• Follow Us on

Home ဟိုက်ပါဆောနစ်ဒုံးကျည်များထုတ်လုပ်ရာတွင် တရုတ်နိုင်ငံသည် အမေရိကန်ရှေ့ရောက်နေသည့်အပြင် အာ ကာသနည်းပညာ၌ အမေရိကန်ထက်သာလွန်သွားမည့် လမ်းကြောင်းပေါ်ရောက်နေကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးပြော

ဟိုက်ပါဆောနစ်ဒုံးကျည်များထုတ်လုပ်ရာတွင် တရုတ်နိုင်ငံသည် အမေရိကန်ရှေ့ရောက်နေသည့်အပြင် အာ ကာသနည်းပညာ၌ အမေရိကန်ထက်သာလွန်သွားမည့် လမ်းကြောင်းပေါ်ရောက်နေကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)

 

ပညာရှင်အချို့က ပထမဦးဆုံးတိုက်ခိုက်လာမည့်လက်နက်များအဖြစ်ယူဆထားသည့် အလွန်ခေတ်မီသော ဟိုက်ပါဆောနစ်ဒုံးကျည်များထုတ်လုပ်ရာတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု ထက်သာလွန်သွားပြီဖြစ်ပြီး တရုတ်နိုင်ငံသည် တစ်နေ့တွင် အာကာသနည်းပညာ၌ အမေရိကန်ထက်သာလွန် သွားမည့်လမ်းကြောင်းပေါ်တွင်ရောက်ရှိနေကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကပြောသည်။

 

ဗိုလ်ချုပ်ကြီးဒေးဗစ်သမ်ဆင်သည် မကြာသေးမီကဖွဲ့စည်းတည်ထောင်ထားသည့် အမေရိကန်ပြည်ထောင်စုအာ ကာသတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး အာကာသစစ်ဆင်ရေး၏ ဒုတိယအကြီးအကဲအဖြစ် ပထမဦး ဆုံးတာဝန်ထမ်းဆောင်ခြင်းလည်းဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ဟာလီဖက်စ်နိုင်ငံတ ကာလုံခြုံရေးဖိုရမ်တွင် ဗိုလ်ချုပ်ကြီးဒေးဗစ်သမ်ဆင် မိန့်ခွန်းပြောကြားခဲ့သည်။

 

အသံထက်ငါးဆမြန်သည့်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ပျံသန်းနေစဉ်အတွင်း လမ်းကြောင်းပြောင်းလဲပျံသန်းနိုင်သည့် ဟိုက်ပါဆောနစ်ဒုံးကျည်များ ပေါ်ထွက်လာတော့မည်ဖြစ်သဖြင့် ကမ္ဘာကြီးသည်ပိုမိုရှုပ်ထွေးလာသောနေရာတစ် ခုဖြစ်လာကြောင်း ၎င်းကပြောသည်။ ဟိုက်ပါဆောနစ်ဒုံးကျည်များသည် ပဲ့ထိန်းဒုံးကျည်များနှင့် မတူသည်မှာ ဒုံးကျည်ချိန်ရွယ်ပစ်ခတ်ခံရသည့်နိုင်ငံ အနေဖြင့် ယင်းဒုံးကျည်များကျရောက်လာမည့်နေရာကို ကြိုတင် မခန့် မှန်းနိုင်ခြင်းဖြစ်သည်။

 

“ဟိုက်ပါဆောနစ်စီမံကိန်းတွေမှာ ကျွန်တော်တို့ဟာ တရုတ်တို့၊ ရုရှားတို့လောက် ခေတ်မီတိုးတက်ခြင်းမရှိတော့ ပါဘူး။ ကျွန်တော်တို့ သူတို့ကိုမီဖို့ အသည်းအသန်ကြိုးစားကြဖို့လိုပါတယ်။ တရုတ်နိုင်ငံက ဟိုက်ပါဆောနစ် ဒုံး ကျည်စီမံကိန်းမှာ အလွန့်အလွန်ကို ခေတ်ရှေ့ရောက်နေပါပြီ။ ဒါဟာ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ဖွံ့ဖြိုးတိုး တက်မှုတစ်ခုပါပဲ” ဟု ဗိုလ်ချုပ်ကြီးဒေးဗစ်သမ်ဆင်ကပြောသည်။

 

အမေရိကန်နှင့် အနောက်တိုင်းနိုင်ငံများအသုံးပြုနေသည့် ဂြိုဟ်တုများ၏ ပျော့ကွက်/ဟာကွက်များအကြောင်း ကိုလည်း ဗိုလ်ချုပ်ကြီးဒေးဗစ်သမ်ဆင်က ထောက်ပြပြောဆိုသွားခဲ့သည်။

 

ယခင်မျိုးဆက်ဟောင်းဒုံးကျည်ပညာများတွင် ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်သည့်အချိန်တွင် အပစ်ခံရသည့် နိုင်ငံက ယင်းဒုံးကျည်လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး စမ်းသပ်ပစ်ခတ်ခြင်း ဟုတ်မဟုတ် ဆုံးဖြတ်နိုင် သည်။ “အခု အဲဒီကြိုတင်ခန့်မှန်းနိုင်တဲ့စွမ်းရည် မရှိတော့ဘူးဗျ။ ဒုံးကျည်တစ်စင်းပစ်ခတ်မှုဟာ တိုက်ခိုက်မှု တစ်ခုဖြစ်နိုင်သလို ဒုံးကျည်ပျံသန်းနေတုန်း အချိန်အတော်ကြာတဲ့အထိ သိရမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

 

“ဂြိုဟ်တုပတ်လမ်းထဲမှာ တရုတ်တွေရဲ့ ထောက်လှမ်းရေးဂြိုဟ်တု၊ စောင့်ကြည့်ထောက်လှမ်းရေးဂြိုဟ်တု၊ ကင်း ထောက်ဂြိုဟ်တုတွေ အစင်း ၂၀၀ ကျော်လောက်ရှိတယ်ဗျ။ တရုတ်တွေဟာ အာကာသတွင်းတန်ုပြန်လက်နက် တိုက်ကြီးတစ်ခုတည်ဆောက်နေတဲ့အပြင် ကျွန်တော်တို့ကို သူတို့ နှစ်ပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ နည်းလမ်း အတိုင်း အာကာသကိုအသုံးပြုဖို့ သူတို့မှာ ရည်ရွယ်ချက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: China ahead of U.S. on hypersonic missiles, on track to overtake Americans in space, senior U.S. general says

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: China ahead of U.S. on hypersonic missiles, on track to overtake Americans in space, senior U.S. general says

 

#PeopleMedia


Share this post