• Follow Us on

Home ဟန္တာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးမႈကို တ႐ုတ္ပညာရွင္မ်ား စုံစမ္းစစ္ေဆးေန

ဟန္တာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးမႈကို တ႐ုတ္ပညာရွင္မ်ား စုံစမ္းစစ္ေဆးေန

Share this post

ေဘက်င္း၊ မတ္ ၂၅

တ႐ုတ္ႏိုင္ငံအေေနာက္ေတာင္ပိုင္းယူနန္ျပည္နယ္တြင္ ဟန္တာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈျဖစ္ၿပီးေနာက္ ဗိုင္း ရပ္စ္ ပ်ံ႕ႏွံ႔မႈရွိ၊ မရွိ ကြၽမ္းက်င္သူမ်ား စုံစမ္းစစ္ေဆးေနၾကသည္။

ယူနန္မွာစီရင္စုတစ္ခုရွိ ဟန္တာဗိုင္းရပ္စ္ကူးစက္ခံထားရသူ အမ်ိဳးသားတစ္ေယာက္ တနလၤာေန႔တြင္ ေသဆုံး ခဲ့ၿပီးေနာက္ စတင္စုံစမ္းေနျခင္းျဖစ္သည္။

ထိုအမ်ိဳးသားမွာ တ႐ုတ္ႏိုင္ငံအေရွ႕ေတာင္ပိုင္းရွိ ရွန္ေဒါင္းျပည္နယ္တြင္ အလုပ္လုပ္ၿပီး အိမ္ျပန္လာသူျဖစ္ သည္။

ကန္ယြမ္ခ႐ိုင္မွ ျပန္လာသည့္ကားေပၚတြင္ မိသားစုအမည္ တ်န္ဆိုသည့္ေသဆုံးသူအပါအဝင္ေရႊ႕ေျပာင္းလုပ္ သား ၃၀ ေယာက္၊ ယာဥ္ေမာင္း ၂ ေယာက္ႏွင့္ ေဆးဝန္ထမ္းတစ္ေယာက္ပါဝင္သည္။

တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္းရွန္းရွီျပည္နယ္မွ နင္ရွန္းစီရင္စုတြင္ ဗိုင္းရပ္စ္ကူးစက္ခံရသည့္လကၡဏာမ်ား ျပခဲ့ၿပီးေနာက္ သူႏွင့္ အဖ်ားလကၡဏာျပသည့္ အျခား ၂ ေယာက္ကို ေဆး႐ုံပို႔ေဆာင္ခဲ့သည္။

၄ နာရီအၾကာတြင္ တ်န္က ဟန္တာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္ၿပီး ေသဆုံးခဲ့သည္။

ေနာက္ထပ္ ၂ ေယာက္တြင္ေတာ့ ဟန္တာဗိုင္းရပ္စ္ေရာ၊ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ nCov-19(COVID-19 ေရာဂါျဖစ္ေစသည့္ဗိုင္းရပ္စ္)မေတြ႕ရွိေၾကာင္း ေတြ႕ရၿပီးေနာက္ ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့သည္။
ဟန္တာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈရွိ၊ မရွိ စစ္ေဆးမည့္ကန္ယြမ္ေကာင္တီသို႔ ေရာက္ရွိေနၿပီး အေရျပားတြင္ထိေတြ႕မႈရွိ၊ မရွိစစ္ေဆးမည္ျဖစ္ေၾကာင္း စစ္ေဆးေနသည့္အဖြဲ႕တြင္ပါဝင္သည့္ ကြၽမ္းက်င္သူဇိုရွိဖူက တ႐ုတ္အစိုးရပိုင္ CGTN သတင္းဌာနကိုေျပာသည္။

ယူနန္တြင္ ၂၀၁၅ မွ ၂၀၁၉ ခုႏွစ္အတြင္း ဟန္တာဗိုင္းရပ္စ္ကူးစက္မႈ ၁၂၃၁ မႈရွိခဲ့ၿပီး ေသဆုံးသူတစ္ေယာက္ ရွိခဲ့ေသာ္လည္း ကန္ယြမ္တြင္ေသဆုံးသူမရွိေၾကာင္း ဇိုကေျပာသည္။

