• Follow Us on

Home သံမဏိစက်ရုံ(မြင်းခြံ) ဆက်လက်တည်ဆောက်မှုမပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

သံမဏိစက်ရုံ(မြင်းခြံ) ဆက်လက်တည်ဆောက်မှုမပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၅ (People Media)

 

သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာ ခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်းရောက်ရှိပြီး ဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှုမပြုလုပ်နိုင်ရန် အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မိမိတို့နိုင်ငံ အတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇန်နဝါရီ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ရာ၌ အထက်ပါအတိုင်း ပြော ကြားခဲ့သည်။

 

န-စ-ကဥက္ကဋ္ဌက “သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှု မပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့ချေးငွေများအတွက် အရင်း၊ အတိုး ပေးဆပ်နေရကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်းများမှာ ပြင်ပတွင်ထားသိုရသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလလည် ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် သံမဏိစက်ရုံ အမှတ်(၁)အား အမြန်ပြန်လည်ပတ်နိုင်ရန်လိုကြောင်း” ပြောသည်။

 

ဆက်လက်ပြီး ”သံမဏိထုတ်လုပ်မှုလုပ်ငန်းသည်မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီး စေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိ ပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေး မြှင့်တင်ပေးရန်လိုကြောင်း၊ မြင်းခြံ သံမဏိစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိ ရေးနှင့် ကုန်ကြမ်း၊ ကုန်ချောများ သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း” န-စ-ကဥက္ကဋ္ဌကပြောသည်။

 

“မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီးဖြစ် ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လိုအပ် သည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှတင် သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဒေသစက်မှုလုပ်ငန်းများဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သံနှင့် သံမဏိပစ္စည်းဒေါ်လာ ၉၉၅ သန်း ခန့်တင်သွင်းခဲ့ရသဖြင့် ပြည်တွင်းသံမဏိထုတ်လုပ်ခြင်း လုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွားရန်လိုကြောင်း” စသည့်ဖြင့် န-စ-ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #သံမဏိစက်ရုံ(မြင်းခြံ)

 

(unicode)


………………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၂၅ (People Media)

 


 


 


 


 


 



Share this post