• Follow Us on

Home ဟိုပင္ၿမိဳ႕တြင္ ေက်ာင္းဆရာမတစ္ဦး ပိုက္ဆံအိတ္ လုယူခံရမႈ ျဖစ္ပြား

ဟိုပင္ၿမိဳ႕တြင္ ေက်ာင္းဆရာမတစ္ဦး ပိုက္ဆံအိတ္ လုယူခံရမႈ ျဖစ္ပြား

Share this post

EPN

ဟိုပင္၊ နိုဝင္ဘာ ၇

မိုးညႇင္းခရိုင္၊ ဟိုပင္ၿမိဳ႕၊ ၿမိဳ႕မေျမာက္ရပ္ကြက္တြင္ ယမန္ေန႔ ညေနပိုင္းအခ်ိန္က ေက်ာင္းဆရာမတစ္ဦး ပိုက္ဆံအိတ္ လုယူခံရမႈျဖစ္ပြားခဲ့ေၾကာင္း ကာယကံရွင္၏ အမ်ိဳးသားကေျပာသည္။

အဆိုပါျဖစ္စဥ္သည္ နိုဝင္ဘာလ ၆ ရက္ ညေန ၅နာရီအခ်ိန္ခန္႔က ျဖစ္ပြားေၾကာင္း သိရၿပီး ဟိုပင္ၿမိဳ႕ Quarantine စင္တာတြင္ ဝင္ေရာက္ေနသည့္ ေမာင္ျဖစ္သူကို ထမင္းပို႔ၿပီး အျပန္တြင္ ျဖစ္ပြားခဲ့သည္။

“ၿမိဳ႕ေတာ္ခန္းမမွာ ကြာရန္တင္းဝင္ေနတဲ့ သူ႔ေမာင္ကို ထမင္းပို႔ၿပီးအျပန္မွာျဖစ္တာ ဆိုင္ကယ္မွာခ်ိတ္ထားတဲ့ ပိုက္ဆံအိတ္ကို အေနာက္ကေနလုသြားတာ”ဟု ကာယကံရွင္၏ အမ်ိဳးသားျဖစ္သူက ေျပာျပသည္။

ယင္းသို႔ လုယူခံရမႈေၾကာင့္ မွတ္ပုံတင္၊ ေက်ာင္းဆရာမ ဝန္ထမ္းကတ္ႏွင့္ ေငြက်ပ္ႏွစ္ေသာင္းခန္႔ ပါသြားေၾကာင္း ကာယာကံရွင္၏ အမ်ိဳးသားကဆိုသည္။

အဆိုပါ ျဖစ္စဥ္ကို ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားထားျခင္း မရွိေၾကာင္းသက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ကေျပာသည္။

ခ်စ္သား

#PeopleMedia #ဟိုပင္

(unicode)
ဟိုပင်မြို့တွင် ကျောင်းဆရာမတစ်ဦး ပိုက်ဆံအိတ် လုယူခံရမှု ဖြစ်ပွား
………………………………………………

EPN

ဟိုပင်၊ နိုဝင်ဘာ ၇

မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ မြို့မမြောက်ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းအချိန်က ကျောင်းဆရာမတစ်ဦး ပိုက်ဆံအိတ် လုယူခံရမှုဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်၏ အမျိုးသားကပြောသည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလ ၆ ရက် ညနေ ၅နာရီအချိန်ခန့်က ဖြစ်ပွားကြောင်း သိရပြီး ဟိုပင်မြို့ Quarantine စင်တာတွင် ဝင်ရောက်နေသည့် မောင်ဖြစ်သူကို ထမင်းပို့ပြီး အပြန်တွင် ဖြစ်ပွားခဲ့သည်။

“မြို့တော်ခန်းမမှာ ကွာရန်တင်းဝင်နေတဲ့ သူ့မောင်ကို ထမင်းပို့ပြီးအပြန်မှာဖြစ်တာ ဆိုင်ကယ်မှာချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို အနောက်ကနေလုသွားတာ”ဟု ကာယကံရှင်၏ အမျိုးသားဖြစ်သူက ပြောပြသည်။

ယင်းသို့ လုယူခံရမှုကြောင့် မှတ်ပုံတင်၊ ကျောင်းဆရာမ ဝန်ထမ်းကတ်နှင့် ငွေကျပ်နှစ်သောင်းခန့် ပါသွားကြောင်း ကာယာကံရှင်၏ အမျိုးသားကဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်း မရှိကြောင်းသက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အချို့ ကပြောသည်။

ချစ်သား

#PeopleMedia #ဟိုပင်


Share this post