ဟန္တာဗိုင္းရပ္စ္မွာ ႂကြက္ႏွင့္ရွဥ့္မ်ားမွ အဓိကကူးစက္ၿပီး လူမ်ားတြင္ ေရာဂါအမ်ိဴးမ်ိဳးျဖစ္ႏိုင္သည့္ဗိုင္းရပ္စ္ ျဖစ္သည္။

ဟန္တာဗိုင္းရပ္စ္အဆုတ္ေရာဂါ(HPS)ႏွင့္ ေသြးလြန္တုပ္ေကြးဆီးေရာဂါ (HFRS) တို႔ ျဖစ္ႏိုင္သည့္ ဗိုင္းရပ္စ္ ျဖစ္သည္။

ေလထုထဲမွမကူးစက္ေသာ္လည္း ႂကြက္၊ ရွဥ့္ဆီး၊ မစင္ႏွင့္ တံေတြးမ်ားႏွင့္ ထိေတြ႕မႈႏွင့္ ကူးစက္ခံအေကာင္ တစ္ေကာင္ကိုက္ခံရမႈတို႔ျဖင့္ ကူးစက္ႏိုင္သည္။

ထို႔အျပင္ လူလူခ်င္းမကူးစက္ႏိုင္ဘဲ အုပ္စု ခ ကူးစက္ေရာဂါမ်ားျဖစ္ပြားႏိုင္သည့္ဗိုင္းရပ္စ္အျဖစ္ တ႐ုတ္ႏိုင္ငံ တြင္သတ္မွတ္ထားသည္။

အေစာပိုင္းလကၡဏာမ်ားတြင္ ႏုံးခ်ိျခင္း၊ ဖ်ားနာျခင္း၊ ႂကြက္သားမ်ားႏွင့္ ေခါင္းကိုက္ျခင္း၊ မူးေဝမႈ၊ ခ်မ္းတုန္မႈႏွင့္ ဗိုက္နာမႈမ်ားပါဝင္သည္။

မကုသဘဲထားပါက ေခ်ာင္းဆိုးၿပီး အသက္႐ွဴၾကပ္လာသည့္အျပင္ ေသဆုံးမႈအထိျဖစ္ႏိုင္သည္။

တုပ္ေကြးျဖစ္ပြားမႈကို ကာကြယ္ေဆးထိုးထားႏိုင္ၿပီး သန္႔သန္႔ရွင္းရွင္းေနရန္၊ တစ္ကိုယ္ေရက်န္းမာေရးဂ႐ုစိုက္ ရန္၊ ႂကြက္မ်ားေနထိုင္သည့္ေနရာမ်ားကိုသုတ္သင္ရန္ႏွင့္ အေရျပားထိခိုက္မႈမျဖစ္ေရး တစ္ကိုယ္ေရကာကြယ္မႈ ျမႇင့္တင္ရန္တို႔ လုပ္သင့္ေၾကာင္းလည္း ဇိုကေျပာသည္။

Ref: China Medical Experts Imvestigate Hanta Virus Death

#PeopleMedia #HantaVirus

(Unicode)
ဟန်တာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုကို တရုတ်ပညာရှင်များ စုံစမ်းစစ်ဆေးနေ
……………………………………………………

ဘေကျင်း၊ မတ် ၂၅

တရုတ်နိုင်ငံအေေနာက်တောင်ပိုင်းယူနန်ပြည်နယ်တွင် ဟန်တာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဖြစ်ပြီးနောက် ဗိုင်း ရပ်စ် ပျံ့နှံ့မှုရှိ၊ မရှိ ကျွမ်းကျင်သူများ စုံစမ်းစစ်ဆေးနေကြသည်။

ယူနန်မှာစီရင်စုတစ်ခုရှိ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမျိုးသားတစ်ယောက် တနင်္လာနေ့တွင် သေဆုံး ခဲ့ပြီးနောက် စတင်စုံစမ်းနေခြင်းဖြစ်သည်။

ထိုအမျိုးသားမှာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှန်ဒေါင်းပြည်နယ်တွင် အလုပ်လုပ်ပြီး အိမ်ပြန်လာသူဖြစ် သည်။

