• Follow Us on

Home သုံးချောင်းထောက်ဖြင့်ဖြစ်စေ ယာဉ်ပေါ်မှဖြစ်စေ ပစ်ခတ်နိုင်သော Mk-19 အတွဲလိုက်ဗုံးပစ်လောင်ချာ

သုံးချောင်းထောက်ဖြင့်ဖြစ်စေ ယာဉ်ပေါ်မှဖြစ်စေ ပစ်ခတ်နိုင်သော Mk-19 အတွဲလိုက်ဗုံးပစ်လောင်ချာ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

Mk-19 အတွဲလိုက်ဗုံးပစ်လောင်ချာသည် ၄၀ မမ ဗုံးသီးကျည်ခါးပတ်တွဲနှင့် ပစ်ခတ်အသုံးပြုရသော ဗုံးပစ် လောင်ချာဖြစ်ပြီး သုံးချောင်းထောက်ဖြင့်လည်းကောင်း ယာဉ်ပေါ်မှလည်းကောင်း ပစ်ခတ်နိုင်သောလောင်ချာ ဖြစ်သည်။

 

တိုက်ပွဲအခြေအနေပေါ်မူတည်၍ ပစ်ခတ်မှုနှုန်းကို မြှင့်တင်နိုင်သော်လည်း ပုံမှန်အားဖြင့် တစ်မိနစ် ကို ဗုံးသီး အလုံးရေ ၄၀ အထိပစ်ခတ်နိုင်သဖြင့် တစ်စက္ကန့်ကို ဗုံးသီးတစ်လုံးပစ်ခတ်နိုင်သည့် သဘောဖြစ်သည်။ အမြင့် ဆုံးပစ်ခတ်နိုင်သည့်အကွာအဝေးမှာ မီတာ ၁,၆၀၀ ဖြစ်သည်။

 

ယင်းဗုံးသီးမှာ သံချပ်ကာနှစ်လက်မအထူကို ဖောက်ထွင်းနိုင်သည့်အတွက် အဆိုပါလောင်ချာသည် အပေါ့စား သံချပ်ကာကားများကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည်။ သို့သော် ယင်းလက်နက်၏ အဓိကရည်ရွယ်ချက်မှာ ခြေလျင်တပ်ဖွဲ့စစ်သည်များကို ပစ်ခတ်ရန်ဖြစ်သည်။

 

၄၀ မမ ဗုံးသီးပေါက်ကွဲရာတွင် ၅ မီတာအကွာအဝေးတွင် သေဆုံးနိုင်ပြီး ၁၅ မီတာအကွာအဝေးတွင် ဒဏ်ရာရ နိုင်သည်။ ရန်သူ့ပစ်အားကို ထိန်းချုပ်ပစ်ခတ်ရာတွင် Mk-19 ဗုံးပစ်လောင်ချာသည် အလွန်ကောင်းမွန်သည့် လက်နက်တစ်မျိုးုဖြစ်ပြီး လွယ်ကူစွာအသုံးပြုနိုင်သည့်လက်နက်လည်းဖြစ်သည်။

 

ယင်းလက်နက်ပစ်အားကို ပြန်လည်ထိန်းညှိရသည့်အချိန်တွင် လက်နက်ပစ်ခတ်သည့် စစ်သည်ကိုအထောက် အကူပြုရန် အကူစစ်သည်တစ်ဦးလိုအပ်သည်။ Mk-19 ဗုံးပစ်လောင်ချာ၏ အံ့အားသင့်ဖွယ်ရာအချက်တစ်ချက် မှာ လက်နက်ကိုကိုင်တွယ်ပစ်ခတ်နေသည့်စစ်သည်အနေဖြင့် ပစ်လို့ပစ်မှန်းမသိလောက်အောင် နောက်ကန်  အားလျော့နည်းခြင်းဖြစ်သည်။  သို့သော် စနစ်တကျချိန်တွယ်ပစ်ခတ်မှုမရှိလျှင် ဗုံးသီးများဖြုန်းတီးသလို ဖြစ်လိမ့် မည်။ လောင်ချာ၏ open bolt က လက်နက်အလွန်အမင်းအပူရှိန်မြင့်တက်ခြင်းကို အကာအကွယ်ပေးသည်။

