• Follow Us on

Home သံရုံးဝန်ထမ်းများဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး အမေရိကန်အစိုးရ တက်သုတ်ရိုက် ဆောင်ရွက်နေ စဉ် တာလီဘန်များ ကဘူးမြို့တော်အနီး အမာခံနယ်မြေများ ထပ်မံသိမ်းပိုက်

သံရုံးဝန်ထမ်းများဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး အမေရိကန်အစိုးရ တက်သုတ်ရိုက် ဆောင်ရွက်နေ စဉ် တာလီဘန်များ ကဘူးမြို့တော်အနီး အမာခံနယ်မြေများ ထပ်မံသိမ်းပိုက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄ (People Media)

 

တာလီဘန်များ၏ အဆက်မပြတ်ထိုးစစ်များကြောင့် ဒုက္ခသည်များတဖွဲဖွဲထွက်ပြေးလာနေပြီး အမေရိကန်သံရုံး ဝန်ထမ်းများအားဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် အမေရိကန်စစ်သည်များ အာဖဂန်နစ္စတန်သို့ပြန်လာနေ စဉ်အတွင်း တာလီဘန်များသည် ကဘူးမြို့တော်ဝန်းကျင်ရှိ အမာခံနယ်မြေများကို ထပ်မံသိမ်းပိုက်လိုက်သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် တတိယအကြီးဆုံးမြို့ကြီးများ တာလီဘန်လက်အောက်သို့ ကျ ရောက်သွားပြီးဖြစ်သဖြင့် ကဘူးမြို့တော်မှာ ရန်သူပတ်လည်ဝိုင်းထားခြင်းခံရပြီး အခြားနေရာများတွင် ခုခံမှုမရှိ သလောက်နည်းပါးလှသည့် အစိုးရတပ်ဖွဲ့ဝင်များအတွက် နောက်ဆုံးခံစစ်နေရာလည်းဖြစ်လာခဲ့သည်။

 

တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရမ်ပြီး နိုင်ငံပေါင်းစုံမှအစိုးရများမှာ ၎င်းတို့သံတမန်များကို လေကြောင်းခရီးစဉ် များဖြင့်ကယ်ထုတ်နေစဉ် တာလီဘန်များမှာ မြို့တော်ကဘူးနှင့် မိုင် ၃၀ အကွာအဝေးတွင် ရောက်ရှိနေပြီဖြစ် သည်။

 

လေဆိပ်လုံခြုံရေးဆောင်ရွက်ရန်နှင့် ဘေးကင်းလုံခြုံစွာရွှေ့ပြောင်းရေးကြီးကြပ်ဆောင်ရွက်ပေးရန် ပြန်လည် တပ်ဖြန့်ချထားမည့် အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀ ထဲမှ တပ်ဖွဲ့ဝင်အချို့ ကဘူးလေဆိပ်သို့စတင်ရောက် ရှိလာ ချိန်တွင် အရေးကြီးစာရွက်စာတမ်းများနှင့် အရေးကြီးပစ္စည်းများကို ဓားဖြင့်နုတ်နုတ်စင်းရန်နှင့် မီးရှို့ဖျက်ဆီး ပစ်ရန် အမေရိကန်သံရုံးဝန်ထမ်းများအား အမိန့်ပေးထားသည်။ ဗြိတိန်၊ ဂျာမနီ၊ ဒိန်းမတ်နှင့် စပိန်အပါအဝင် ဥ ရောပတိုင်းပြည်မှအစိုးရများမှာ ၎င်းတို့သံရုံးဝန်ထမ်းများအား သံရုံးများမှစွန့်ခွာထွက်ပြေးလာရန် သောကြာနေ့ က ကြေညာခဲ့သည်။ ကဘူးဒေသခံများမှာ လတ်တလောကာအတွင်း ခိုလှုံရာရှာဖွေနေကြသည်။

 

၁၉၉၆-၂၀၀၁ ခုနှစ်အတွင်း တင်းကျပ်သောဥပဒေဖြင့်အုပ်ချုပ်ခဲ့သည့် တာလီဘန်များ သိမ်းပိုက်ထားသည့်နယ် မြေများတွင် အမျိုးသမီးများအပေါ်ကြမ်းတမ်းပြင်းထန်စွာ ဆက်ဆံခြင်းနှင့်ပတ်သက်၍ လွန်စွာစိတ်ပျက်မိ ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကပြောသည်။

 

သံရုံးဝန်ထမ်းများ၊ အမေရိကန်များအတွက် စကားပြန်လုပ်ခဲ့သူ/ အခြားလုပ်ငန်းလုပ်ခဲ့သူ အာဖဂန်နိုင်ငံသား များနှင့် ၎င်းတို့၏မိသားစုဝင်များပါဝင်သော အမေရိကန်ဝန်ထမ်းထောင်ပေါင်းများစွာကို အမေရိကန်ကယ် ဆယ်ရေးအဖွဲ့က ဘေးကင်းရာသို့ရွှေ့ပြောင်းပေးသွားမည်ဖြစ်သည်။ “ကျွန်တော်တို့ တစ်ရက်ကို လူပေါင်း ထောင်နဲ့ချီပြီး ဘေးကင်းရာကိုရွှေ့ပြောင်းပေးသွားနိုင်မှာပါ” ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ကာဘိုင်က ပြော သည်။

 

Ref: Taliban close in on Kabul as US scrambles to evacuate

 

#PeopleMedia #International

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Taliban close in on Kabul as US scrambles to evacuate

 

#PeopleMedia #International


Share this post