ကန်ယွမ်ခရိုင်မှ ပြန်လာသည့်ကားပေါ်တွင် မိသားစုအမည် တျန်ဆိုသည့်သေဆုံးသူအပါအဝင်ရွှေ့ပြောင်းလုပ် သား ၃၀ ယောက်၊ ယာဉ်မောင်း ၂ ယောက်နှင့် ဆေးဝန်ထမ်းတစ်ယောက်ပါဝင်သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှန်းရှီပြည်နယ်မှ နင်ရှန်းစီရင်စုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာများ ပြခဲ့ပြီးနောက် သူနှင့် အဖျားလက္ခဏာပြသည့် အခြား ၂ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့သည်။

၄ နာရီအကြာတွင် တျန်က ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်ပြီး သေဆုံးခဲ့သည်။

နောက်ထပ် ၂ ယောက်တွင်တော့ ဟန်တာဗိုင်းရပ်စ်ရော၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် nCov-19(COVID-19 ရောဂါဖြစ်စေသည့်ဗိုင်းရပ်စ်)မတွေ့ရှိကြောင်း တွေ့ရပြီးနောက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
ဟန်တာဗိုင်းရပ်စ်ပျံ့နှံ့မှုရှိ၊ မရှိ စစ်ဆေးမည့်ကန်ယွမ်ကောင်တီသို့ ရောက်ရှိနေပြီး အရေပြားတွင်ထိတွေ့မှုရှိ၊ မရှိစစ်ဆေးမည်ဖြစ်ကြောင်း စစ်ဆေးနေသည့်အဖွဲ့တွင်ပါဝင်သည့် ကျွမ်းကျင်သူဇိုရှိဖူက တရုတ်အစိုးရပိုင် CGTN သတင်းဌာနကိုပြောသည်။

ယူနန်တွင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ၁၂၃၁ မှုရှိခဲ့ပြီး သေဆုံးသူတစ်ယောက် ရှိခဲ့သော်လည်း ကန်ယွမ်တွင်သေဆုံးသူမရှိကြောင်း ဇိုကပြောသည်။

ဟန်တာဗိုင်းရပ်စ်မှာ ကြွက်နှင့်ရှဉ့်များမှ အဓိကကူးစက်ပြီး လူများတွင် ရောဂါအမျိူးမျိုးဖြစ်နိုင်သည့်ဗိုင်းရပ်စ် ဖြစ်သည်။

ဟန်တာဗိုင်းရပ်စ်အဆုတ်ရောဂါ(HPS)နှင့် သွေးလွန်တုပ်ကွေးဆီးရောဂါ (HFRS) တို့ ဖြစ်နိုင်သည့် ဗိုင်းရပ်စ် ဖြစ်သည်။

လေထုထဲမှမကူးစက်သော်လည်း ကြွက်၊ ရှဉ့်ဆီး၊ မစင်နှင့် တံတွေးများနှင့် ထိတွေ့မှုနှင့် ကူးစက်ခံအကောင် တစ်ကောင်ကိုက်ခံရမှုတို့ဖြင့် ကူးစက်နိုင်သည်။

ထို့အပြင် လူလူချင်းမကူးစက်နိုင်ဘဲ အုပ်စု ခ ကူးစက်ရောဂါများဖြစ်ပွားနိုင်သည့်ဗိုင်းရပ်စ်အဖြစ် တရုတ်နိုင်ငံ တွင်သတ်မှတ်ထားသည်။

အစောပိုင်းလက္ခဏာများတွင် နုံးချိခြင်း၊ ဖျားနာခြင်း၊ ကြွက်သားများနှင့် ခေါင်းကိုက်ခြင်း၊ မူးဝေမှု၊ ချမ်းတုန်မှုနှင့် ဗိုက်နာမှုများပါဝင်သည်။

မကုသဘဲထားပါက ချောင်းဆိုးပြီး အသက်ရှူကြပ်လာသည့်အပြင် သေဆုံးမှုအထိဖြစ်နိုင်သည်။

တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးထားနိုင်ပြီး သန့်သန့်ရှင်းရှင်းနေရန်၊ တစ်ကိုယ်ရေကျန်းမာရေးဂရုစိုက် ရန်၊ ကြွက်များနေထိုင်သည့်နေရာများကိုသုတ်သင်ရန်နှင့် အရေပြားထိခိုက်မှုမဖြစ်ရေး တစ်ကိုယ်ရေကာကွယ်မှု မြှင့်တင်ရန်တို့ လုပ်သင့်ကြောင်းလည်း ဇိုကပြောသည်။

Ref: China Medical Experts Imvestigate Hanta Virus Death

#PeopleMedia #HantaVirus


Share this post