• Follow Us on

Home သံဖြူဇရပ်မြို့နယ်၌ ဆရာတော်တစ်ပါးမောင်းနှင်သည့် လိုင်စင်မဲ့ယာဉ်မှ ဆိုင်ကယ်တစ်စီးကို နောက်မှ ဝင် တိုက်ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်၊ အသက် ၁၂ အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မော်လမြိုင် ဆေးရုံ၌ ဆေးကုသနေရ၊ ကျူးလွန်သူ ဆရာတော် ထွက်ပြေးလွတ်မြောက်နေ

သံဖြူဇရပ်မြို့နယ်၌ ဆရာတော်တစ်ပါးမောင်းနှင်သည့် လိုင်စင်မဲ့ယာဉ်မှ ဆိုင်ကယ်တစ်စီးကို နောက်မှ ဝင် တိုက်ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်၊ အသက် ၁၂ အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မော်လမြိုင် ဆေးရုံ၌ ဆေးကုသနေရ၊ ကျူးလွန်သူ ဆရာတော် ထွက်ပြေးလွတ်မြောက်နေ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၄ (People Media)

 

ဒီဇင်ဘာ (၃) ရက်နေ့ ညနေ (၃း၁၅) အချိန်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာအနီး၌ ဆရာ တော်တစ်ပါးမောင်းနှင်သည့် လိုင်စင်မဲ့ယာဉ်သည် ဆိုင်ကယ်တစ်စီးကို နောက်မှဝင်တိုက်ရာ ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသော အသက် ၅ နှစ်အရွယ် ကလေးငယ်၊ အသက် ၁၂ အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မော် လမြိုင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံလူမှုရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပေါ်ပြီးနောက် ကျူးလွန်သည့် ဆရာတော်သည် အခင်းဖြစ်နေရာမှ ထွက်ပြေးသွားပြီး လက်ရှိအချိန်၌ လွတ်မြောက်နေကြောင်း တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

“ကလေး နှစ်ယောက်ပါ၊ ၁၂ နှစ်အရွယ်တစ်ယောက်၊ ၅ နှစ်အရွယ်တစ်ယောက်၊ မိခင်ဖြစ်သူက အသက် ၂၅ နှစ်ခန့်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုများနိုင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်းများ၌ တရားမဝင် လိုင်စင်မဲ့ယာဉ်များအသုံးပြုနေသလို ဆရာတော်အချို့သည် ကိုယ်တိုင်ယာဉ်မောင်းမှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိပါ တယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူပုဂ္ဂိုလ်များသည်လည်း တရားမဝင်ယာဉ်များ အသုံးပြုလျက်ရှိပါ တယ်။

 

#PeopleMedia #သံဖြူဇရပ်မြို့နယ်

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post