• Follow Us on

Home သံသယျဖစ္ဖြယ္ရာ ကိုဗစ္-၁၉ ေရာဂါ ေတြ႕ရွိမႈေၾကာင့္ ေျမာက္ကိုရီးယားက အေရးေပၚ အစည္းအေဝး က်င္းပ

သံသယျဖစ္ဖြယ္ရာ ကိုဗစ္-၁၉ ေရာဂါ ေတြ႕ရွိမႈေၾကာင့္ ေျမာက္ကိုရီးယားက အေရးေပၚ အစည္းအေဝး က်င္းပ

Share this post

နိုင္ငံတကာ၊ ဇူလိုင္ ၂၆

ယခုလအတြင္း သံသယျဖစ္ဖြယ္ရာ ကိုဗစ္-၁၉ ေရာဂါပိုးရွိသူတစ္ဦး နယ္စပ္ကို တရားမဝင္ ျဖတ္ေက်ာ္ကာ ေတာင္ကိုရီးယားနိုင္ငံမွ ျပန္လာခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က အေရးေပၚ ေပၚ လစ္ဗ်ဴရို အစည္းအေဝးတစ္ရပ္ က်င္းပခဲ့ေၾကာင္း နိုင္ငံပိုင္မီဒီယာမ်ားက ယေန႕ ေဖာ္ျပခဲ့သည္။

အဆိုပါ ျပည္ေတာ္ျပန္၌ ဗိုင္းရပ္စ္ပိုးေတြ႕ရွိေၾကာင္း အတည္ျပဳပါက တိုင္းျပည္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမရွိဟု အတည္ျပဳထားေသာ ေျမာက္ကိုရီးယား အာဏာပိုင္မ်ားဝန္ခံသည့္ ပထမဆုံးေသာ တရားဝင္ ကူးစက္မႈ ျဖစ္လာမည္ျဖစ္သည္။

ကင္ဂ်ဳံအန္က အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီး နယ္စပ္ၿမိဳ႕ ေကေဆာင္၌ သြားလာမႈ ကန့္သတ္ခ်က္ သတ္မွတ္လိုက္ၿပီး ေျမာက္ကိုရီးယားနိုင္ငံအတြင္း ဗိုင္းရပ္စ္ ဝင္ေရာက္လာနိုင္မႈေၾကာင့္ အေရးေပၚအေျခအေနဟု ေျပာၾကားလိုက္ေၾကာင္း နိုင္ငံပိုင္သတင္းဌာန KCNA က ေဖာ္ျပခဲ့သည္။

KCNA ၏ ေဖာ္ျပခ်က္အရ လြန္ခဲ့ေသာသုံးႏွစ္က ေတာင္ကိုရီးယားနိုင္ငံသို႔ ဘက္ေျပာင္းသြားခဲ့သူတစ္ဦး က ဗိုင္းရပ္စ္လကၡဏာမ်ားႏွင့္အတူ ကိုရီးယားႏွစ္နိုင္ငံအား ပိုင္းျခားထားသည့္ နယ္စပ္ကိုျဖတ္ေက်ာ္ကာ ျပန္လာ ခဲ့ေၾကာင္း သိရသည္။

“လြန္ခဲ့တဲ့သုံးႏွစ္က ေတာင္ကိုရီးယားနိုင္ငံကို ဘက္ေျပာင္းခဲ့ၿပီး ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ သံသယရွိသူတစ္ဦးက ဇူလိုင္လ ၁၉ ရက္မွာ နယ္စပ္ကို တရားမဝင္ ျဖတ္ေက်ာ္ၿပီး ျပန္လာခဲ့လို႔ ေကေဆာင္ၿမိဳ႕ေတာ္မွာ အေရးေပၚအေျခအေနတစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္” ဟု KCNA က ဆိုသည္။

အဆိုပါပုဂၢိဳလ္အား စစ္ေဆးမႈ ျပဳလုပ္ခဲ့ျခင္းရွိ မရွိ KCNA က မေဖာ္ျပခဲ့ေသာ္လည္း ၄င္းအား သီးျခားခြဲေန ခိုင္းကာ အျခားသူမ်ားႏွင့္ ထိေတြ႕ခဲ့ျခင္းရွိ မရွိ စုံစမ္းစစ္ေဆးေနသည္ဟု ဆိုသည္။

ေျမာက္ကိုရီးယားနိုင္ငံက ႐ုရွားႏွင့္ အျခားတိုင္းျပည္မ်ားထံမွ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေရးကိရိယာမ်ား အမ်ားအျပား ရရွိခဲ့ၿပီး တင္းက်ပ္ေသာ နယ္စပ္ပိတ္ဆို႔မႈမ်ား ျပဳလုပ္ထားသည္။ ေျမာက္ကိုရီးယားျပည္သူ ေထာင္ႏွင့္ခ်ီ၍ သီးျခားခြဲထားရွိခဲ့ေသာ္လည္း မၾကာေသးမီက ကန့္သတ္ခ်က္မ်ား ေျဖေလွ်ာ့ခဲ့သည္။

မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း ေျမာက္ကိုရီးယားနိုင္ငံက တိုင္းျပည္အတြင္းသို႔ ဝါဒျဖန့္ခ်ိေရးစာ မ်ား၊ အစားအေသာက္အကူအညီမ်ား ေပးပို႔သည့္အဖြဲ႕မ်ားကို ၿဖိဳခြင္းရန္ ေတာင္ကိုရီးယားနိုင္ငံသို႔ ေတာင္းဆိုခဲ့သည္။

ျပည္ေတာ္ျပန္ ျဖတ္ေက်ာ္ခဲ့ရာ နယ္စပ္တစ္ေလ်ာက္ရွိ စစ္ဘက္တပ္ဖြဲ႕မ်ားကို စုံစမ္းစစ္ေဆးမႈတစ္ရပ္ လုပ္ေဆာင္ကာ ျပင္းထန္ေသာျပစ္ဒဏ္ေပးရန္ႏွင့္ လိုအပ္ေသာ အစီအမံမ်ားေဆာင္႐ြက္ရန္ ကင္ဂ်ဳံအန္က ၫႊန္ ၾကားခဲ့သည္။

ကိုးကား – သည္စထရိတ္တိုင္းမ္

Ref; North Korea convenes emergency meeting after suspected Covid-19 case reported

[Unicode]
သံသယဖြစ်ဖွယ်ရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုကြောင့် မြောက်ကိုရီးယားက အရေးပေါ် အစည်းအဝေး ကျင်းပ
………………………………………………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၂၆

ယခုလအတွင်း သံသယဖြစ်ဖွယ်ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဦး နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံမှ ပြန်လာခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အရေးပေါ် ပေါ် လစ်ဗျူရို အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ ဖော်ပြခဲ့သည်။

အဆိုပါ ပြည်တော်ပြန်၌ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အတည်ပြုပါက တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိဟု အတည်ပြုထားသော မြောက်ကိုရီးယား အာဏာပိုင်များဝန်ခံသည့် ပထမဆုံးသော တရားဝင် ကူးစက်မှု ဖြစ်လာမည်ဖြစ်သည်။

ကင်ဂျုံအန်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နယ်စပ်မြို့ ကေဆောင်၌ သွားလာမှု ကန့်သတ်ချက် သတ်မှတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း ဗိုင်းရပ်စ် ဝင်ရောက်လာနိုင်မှုကြောင့် အရေးပေါ်အခြေအနေဟု ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။

KCNA ၏ ဖော်ပြချက်အရ လွန်ခဲ့သောသုံးနှစ်က တောင်ကိုရီးယားနိုင်ငံသို့ ဘက်ပြောင်းသွားခဲ့သူတစ်ဦး က ဗိုင်းရပ်စ်လက္ခဏာများနှင့်အတူ ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသည့် နယ်စပ်ကိုဖြတ်ကျော်ကာ ပြန်လာ ခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့သုံးနှစ်က တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သံသယရှိသူတစ်ဦးက ဇူလိုင်လ ၁၉ ရက်မှာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ပြန်လာခဲ့လို့ ကေဆောင်မြို့တော်မှာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်” ဟု KCNA က ဆိုသည်။

အဆိုပါပုဂ္ဂိုလ်အား စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းရှိ မရှိ KCNA က မဖော်ပြခဲ့သော်လည်း ၄င်းအား သီးခြားခွဲနေ ခိုင်းကာ အခြားသူများနှင့် ထိတွေ့ခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ရုရှားနှင့် အခြားတိုင်းပြည်များထံမှ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကိရိယာများ အများအပြား ရရှိခဲ့ပြီး တင်းကျပ်သော နယ်စပ်ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။ မြောက်ကိုရီးယားပြည်သူ ထောင်နှင့်ချီ၍ သီးခြားခွဲထားရှိခဲ့သော်လည်း မကြာသေးမီက ကန့်သတ်ချက်များ ဖြေလျှော့ခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက တိုင်းပြည်အတွင်းသို့ ဝါဒဖြန့်ချိရေးစာ များ၊ အစားအသောက်အကူအညီများ ပေးပို့သည့်အဖွဲ့များကို ဖြိုခွင်းရန် တောင်ကိုရီးယားနိုင်ငံသို့ တောင်းဆိုခဲ့သည်။

ပြည်တော်ပြန် ဖြတ်ကျော်ခဲ့ရာ နယ်စပ်တစ်လျောက်ရှိ စစ်ဘက်တပ်ဖွဲ့များကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ကာ ပြင်းထန်သောပြစ်ဒဏ်ပေးရန်နှင့် လိုအပ်သော အစီအမံများဆောင်ရွက်ရန် ကင်ဂျုံအန်က ညွှန် ကြားခဲ့သည်။

ကိုးကား – သည်စထရိတ်တိုင်းမ်

Ref; North Korea convenes emergency meeting after suspected Covid-19 case reported


Share this post