• Follow Us on

Home ဟိုပင်မြို့တွင် (အိုမီခရွန်) ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် Mask များ အခမဲ့ ဖြန့်ဝေ

ဟိုပင်မြို့တွင် (အိုမီခရွန်) ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် Mask များ အခမဲ့ ဖြန့်ဝေ

Share this post

ဟိုပင်၊ မတ် ၃

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ပြည်ထောင်စုလမ်းမကြီး၊ မီးရထားသံလမ်းကူးတို့ဆုံရာ နေ ရာနှင့် ဟိုပင်မြို့ မြို့မဈေးကြီးတို့တွင် ဈေးရောင်းဈေးဝယ်နေကြသော သူများနှင့် ခရီးသွားမိဘပြည်သူတို့အား  (အိုမီခရွန်)ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး Mask များကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်း အချိန်က အခမဲ့ဝေငှခြင်းကို ဟိုပင်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များက ဒုတိယအကြိမ်ပြုလုပ်ခဲ့ကြောင်း သိရ သည်။

 

“အခုအချိန်မှာ ကိုဗစ်-၁၉(အိုမီခရွန်) ရောဂါတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ကူးစက်မှုမရှိစေဖို့နဲ့ MASK စနစ်တကျ တပ်ဆင်ကြဖို့အတွက် ရည်ရွယ်ပြီး အခမဲ့ပေးဝေတာဖြစ်တယ်” ဟု လူမှုရေးအဖွဲ့များမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်တွင် ဟိုပင်မြို့၌ ကိုဗစ်-၁၉ (အိုမီခရွန်)ရောဂါကူးစက်မှုမရှိစေရန် MASK စနစ်တကျတပ်ဆင်ပြီး ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ဟိုပင်မြို့ရှိ လူမှုရေး(ကား)အသင်း၊ မေတ္တာရိပ် (အခမဲ့) ဆေးခန်း၊‌ စေတနာမွန်နာ‌ရေးကူညီမှုအသင်း၊ ကရုဏာနာရေးကူညီမှုအသင်း၊ မျိုးချစ်မြန်မာလူငယ်‌မောင်မယ် ပရဟိတအသင်း၊ စည်ပင်ကော်မတီဝင်များ စုပေါင်းပြီး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

နေကြာ

 

#PeopleMedia

 

(unicode)


………………………………

 


 


 


 


 


 

#PeopleMedia


Share this post