• Follow Us on

Home သဏ္ဍန်တူစစ်ရေးလေ့ကျင့်မှုတွင် ဗြိတိန်တပ်ဖွဲ့ဝင်များက အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကို ထိန်းချုပ်ထားနိုင်ခဲ့ ကြောင်း ပြောဆိုမှုကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များငြင်းဆို

သဏ္ဍန်တူစစ်ရေးလေ့ကျင့်မှုတွင် ဗြိတိန်တပ်ဖွဲ့ဝင်များက အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကို ထိန်းချုပ်ထားနိုင်ခဲ့ ကြောင်း ပြောဆိုမှုကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များငြင်းဆို

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆ (People Media)

 

ကယ်လီဖိုးနီးယားသဲကန္တာရတစ်ခုတွင်ပြုလုပ်သော သဏ္ဍန်လုပ်စစ်ဆင်ရေးတစ်ခုတွင် အမေရိကန်တပ်ဖွဲ့ဝင် များသည် ဗြိတိန်တပ်ဖွဲ့ဝင်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကိုခံခဲ့ရပြီး လက်နက်ချရန် ဖိအားပေးခံခဲ့ရသည်ဆိုသည့် ပြောဆိုချက်ကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များက ငြင်းဆိုလိုက်သည်။

 

ကယ်လီဖိုးနီးယားပြည်နယ် မိုဂျာဗီသဲသန္တာရတွင် ငါးရက်ကြာပြုလုပ်ခဲ့သော Exercise Green Dagger သဏ္ဍန် တူစစ်ရေးလေ့ကျင့်မှုတွင် ဗြိတိန်ကွန်မန်ဒိုများက အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က တယ်လီဂရမ်တွင်ရေးသားဖော်ပြခဲ့သည်။

 

ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့ဝင်များက အမေရိကန်မရိန်းတပ်ဖွဲ့တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့ရာ အမေရိ ကန်တပ်ဖွဲ့ဝင်များက စစ်ရေးလေ့ကျင့်မှုတစ်ဝက်တစ်ပျက်အနေအထားမှ ပြန်လည်စတင်ရန်တောင်းဆိုခဲ့ ကြောင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များ သဏ္ဍန်လုပ်ကျဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရသည်။

 

ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဒတ်ချ်နှင့် အာရပ်သမ္မတစော်ဘွားများနိုင်ငံတို့မှ စစ်သည်များနှင့်ဖွဲ့စည်းထားသည့် မဟာမိတတပ်ဖွဲ့သည် အဆင့်မြင့်စစ်လက်နက်ပစ္စည်းများတပ်ဆင်ထားသည့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကို အန်တုဖက်ပြိုင်ခဲ့ကြသည်ဟု ဗြိတိန်တော်ဝင်ရေတပ်ကပြောကြားခဲ့ကြောင်း စစ်ရေးလေ့ကျင့်အပြီး ထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ဗြိတိန်ကွန်မန်ဒိုများသည် အမေရိကန်တပ်စခန်းနောက်ပိုင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အမေရိကန်တပ်ဖွဲ့ ဝင်များ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ မြေပြင်စခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် နောက်ဆုံးအဆုံးအဖြတ်ပေးသည့်တိုက် ပွဲကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း ဗြိတိန်တော်ဝင်ရေတပ်ကပြောသည်။

 

“ကျွန်တော်တို့ ကွန်မန်ဒိုတပ်ဖွဲ့အသစ်အယူအဆဟာ အရင်တုန်းကထက် အများကြီးထိရောက်ပြီး ခေတ်မီလာ ပြီဆိုတာက ကျွန်တော်တို့အောင်မြင်မှုက သက်သေပြလိုက်တာပါပဲ။” ဟု ကွန်မင်ဒိုတပ်ဖွဲ့ဝင် ၄၀ ကို ဦးစီးကွပ် ကဲရသည့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအန်ဒီဒေါက ပြောသည်။

 

“စစ်ရေးလေ့ကျင့်မှုနဲ့ ဘယ်သူတွေအောင်ပွဲရတယ်ဆိုတာ အဆုံးအဖြတ်ပေးလို့မရပါဘူး။ ဒီစစ်ရေးလေ့ကျင့်မှုက လက်နက်ချတာတို့၊ ရမှတ်ကို မှတ်တမ်းတင်ထားတာတို့၊ ပြန်လည်ဖွဲ့စည်းတာတို့ လုပ်ဆောင်နိုင်ဖို့ သက်သေပြ နေတာမဟုတ်ဘူး။ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်က တပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်နဲ့ တိုက်ပွဲဝင်အသင့် ဖြစ်မှုကို မြှင့်တင်နိုင်ဖို့ပါ။” ဟု အမေရိကန်မရိန်းတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ကြီးဇာချာရီကိုးလ်ဗင်ကပြောသည်။

 

“ဒီလေ့ကျင့်မှုအခွင့်အလမ်းက စစ်ရေးအရအသင့်ဖြစ်မှုနဲ့ အမေရိကန်မရိန်းတပ်ဖွဲ့တွေနဲ့ နိုင်ငံပေါင်းစုံတပ်ဖွဲ့ဝင် တွေ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ရာမှာ တပ်ဖွဲ့ခေါင်းဆောင်တွေကို အထောက်အကူဖြစ်စေဖို့ လိုအပ်တဲ့အတိုင်း စစ်ရေးလေ့ကျင့်မှုရဲ့ အနာဂတ်ဖြစ်နိုင်ခြေတွေကို ညှိနှိုင်းထားပါတယ်” ဟု ကိုးလ်ဗင်ကပြောသည်။

 

Ref: US Marines deny British commandos ‘dominated’ them during war games

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Marines deny British commandos ‘dominated’ them during war games

 

#PeopleMedia


Share this post