• Follow Us on

Home သံ႐ံုးမ်ားႏွင့္ဘာသာေရးဆိုင္ရာေနရာမ်ားအပါအ၀င္ ေနရာအမ်ားအျပားတြင္ အစြန္းေရာက္မ်ား၏တိုက္ခိုက္မႈၾကံဳႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္တရားဥပေဒစိုးမိုးေရးအရာ႐ွိမ်ားကိုသတိေပး

သံ႐ံုးမ်ားႏွင့္ဘာသာေရးဆိုင္ရာေနရာမ်ားအပါအ၀င္ ေနရာအမ်ားအျပားတြင္ အစြန္းေရာက္မ်ား၏တိုက္ခိုက္မႈၾကံဳႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္တရားဥပေဒစိုးမိုးေရးအရာ႐ွိမ်ားကိုသတိေပး

Share this post

ဒါကာ၊ ဇူလိုင္ ၃၀

မြတ္ဆလင္ဥပုသ္လပထမ ၁၀ ရက္အတြင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွတရားဥပေဒစိုးမိုးေရးအရာ႐ွိမ်ား၊ ႏိုင္ငံျခားသံ႐ံုးမ်ားႏွင့္သံတမန္မ်ား၊ ဘာသာေရးအျပင္အဆင္မ်ားႏွင့္ ေလဆိပ္မ်ားကို အစြန္းေရာက္မ်ားက တိုက္ခိုက္လာႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္တရားဥပေဒစိုးမိုးေရးႏွင့္ေထာက္လွမ္းေရးေအဂ်င္စီမ်ားကို သတိေပးထားသည္။

ဇူလိုင္ ၁၉ ရက္တြင္ထုတ္ျပန္ခဲ့သည့္စာတြင္ ဂ်မ္မာတူ မူဂ်ာဟစ္ဒင္အဖြဲ႔ခြဲတစ္ခုမွအသက္ ၁၅ ႏွင့္ ၃၀ ၾကား႐ွိသည့္လူငယ္တစ္စုက မနက္ပိုင္းႏွင့္ညနက္ပိုင္းတို႔တြင္ အေသခံတိုက္ခိုက္မႈမ်ားျပဳလုပ္မည္ဟု ရဲစခန္းမ်ားကေျပာသည္။

ပစ္မွတ္ျဖစ္လာႏိုင္သည့္ေနရာမ်ားမွာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ စခန္းမ်ား၊ ယာဥ္မ်ား၊ ဒါကာၿမိဳ႕မွ အေမရိကန္၊ အိႏိၵယႏွင့္ ျမန္မာသံ႐ံုးတို႔ႏွင့္၀န္ထမ္းမ်ား၊ ႐ွီးယိုက္ဘာသာေရးအေဆာက္အဦမ်ား၊ ၀တ္ေက်ာင္းမ်ားႏွင့္နီးကပ္ေနသည့္ဗလီမ်ား၊ ဘုရားေက်ာင္းမ်ား၊ ခရစ္ယာန္ဘုရားေက်ာင္းမ်ားႏွင့္ ဘုရားမ်ားျဖစ္ေၾကာင္း စာတြင္ပါ၀င္သည္။

အစြန္းေရာက္မ်ားက သူတို႔၏ဘဂၤလားေဒ့႐ွ္ႏိုင္ငံအတြင္းပိုင္နက္ေၾကညာခ်င္ေနၾကၿပီး သူတို႔ႀကိဳးပမ္းမႈပ်က္စီးေစရန္ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း ဒါကာၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔၏ အၾကမ္းဖက္မႈတံု႔ျပန္ေရးႏွင့္ႏိုင္ငံျဖတ္ေက်ာ္မႈခင္းတပ္ဖြဲ႔ ဒုတိယရဲမွဴးႀကီး ဆိုင္ဖူ အစၥလာမ္ကေျပာသည္။

အိုင္အက္စ္အဖြဲ႔စိုးမိုးမႈ႐ွိေနသည့္လူငယ္မ်ားက ၾသဂုတ္လမတိုင္မီႏွင့္ၾသဂုတ္လထဲတြင္ တိုက္ခိုက္မႈမ်ားျပဳလုပ္လာႏိုင္ေၾကာင္းလည္း သူကသတိေပးသည္။

