• Follow Us on

Home သံျဖဴဇရပ္ၿမိဳ႕၌ က်ပ္သိန္းေပါင္း (၄၀၀၀)ခန္႔ တန္ဖုိးရွိ မူယစ္ေဆးပါမ်ား တင္ေဆာင္လာသည့္ ယာဥ္ကုိ လုံၿခံဳေရးအဖြဲ႔မ်ားက ပစ္ခတ္ဖမ္းဆီး

သံျဖဴဇရပ္ၿမိဳ႕၌ က်ပ္သိန္းေပါင္း (၄၀၀၀)ခန္႔ တန္ဖုိးရွိ မူယစ္ေဆးပါမ်ား တင္ေဆာင္လာသည့္ ယာဥ္ကုိ လုံၿခံဳေရးအဖြဲ႔မ်ားက ပစ္ခတ္ဖမ္းဆီး

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၂

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၌ ICE ႏွင့္WY စုစုေပါင္း က်ပ္ငိန္းေပါင္း(၄၀၀၀)တင္ေဆာင္လာသည့္ ယာဥ္ကုိ လုံၿခံဳေရးအဖြဲ႔မ်ားက စစ္ေဆးရာ၌ အတင္းေမာင္းႏွင္ထြက္ေျပးျခင္းေၾကာင့္ လုံၿခံဳေရးအဖြဲ႔မ်ားက ပစ္ခတ္ ဖမ္းဆီးခဲ့ပါတယ္။

ျဖစ္စဥ္မွာ စက္တက္ဘာ(၁၂)ရက္ေန႔ နံနက္(၁၁)နာရီအခ်ိန္၌ ဘုရားသုံးဆူၿမိဳ႕ဘက္မွ သံျဖဴဇရပ္ၿမိဳ႕န ယ္အတြင္းသုိ႔ ေမာင္းႏွင္လာသည့္ Honda Fit ကုိ လုံၿခံဳေရးအဖြဲ႔မ်ားက တားဆီးစစ္ေဆးရာ ယာဥ္ကုိ အရုိန္ျပင္းစြာျဖင့္ အစစ္ေဆးမခံပဲထြက္ေျပးခဲ့ၾကပါတယ္။

ထုိ႔ေၾကာင့္ လုံၿခံဳေရးအဖြဲ႔မ်ားက ထပ္ၾကပ္မကြာလုိက္ပါ၍ Honda Fit ၏ ဘီးမ်ားကုိ ေသနတ္ျဖင့္ ပစ္ေဖာက္ခဲ့ပါတယ္။

ထုိသုိ႔ပစ္ေဖာက္ၿပီးေနာက္ ယာဥ္တံခါးကုိ ဖြင့္ရန္ လုံၿခံဳေရးအဖြဲ႔မ်ားက ညႊန္ၾကားေသာ္လည္း မူးယစ္ေဆး သယ္ေဆာင္သူမ်ားက ျပန္လည္ခုခံမႈ ျပဳလုပ္ခဲ့ၾကတယ္လုိ႔ ျပည္နယ္ မူးယစ္အဖြဲ႕တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာဆုိပါတယ္။

လက္ရွိအခ်ိန္၌ မူးယစ္ေဆးသယ္ေဆာင္ခဲ့ၾကသည့္ ဘုရားသုံးဆူၿမိဳ႕နယ္ေန သုံးဦးကုိ သံျဖဴဇရပ္ၿမိဳ႕နယ္ ရဲစခန္း၌ ဥပေဒအရ ေဆာင္ရြက္လ်က္ရွိပါတယ္။

#PeopleMedia #မူးယစ္ #WY #ICE #သံျဖဴဇရပ္

(unicode)
သံဖြူဇရပ်မြို့၌ ကျပ်သိန်းပေါင်း (၄၀၀၀)ခန့် တန်ဖိုးရှိ မူယစ်ဆေးပါများ တင်ဆောင်လာသည့် ယာဉ်ကို လုံခြုံရေးအဖွဲ့များက ပစ်ခတ်ဖမ်းဆီး
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ICE နှင့်WY စုစုပေါင်း ကျပ်ငိန်းပေါင်း(၄၀၀၀)တင်ဆောင်လာသည့် ယာဉ်ကို လုံခြုံရေးအဖွဲ့များက စစ်ဆေးရာ၌ အတင်းမောင်းနှင်ထွက်ပြေးခြင်းကြောင့် လုံခြုံရေးအဖွဲ့များက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ဖြစ်စဉ်မှာ စက်တက်ဘာ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်၌ ဘုရားသုံးဆူမြို့ဘက်မှ သံဖြူဇရပ်မြို့န ယ်အတွင်းသို့ မောင်းနှင်လာသည့် Honda Fit ကို လုံခြုံရေးအဖွဲ့များက တားဆီးစစ်ဆေးရာ ယာဉ်ကို အရိုန်ပြင်းစွာဖြင့် အစစ်ဆေးမခံပဲထွက်ပြေးခဲ့ကြပါတယ်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့များက ထပ်ကြပ်မကွာလိုက်ပါ၍ Honda Fit ၏ ဘီးများကို သေနတ်ဖြင့် ပစ်ဖောက်ခဲ့ပါတယ်။

ထိုသို့ပစ်ဖောက်ပြီးနောက် ယာဉ်တံခါးကို ဖွင့်ရန် လုံခြုံရေးအဖွဲ့များက ညွှန်ကြားသော်လည်း မူးယစ်ဆေး သယ်ဆောင်သူများက ပြန်လည်ခုခံမှု ပြုလုပ်ခဲ့ကြတယ်လို့ ပြည်နယ် မူးယစ်အဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

လက်ရှိအချိန်၌ မူးယစ်ဆေးသယ်ဆောင်ခဲ့ကြသည့် ဘုရားသုံးဆူမြို့နယ်နေ သုံးဦးကို သံဖြူဇရပ်မြို့နယ် ရဲစခန်း၌ ဥပဒေအရ ဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia #မူးယစ် #WY #ICE #သံဖြူဇရပ်


Share this post