဒီယာများကို ယခင်နှစ်များ၌ ပြောဆိုခဲ့သည်။

Photo – Ashin Sandar Thiri


Share this post