• Follow Us on

Home သ႐ုပ္ေဆာင္ခ်စ္သုေ၀ကို တရားစြဲဆုိရန္ ေလ်ာက္ထားမႈ ခရုိင္ရုံးက ပလပ္၍ တိုင္းလႊတ္ေတာ္ထိ ဆက္လက္တက္မည္

သ႐ုပ္ေဆာင္ခ်စ္သုေ၀ကို တရားစြဲဆုိရန္ ေလ်ာက္ထားမႈ ခရုိင္ရုံးက ပလပ္၍ တိုင္းလႊတ္ေတာ္ထိ ဆက္လက္တက္မည္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၇

သ႐ုပ္ေဆာင္ခ်စ္သုေ၀ကို တရားစြဲဆုိရန္ ေလ်ာက္ထားမႈ ခရုိင္ရုံးက ပလပ္၍ တိုင္းလႊတ္ေတာ္ထိ ဆက္လက္တက္မည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေအးပုိင္က ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ပန္ခ်ီကားႏွင့္ ပတ္သက္၍ လူမႈကြန္ယက္၌ ေဖာ္ျပခဲ့သည့္ ျဖစ္စဥ္အေပၚ သ႐ုပ္ေဆာင္ခ်စ္သုေ၀ကို တရားစြဲဆိုရန္ သဃၤန္းကၽြန္းျမိဳ႕နယ္တရားရုံ၊ခရုိင္တရားရုံးသုိ႔ အဆင့္ဆင့္ ေလ်ာက္ထားခဲ့ေသာ္လည္း ပလပ္ခံရ၍ ရန္ကုန္တုိင္းတရားရုံးသုိ႔ ဆက္လက္ေလ်ာက္ထားရန္ တရားလႊတ္ေတာ္ဦးေအးပုိင္က စီစဥ္လ်က္ရွိသည္။

“ပလပ္ခဲ့တဲ့အမိန္႔ေပၚမွာ အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးကို တက္ေရာက္ခဲ့ပါတယ္။ မေန႔ကတက္တာကေတာ့ ၃၄၀/၂၀၂၀ နဲ႔ ဦးေအးပိုင္ကေနၿပီးေတာ့ ျပင္ဆင္ခ်က္တက္ပါတယ္။ တက္တဲ့အခါမွာ တြဲဘက္ခ႐ိုင္တရား သူႀကီးက ၾကားနာ ၿပီးတဲ့အခါမွာ အမႈကို ဒီေန႔ဒီရက္ပလပ္ခံရပါတယ္။ ဒီပန္းခ်ီကားနဲ႔ပတ္သက္ၿပီး ႏွစ္ႀကိမ္ ပလပ္ခံရတဲ့အတြက္ ကၽြန္ေတာ္တို႔က ဆက္လုပ္စရာ တိုင္းလႊတ္ေတာ္ကိုပဲ တက္ဖို႔ရွိပါတယ္။ ခုကေတာ့ ၿပီးသြားၿပီ။ ဒါကိုမိတၱဴဆြဲၿပီးေတာ့ တိုင္းကိုတက္ဖို႔က်န္ပါေတာ့တယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေအးပိုင္မွ ေျပာသည္။

တရားလႊတ္ေတာ္ေရွ႕ေနဦးေအးပုိင္းသည္ အမ်ဳိးသားေရး တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္သည္။

#PeopleMedia #ဦးေအးပုိင္ #ခ်စ္သုေဝ

(unicode)
သရုပ်ဆောင်ချစ်သုဝေကို တရားစွဲဆိုရန် လျောက်ထားမှု ခရိုင်ရုံးက ပလပ်၍ တိုင်းလွှတ်တော်ထိ ဆက်လက်တက်မည်
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၇

သရုပ်ဆောင်ချစ်သုဝေကို တရားစွဲဆိုရန် လျောက်ထားမှု ခရိုင်ရုံးက ပလပ်၍ တိုင်းလွှတ်တော်ထိ ဆက်လက်တက်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပန်ချီကားနှင့် ပတ်သက်၍ လူမှုကွန်ယက်၌ ဖော်ပြခဲ့သည့် ဖြစ်စဉ်အပေါ် သရုပ်ဆောင်ချစ်သုဝေကို တရားစွဲဆိုရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံ၊ခရိုင်တရားရုံးသို့ အဆင့်ဆင့် လျောက်ထားခဲ့သော်လည်း ပလပ်ခံရ၍ ရန်ကုန်တိုင်းတရားရုံးသို့ ဆက်လက်လျောက်ထားရန် တရားလွှတ်တော်ဦးအေးပိုင်က စီစဉ်လျက်ရှိသည်။

“ပလပ်ခဲ့တဲ့အမိန့်ပေါ်မှာ အရှေ့ပိုင်းခရိုင်တရားရုံးကို တက်ရောက်ခဲ့ပါတယ်။ မနေ့ကတက်တာကတော့ ၃၄၀/၂၀၂၀ နဲ့ ဦးအေးပိုင်ကနေပြီးတော့ ပြင်ဆင်ချက်တက်ပါတယ်။ တက်တဲ့အခါမှာ တွဲဘက်ခရိုင်တရား သူကြီးက ကြားနာ ပြီးတဲ့အခါမှာ အမှုကို ဒီနေ့ဒီရက်ပလပ်ခံရပါတယ်။ ဒီပန်းချီကားနဲ့ပတ်သက်ပြီး နှစ်ကြိမ် ပလပ်ခံရတဲ့အတွက် ကျွန်တော်တို့က ဆက်လုပ်စရာ တိုင်းလွှတ်တော်ကိုပဲ တက်ဖို့ရှိပါတယ်။ ခုကတော့ ပြီးသွားပြီ။ ဒါကိုမိတ္တူဆွဲပြီးတော့ တိုင်းကိုတက်ဖို့ကျန်ပါတော့တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်မှ ပြောသည်။

တရားလွှတ်တော်ရှေ့နေဦးအေးပိုင်းသည် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။

#PeopleMedia #ဦးအေးပိုင် #ချစ်သုဝေ


Share this post