 

Mk-19 ဗုံးပစ်လောင်ချာ၏ အားနည်းချက်မှာ လက်နက်အလေးချိန်ဖြစ်သည်။ ယင်းဗုံးပစ်လောင်ချာ၏ အလေး ချိန်မှာ ၇၇ ပေါင်ရှိသဖြင့် စစ်သည်တစ်ဦးတည်းသယ်ဆောင်၍ မဖြစ်နိုင်ပါ။ အများအားဖြင့် မော်တော်ယာဉ်များ တွင် တပ်ဆင်အသုံးပြုလေ့ရှိသည်။

 

Mk-19 ဗုံးပစ်လောင်ချာကို အဝေးထိန်းပစ်ခတ်နိုင်သည့်လက်နက်တင်ခုံ Common Remotely Operated Weapon Station (CROWS) နှင့် တွဲဖက်ပေါင်းစပ် ပစ်ခတ်နိုင်သည်။ မော်တော်ယာဉ်ပြင်ပတွင် CROWS စနစ်ဖြင့်တပ်ဆင်ထားပြီး လက်နက်ကိုင်စစ်သည်က ယာဉ်အတွင်းမှ အဝေးထိန်းစနစ်ကိုအသုံးပြု၍ ပစ်ခတ်နိုင် သည်။ အချို့ကလည်း Mk-47 ဗုံးပစ်လောင်ချာကို ပိုနှစ်သက်ကြသည်။ Mk-47 ၏ အလေးချိန်မှာ ပေါင် ၄၀ အောက်ရှိသဖြင့် သယ်ဆောင်ရပိုမိုလွယ်ကူသည်။

 

M2 .50 စက်သေနတ်ကြီးနှင့်နှိုင်းယှဉ်လျှင် Mk-19 ဗုံးပစ်လောင်ချာ၏ ထိရောက်မှုမှာ ပိုမိုသာလွန်သည်။ M2 .50 စက်သေနတ်ကြီးနှင့် အပစ်ခံရသောရန်သူမှာ အကာအကွယ်ယူ ပုန်းရှောင်နိုင်သော်လည်း Mk-19 ဗုံးပစ် လောင်ချာဖြင့်အပစ်ခံရပါက ရန်သူ့အပေါ်မှအကာအကွယ်ကို ဗုံးဆံများကဖျက်ဆီးပစ်နိုင်သည်။

 

ယာဉ်ပေါ်တွင်တပ်ဆင်ထားသော Mk-19 ဗုံးပစ်လောင်ချာဖြင့် ပတ်ပတ်လည်ရှိရန်သူကို ပစ်ခတ်နိုင်သည်။ စစ် ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရသည့်အချိန်တွင် Mk-19 ဗုံးပစ်လောင်ချာနှင့် M2 .50 စက်သေနတ်ကြီးများ တပ်ဆင်ထားသော ယာဉ်များပါပါက တိုက်ပွဲအတွက် အထောက်အကူဖြစ်စေသည်။

 

မိမိတပ်များပြန်လည်ဆုတ်ခွာရာတွင် မိမိတပ်ဖွဲ့ဝင်စစ်သည်များ အကျအဆုံးနည်းနိုင်သမျှနည်းပါးအောင် လက်  နက်စနစ်နှစ်မျိုးစလုံးက ကောင်းစွာအထောက်အကူပေးနိုင်သည်။

 

Ref: Mk-19 Grenade Launcher: The US Army’s Ultimate Weapon?

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Mk-19 Grenade Launcher: The US Army’s Ultimate Weapon?

 

#PeopleMedia


Share this post