• Follow Us on

Home ဟင်္သာတမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောင်ရန် ဦးဌေးဦး မိသားစုမှ ကျပ်သိန်း (၅၀၀) လှူဒါန်း

ဟင်္သာတမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောင်ရန် ဦးဌေးဦး မိသားစုမှ ကျပ်သိန်း (၅၀၀) လှူဒါန်း

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၅ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ဦးဌေးဦး မိသားစုမှ ကျပ်သိန်း (၅၀၀) ကို မတည်လှူဒါန်းလိုက်ပါတယ်။

 

အလားတူ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် စက္ခုပါလဒိ ဖောင်ဒေးရှင်းမှလည်း ကျပ်သိန်း (၁၀၀) လှူဒါန်းလိုက်ပါတယ်။

 

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း ကူးစက်မှုမြင့်တက်လျက်ရှိခြင်းနှင့်အတူ ကူးစက်ခံရ သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်လည်း မြင့်တက်လျက်ရှိပါတယ်။

 

အောက်ဆီဂျင်လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆရာတော်၊ သံဃာ့တော်များ၊ လုပ်ငန်းရှင်းများ၊ ရပ်မိရပ်များ၊ ပြည်သူများ စုပေါင်းပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

 

#PeopleMedia #ဟင်္သာတ #COVID19 #အောက်ဆီဂျင်စက်ရုံ

 

(unicode)


……………………………………………..

 


 


 


 


 


 

#PeopleMedia #ဟငျ်သာတ #COVID19 #အောကျဆီဂငြျစကျရုံ


Share this post