• Follow Us on

Home ဟင်္သာတခရိုင်အတွင်းရှိ မီးရထားလမ်းဘေး၌ နေထိုင်သူများသည် ဒီဇင်ဘာ ၂၁ ရက်နေ့ နောက်ဆုံး ဖယ်ရှား ပေးရမည်

ဟင်္သာတခရိုင်အတွင်းရှိ မီးရထားလမ်းဘေး၌ နေထိုင်သူများသည် ဒီဇင်ဘာ ၂၁ ရက်နေ့ နောက်ဆုံး ဖယ်ရှား ပေးရမည်

Share this post

ဧရာဝတီ၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မီးရထားလမ်းဘေး၌ နေထိုင်သူများသည် ဒီဇင်ဘာ ၂၁ ရက်နေ့နောက်ဆုံးထားရွှေ့ပြောင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ မီးရထားမှ ညွှန်ကြားထားကြောင်း သိရပါတယ်။

 

အဆိုပါ အမိန့်စာတွင် ဒီဇင်ဘာ  ၅ ရက်ပါ ရက်စွဲဖြင့် ဟင်္သာတခရိုင်အတွင်း မီးရထားနယ်မြေများတွင် တရားဝင်ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နေထိုင်နေသည့်အတွက် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၃ အရ ၁၅ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အကြောင်းကြားခြင်းဖြစ်ကြောင်း ဖော်ပြပါရှိ ပါတယ်။

 

အထက်ပါကဲ့သို ညွှန်ကြားထားသော်လည်း လာမည့် ၁၅ ရက်အတွင်း ဖယ်ရှားရှင်းလင်းမှုမရှိဘဲ ဆက် လက်ကျူးလွန်နေပါက အင်အားသုံးရှင်းလင်းမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစာမှာ ဖော်ပြ ထားပါတယ်။

 

Photo – credit

 

#PeopleMedia #ဧရာဝတီ

 

(unicode)


…………………………………………………………

 


 


 


 


 

Photo – credit

 



Share this post