• Follow Us on
Latest News

Home ဟသၤာတၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေဌးဦး၏ ေနအိမ္ရွိ မွန္မ်ား ကုန္းသီးျဖင့္ ပစ္ခတ္ခံရ

ဟသၤာတၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေဌးဦး၏ ေနအိမ္ရွိ မွန္မ်ား ကုန္းသီးျဖင့္ ပစ္ခတ္ခံရ

Share this post

ရန္ကုန္၊ စက္တင္ဘာ-၁၃

ဧရာဝတီတိုင္းေဒသႀကီး၊ဟသၤာတၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေဌးဦး၏ ေနအိမ္ရွိ မွန္မ်ားကို စက္တင္ဘာ(၁၁)ရက္ ညပိုင္း၌ ကုန္းသီးမ်ားျဖင့္ ပစ္ခတ္ခံခဲ့ရတယ္လို႔ ဟသၤာတၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီက အတည္ျပဳ႕ေျပာဆိုပါတယ္။

“၁၁ရက္ေန႔ညပိုင္းက အပစ္ခံရတာ။ရဲစခန္းမွာေတာ့ အမႈဖြင့္ထားတယ္”လို႔ ဟသၤာတၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီက အတည္ျပဳ႕ေျပာဆိုပါတယ္။

ဦးေဌးဦးသည္ ျပည္ခိုင္ၿဖိဳးပါတီ၏အေထြေထြအတြင္းေရးမွဴးတာဝန္ယူခဲ့သူတစ္ဦးျဖစ္သလို ၂၀၁၀ ေရြးေကာက္ပြဲ၌ ဟသၤာတၿမိဳ႕နယ္၏ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ခံခဲ့ရပါတယ္။ထို႔အတူ ၂၀၁၅ ေရြးေကာက္ပြဲ၌ ၿပိဳင္ဘက္ NLD ပါတီ ကိုယ္စားလွယ္ကို မဲကြာဟမႈ နည္းစြာျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။

ဦးေဌးဦးသည္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားျပဳ႕ ဟသၤာတၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ထပ္မံယွဉ္ၿပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

“ဦးေဌးဦး လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ထမ္းေဆာင္စဉ္ကာလမွာ ၿမိဳ႕ေပၚမွာ လမ္းေတြအားလုံးေကာင္းသြားတယ္။ရြာေကာ၊ၿမိဳ႕ေကာ ဆက္သြယ္ေရးအမ်ားႀကီးေကာင္းသြားတယ္ ။လွ်ပ္စစ္လည္းရြာေတြမွာ မ်ားစြာ အသုံးျပဳ႕ခြင့္ရခဲ့ၾကတယ္။အခု ၿမိဳ႕ေကာ ရြာေကာက သူကို ေတာ္ေတာ္ ေထာက္ခံမႈရွိတယ္။ဦးေဌးဦးက ၂၀၂၀ မွာ ေသျခာဖို႔မ်ားတယ္”လို႔ ဟသၤာတၿမိဳ႕နယ္ေန လုပ္ငန္းရွင္ တစ္ဦးက ဆိုပါတယ္။

#PeopleMedia #USDP #ဦးေဌးဦး #ဟသၤာတ

[Unicode]
ဟင်္သာတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဦး၏ နေအိမ်ရှိ မှန်များ ကုန်းသီးဖြင့် ပစ်ခတ်ခံရ
……………………………………………………………………

ရန်ကုန်၊ စက်တင်ဘာ-၁၃

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဦး၏ နေအိမ်ရှိ မှန်များကို စက်တင်ဘာ(၁၁)ရက် ညပိုင်း၌ ကုန်းသီးများဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အတည်ပြု့ပြောဆိုပါတယ်။

“၁၁ရက်နေ့ညပိုင်းက အပစ်ခံရတာ။ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်”လို့ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အတည်ပြု့ပြောဆိုပါတယ်။

ဦးဌေးဦးသည် ပြည်ခိုင်ဖြိုးပါတီ၏အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သူတစ်ဦးဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲ၌ ဟင်္သာတမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲ၌ ပြိုင်ဘက် NLD ပါတီ ကိုယ်စားလှယ်ကို မဲကွာဟမှု နည်းစွာဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဦးဌေးဦးသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု့ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

“ဦးဌေးဦး လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ မြို့ပေါ်မှာ လမ်းတွေအားလုံးကောင်းသွားတယ်။ရွာကော၊မြို့ကော ဆက်သွယ်ရေးအများကြီးကောင်းသွားတယ် ။လျှပ်စစ်လည်းရွာတွေမှာ များစွာ အသုံးပြု့ခွင့်ရခဲ့ကြတယ်။အခု မြို့ကော ရွာကောက သူကို တော်တော် ထောက်ခံမှုရှိတယ်။ဦးဌေးဦးက ၂၀၂၀ မှာ သေခြာဖို့များတယ်”လို့ ဟင်္သာတမြို့နယ်နေ လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

#PeopleMedia #USDP #ဦးဌေးဦး #ဟင်္သာတ


Share this post