• Follow Us on

Home သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်အစိတ်အပိုင်းအဖြစ် အမေရိကန်တိုမာဟောခ့်ခရုစ်ဒုံးကျည်များ သြစတေးလျ လက်ခံရရှိမည်

သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်အစိတ်အပိုင်းအဖြစ် အမေရိကန်တိုမာဟောခ့်ခရုစ်ဒုံးကျည်များ သြစတေးလျ လက်ခံရရှိမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

ဒေသတွင်း တရုတ်နိုင်ငံနှင့် အားပြိုင်ရာတွင် စစ်လက်နက်ပစ္စည်းတပ်ဆင်မှုများ မြှင့်တင်ရန်အတွက် သြစတေး လျ၊ အမေရိကန်၊ ဗြိတိန် သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့စည်းလိုက်ပြီး အချိန်အနည်းငယ်အတွင်း အမေရိကန်ထံမှ တာ ဝေးပစ် တိုမာဟော့ခ်ခရုစ်ဒုံးကျည်များ လက်ခံရရှိတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က သြစ တေးလျနိုင်ငံက ကြေညာလိုက်သည်။

 

“တော်ဝင်သြစတေးလျရေတပ်ရဲ့ Hobart-class ဖျက်သင်္ဘောတွေမှာ တပ်ဆင်ဖို့ တိုမာဟောခ့်ခရစ်ဒုံးကျည် တွေနဲ့ တော်ဝင်သြစတေးလျလေတပ်အတွက် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တွေ ထိရောက်မှုအကွာအဝေး တိုးချဲ့တာအပါအဝင် ကျွန်တော်တို့တပ်မတော်ရဲ့ တာဝေးပစ်လက်နက်စွမ်းရည်တွေကို တိုးမြှင့်သွားတော့မှာ ဖြစ်ပါတယ်။” ဟု ကင်ဘာရာမြို့တွင် သြစတေးလျဝန်ကြီးချုပ် စကော့မာရီဆန်က သတင်းထောက်များကို ပြောသည်။

 

သြစတေးလျနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့နှင့် သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်ချုပ်ဆိုမှု အ စိတ်အပိုင်းတစ်ရပ်အဖြစ် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအုပ်စုတစ်စုကိုလည်း လက်ခံရရှိသွားမည် ဖြစ်သည်။ သြစတေးလျနိုင်ငံသည် ဒေါ်လာဘီလျံများစွာတန်သည့် သမရိုးကျရေငုပ်သင်္ဘောများကို ပြင်သစ်နိုင် ငံမှဝယ်ယူသွားရန် ဆွေးနွေးညှိနှိုင်းလျက်ရှိရာ ယခုမဟာမိတ် အမေရိကန်နှင့် ဗြိတိန်ထံမှ နျူကလီးယားစွမ်း အင်သုံးရေငုပ်သင်္ဘောများ လက်ခံရရှိသွားမည်ဖြစ်သဖြင့် ပြင်သစ်နှင့်ဆွေးနွေးနေသည့် အစီအစဉ်ကို ဖျက် သိမ်းသွားဖွယ်ရှိသည်။

 

သြစတေးလျနိုင်ငံအတွက် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများတည်ဆောက်ခြင်းကြောင့် မဟာမိတ် နိုင်ငံများအနေဖြင့် ၎င်းတို့ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်သည့် ခေတ်အမီဆုံးလက်နက်များနှင့် ရုတ်တရက် ကြီးထွားလာသည့် ခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် တိကျသေချာအောင်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောသည်။

 

“ကျွန်တော်တို့ကမ္ဘာကြီးက တဖြည်းဖြည်းပိုမိုရှုပ်ထွေးလာပါတယ်။ အထူးသဖြင့် ဒီ အင်ဒို-ပစိဖိတ်ဒေသမှာပေါ့။ ဒီဒေသက ကျွန်တော်တို့အားလုံးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ အင်ဒို-ပစိဖိတ်ဒေသရဲ့ အနာဂတ် ဟာ ကျွန်တော်တို့နိုင်ငံအားလုံးရဲ့အနာဂတ်ကို တိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။” ဟု သြစတေးလျ ဝန် ကြီးချုပ် မာရီဆန်ကပြောသည်။ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အ တွက် မဟာမိတ်နိုင်ငံများ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ကပြောသည်။

 

Ref: Australia to acquire US Tomahawk cruise missiles as part of trilateral defence pact

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 

Ref: Australia to acquire US Tomahawk cruise missiles as part of trilateral defence pact

 

#PeopleMedia


Share this post