ၾကာသပေတးေန႔တြင္ ဒါကာၿမိဳ႕မွပူရာနာပယ္တန္တြင္ ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္းတြင္ အၾကမ္းဖက္မႈတံု႔ျပန္ေရးႏွင့္ႏိုင္ငံျဖတ္ေက်ာ္မႈခင္းတပ္ဖြဲ႔မွဗံုး႐ွင္းလင္းေရးတပ္ဖြဲ႔ အခင္းျဖစ္ရာသို႔လာေရာက္ၿပီး သက္ေသမ်ားစုေဆာင္းသည္။

Ref : Law enforcers alerted to possible extremist attack

#PeopleMedia

(Unicode)
သံရုံးများနှင့်ဘာသာရေးဆိုင်ရာနေရာများအပါအဝင် နေရာအများအပြားတွင် အစွန်းရောက်များ၏တိုက်ခိုက်မှုကြုံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားဥပဒေစိုးမိုးရေးအရာရှိများကိုသတိပေး
…………………………………………….

ဒါကာ၊ ဇူလိုင် ၃၀

မွတ်ဆလင်ဥပုသ်လပထမ ၁၀ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတရားဥပဒေစိုးမိုးရေးအရာရှိများ၊ နိုင်ငံခြားသံရုံးများနှင့်သံတမန်များ၊ ဘာသာရေးအပြင်အဆင်များနှင့် လေဆိပ်များကို အစွန်းရောက်များက တိုက်ခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားဥပဒေစိုးမိုးရေးနှင့်ထောက်လှမ်းရေးအေဂျင်စီများကို သတိပေးထားသည်။

ဇူလိုင် ၁၉ ရက်တွင်ထုတ်ပြန်ခဲ့သည့်စာတွင် ဂျမ်မာတူ မူဂျာဟစ်ဒင်အဖွဲ့ခွဲတစ်ခုမှအသက် ၁၅ နှင့် ၃၀ ကြားရှိသည့်လူငယ်တစ်စုက မနက်ပိုင်းနှင့်ညနက်ပိုင်းတို့တွင် အသေခံတိုက်ခိုက်မှုများပြုလုပ်မည်ဟု ရဲစခန်းများကပြောသည်။

ပစ်မှတ်ဖြစ်လာနိုင်သည့်နေရာများမှာ ရဲတပ်ဖွဲ့ဝင်များနှင့် စခန်းများ၊ ယာဉ်များ၊ ဒါကာမြို့မှ အမေရိကန်၊ အိန္ဒိယနှင့် မြန်မာသံရုံးတို့နှင့်ဝန်ထမ်းများ၊ ရှီးယိုက်ဘာသာရေးအဆောက်အဦများ၊ ဝတ်ကျောင်းများနှင့်နီးကပ်နေသည့်ဗလီများ၊ ဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုရားများဖြစ်ကြောင်း စာတွင်ပါဝင်သည်။

အစွန်းရောက်များက သူတို့၏ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပိုင်နက်ကြေညာချင်နေကြပြီး သူတို့ကြိုးပမ်းမှုပျက်စီးစေရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဒါကာမြို့တော်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဆိုင်ဖူ အစ္စလာမ်ကပြောသည်။

အိုင်အက်စ်အဖွဲ့စိုးမိုးမှုရှိနေသည့်လူငယ်များက သြဂုတ်လမတိုင်မီနှင့်သြဂုတ်လထဲတွင် တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်းလည်း သူကသတိပေးသည်။

ကြာသပတေးနေ့တွင် ဒါကာမြို့မှပူရာနာပယ်တန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းတပ်ဖွဲ့မှဗုံးရှင်းလင်းရေးတပ်ဖွဲ့ အခင်းဖြစ်ရာသို့လာရောက်ပြီး သက်သေများစုဆောင်းသည်။

Ref : Law enforcers alerted to possible extremist attack

#PeopleMedia


Share this post