• Follow Us on

Home ဟိုပင္ၿမိဳ႕တြင္ ကိုယ္စားမဲလာေပးသူတစ္ဦးကို အေရးယူ

ဟိုပင္ၿမိဳ႕တြင္ ကိုယ္စားမဲလာေပးသူတစ္ဦးကို အေရးယူ

Share this post

ဟိုပင္၊ နိုဝင္ဘာ ၈

ကခ်င္ျပည္နယ္ မိုးညႇင္းခရိုင္ ဟိုပင္ၿမိဳ႕၌ ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွျပဳလုပ္က်င္းပသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ မိမိအမည္မပါရွိဘဲ ကိုယ္စားမဲ လာေပးသူတစ္ဦးကို မြန္းလြဲ ၁း၃၀ ခန္႔က ေဖာ္ထုတ္ဖမ္းမိရမိေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ နိုဝင္ဘာလ ၈ ရက္ေန႔ မြန္းလြဲ ၁း၃၀ ခန္႔က ဟိုပင္ၿမိဳ႕ ၿမိဳ႕မေျမာက္ပိုင္း ေအာင္နန္းရပ္ကြက္ ေအာင္ခ်မ္းသာလမ္းေန ေဒၚစိုးစိုးထြန္းသည္ ၎ရပ္ကြက္အတြင္းရ္ွိ မဲ႐ုံနံပါတ္(၅၁) မဲနံပါတ္ ၅၅၀ ၏ ကိုယ္စားလာေရာက္၍ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္မဲမ်ားထည့္ေနစဥ္ ေစာင့္ၾကည့္သူမ်ားမွ သတိထားမိ၍ မဲ႐ုံမွဴးေရွ႕တြင္ ေခၚယူေမးျမန္းရာမွ အျဖစ္မွန္ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ တစ္ပါးသူ၏ဆႏၵမဲကို ကိုယ္စားလာေပးသူ ေဒၚစိုးစိုးထြန္း(၄၄)ႏွစ္ ေအာင္နန္း ရပ္ေနသူကို ေရြးေကာက္ပြဲဆိုင္ရာလုပ္ထုံးနည္းဥပေဒမ်ားႏွင့္အညီ နယ္ေျမရဲစခန္းမွ အေရးယူရန္လုပ္ေဆာင္ ေနေၾကာင္း ကနဦးသိရသည္။

သီဟေဇာ္(ကခ်င္ေျမ)

#PeopleMedia #ဟိုပင္ၿမိဳ႕ #2020election

(unicode)
ဟိုပင်မြို့တွင် ကိုယ်စားမဲလာပေးသူတစ်ဦးကို အရေးယူ
…………………………………

ဟိုပင်၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့၌ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှပြုလုပ်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိမိအမည်မပါရှိဘဲ ကိုယ်စားမဲ လာပေးသူတစ်ဦးကို မွန်းလွဲ ၁း၃၀ ခန့်က ဖော်ထုတ်ဖမ်းမိရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁း၃၀ ခန့်က ဟိုပင်မြို့ မြို့မမြောက်ပိုင်း အောင်နန်းရပ်ကွက် အောင်ချမ်းသာလမ်းနေ ဒေါ်စိုးစိုးထွန်းသည် ၎င်းရပ်ကွက်အတွင်းရ်ှိ မဲရုံနံပါတ်(၅၁) မဲနံပါတ် ၅၅၀ ၏ ကိုယ်စားလာရောက်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲများထည့်နေစဉ် စောင့်ကြည့်သူများမှ သတိထားမိ၍ မဲရုံမှူးရှေ့တွင် ခေါ်ယူမေးမြန်းရာမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ပါးသူ၏ဆန္ဒမဲကို ကိုယ်စားလာပေးသူ ဒေါ်စိုးစိုးထွန်း(၄၄)နှစ် အောင်နန်း ရပ်နေသူကို ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးနည်းဥပဒေများနှင့်အညီ နယ်မြေရဲစခန်းမှ အရေးယူရန်လုပ်ဆောင် နေကြောင်း ကနဦးသိရသည်။

သီဟဇော်(ကချင်မြေ)

#PeopleMedia #ဟိုပင်မြို့ #2020election


Share this post