• Follow Us on

Home သံသယတရားခံ ဘဂၤါလီ ၄ ေယာက္ကို ဘဂၤလားေဒ့႐ွ္ရဲ အေသပစ္ဖမ္း

သံသယတရားခံ ဘဂၤါလီ ၄ ေယာက္ကို ဘဂၤလားေဒ့႐ွ္ရဲ အေသပစ္ဖမ္း

Share this post

ဒါကာ၊ ဇြန္ ၂၇

ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေ႐ွ႕ေတာင္ပိုင္းက ဒုကၡသည္စခန္းတစ္ခုနားမွာ ရဲေတြနဲ႔အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီးေနာက္ ရာဇ၀တ္ ေကာင္လို႔ယူဆရတဲ့ ဘဂၤါလီ(မူရင္းမွာ႐ိုဟင္ဂ်ာလို႔သံုးႏႈန္း) အမ်ိဳးသား ၄ ေယာက္ေသဆံုးခဲ့တယ္ဆိုၿပီး ရဲတပ္ဖြဲ႕က ေသာ ၾကာေန႔မွာေျပာပါတယ္။

ေကာ့က္စ္ဘဇားခ႐ိုင္က ေတာင္ေစာင္းတစ္ခုမွာေနရာတစ္ခုကိုတိုင္ၾကားခ်က္အရ ရဲေတြက၀င္ေရာက္စီးနင္းခဲ့လို႔ အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတာလို႔ ရဲအရာ႐ွိ အစ္က္ဘယ္ဟူစိန္ကေျပာပါတယ္။

ရဲေတြကိုျမင္တာနဲ႔ စၿပီး ပစ္ခတ္ၾကတာလို႔ ရဲေတြကတံု႔ျပန္ပစ္ခတ္ရာမွာ တစ္နာရီေက်ာ္ၾကာခဲ့ၿပီး လူဆိုးဂိုဏ္သားေတြထဲက ၄ ေယာက္ေသဆံုးခဲ့တာလို႔လည္းေျပာပါတယ္။

ေသဆံုးသူေတြဟာ ျမန္မာႏိုင္ငံကေနထြက္ေျပးလာတဲ့ ဘဂၤါလီေတြလို႔ ခ႐ိုင္ရဲမွဴးႀကီးမာဆြက္ ဟူစိန္ကေျပာပါတယ္။

သူတို႔ေတြဟာ လူဆိုးဂိုဏ္းတစ္ဂိုဏ္းရဲ႕အဖြဲ႕၀င္ေတြျဖစ္ၿပီး ဒုကၡသည္စခန္းေတြပတ္၀န္းက်င္မွာ လူသတ္မႈ၊ ဓားျပမႈနဲ႔ မူးယစ္ ေဆးကုန္ကူးမႈေတြမွာပါ၀င္ေနတယ္လို႔သံသယ႐ွိေနသူေတြလို႔လည္း အသိေပးပါတယ္။

ေသဆံုးသူေတြနဲ႔အတူ ေသနတ္ ၄ လက္၊ က်ည္အေတာင့္ ၂၀ နဲ႔ ယဘေဆးျပား ၄၀၀၀၀ တို႔ကို အခင္းျဖစ္ပြားရာမွာေတြ႕ရတယ္ လို႔လည္း သိရပါတယ္။

မတ္လတုန္းကလည္း ေကာ့က္စ္ဘဇားခ႐ိုင္နားမွာ႐ွိတဲ့တက္နက္ခ႐ိုင္မွာ ဘဂၤလားေဒ့႐ွ္ရဲအထူးတပ္ဖြဲ႕နဲ႔ အျပန္အလွန္ပစ္ခတ္ခဲ့ ၿပီးေနာက္ ေနာက္ထပ္သံသယတရားခံ ၇ ေယာက္ေသဆံုးခဲ့ပါတယ္။

Ref : Bangladeshi police kill four suspected Myanmar-Rohingya criminals

#PeopleMedia

(unicode)
သံသယတရားခံ ဘင်္ဂါလီ ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲ အသေပစ်ဖမ်း
………………………………………………………

ဒါကာ၊ ဇွန် ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက ဒုက္ခသည်စခန်းတစ်ခုနားမှာ ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ရာဇဝတ် ကောင်လို့ယူဆရတဲ့ ဘင်္ဂါလီ(မူရင်းမှာရိုဟင်ဂျာလို့သုံးနှုန်း) အမျိုးသား ၄ ယောက်သေဆုံးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သော ကြာနေ့မှာပြောပါတယ်။

ကော့က်စ်ဘဇားခရိုင်က တောင်စောင်းတစ်ခုမှာနေရာတစ်ခုကိုတိုင်ကြားချက်အရ ရဲတွေကဝင်ရောက်စီးနင်းခဲ့လို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ရဲအရာရှိ အစ်က်ဘယ်ဟူစိန်ကပြောပါတယ်။

ရဲတွေကိုမြင်တာနဲ့ စပြီး ပစ်ခတ်ကြတာလို့ ရဲတွေကတုံ့ပြန်ပစ်ခတ်ရာမှာ တစ်နာရီကျော်ကြာခဲ့ပြီး လူဆိုးဂိုဏ်သားတွေထဲက ၄ ယောက်သေဆုံးခဲ့တာလို့လည်းပြောပါတယ်။

သေဆုံးသူတွေဟာ မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေလို့ ခရိုင်ရဲမှူးကြီးမာဆွက် ဟူစိန်ကပြောပါတယ်။

သူတို့တွေဟာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေဖြစ်ပြီး ဒုက္ခသည်စခန်းတွေပတ်ဝန်းကျင်မှာ လူသတ်မှု၊ ဓားပြမှုနဲ့ မူးယစ် ဆေးကုန်ကူးမှုတွေမှာပါဝင်နေတယ်လို့သံသယရှိနေသူတွေလို့လည်း အသိပေးပါတယ်။

သေဆုံးသူတွေနဲ့အတူ သေနတ် ၄ လက်၊ ကျည်အတောင့် ၂၀ နဲ့ ယဘဆေးပြား ၄၀၀၀၀ တို့ကို အခင်းဖြစ်ပွားရာမှာတွေ့ရတယ် လို့လည်း သိရပါတယ်။

မတ်လတုန်းကလည်း ကော့က်စ်ဘဇားခရိုင်နားမှာရှိတဲ့တက်နက်ခရိုင်မှာ ဘင်္ဂလားဒေ့ရှ်ရဲအထူးတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ ပြီးနောက် နောက်ထပ်သံသယတရားခံ ၇ ယောက်သေဆုံးခဲ့ပါတယ်။

Ref : Bangladeshi police kill four suspected Myanmar-Rohingya criminals

#PeopleMedia


Share this post