• Follow Us on

Home ဟိုပင် – မိုးညှင်းသွားလမ်း၌ ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦးကို အမည်မသိ သေနတ်သမားတစ်စုက မသေ မချင်း ပစ်သတ်သွား

ဟိုပင် – မိုးညှင်းသွားလမ်း၌ ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦးကို အမည်မသိ သေနတ်သမားတစ်စုက မသေ မချင်း ပစ်သတ်သွား

Share this post

ဟိုပင်၊ အောက်တိုဘာ ၁၂ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဒေသ ဟိုပင် – မိုးညှင်းသွားလမ်း သဲဂုဏ်ရေထွက်ပေါက်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦးကို အမည်မသိ သေနတ်သမားတစ်စုက မသေမချင်း ပစ်သတ်သွားသည်ဟု ကနဦးသိရသည်။

 

သေ‌ဆုံးသူမှာ သဲဂုဏ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး မုန့်ဆိုင်ဖွင့်ထားသူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရပြီး ယနေ့ ၁၂ နာရီ အချိန်ခန့်က ဟိုပင်ဈေးမှ ရွာအပြန် ယင်းသို့ လုပ်ကြံခံရခြင်း ဖြစ်သည်ဟု ဒေသခံများအချို့က သိရသည်။

 

“ကျွန်တော်ရောက်တော့ လူတွေ ရောက်နေပြီ၊ ဈေးပစ္စည်းတွေ တင်လာတဲ့ စူပါကပ်ဆိုင်ကယ်နဲ့ အမျိုးသမီး တစ်ဦး သွေးတွေနဲ့ လဲနေတာတွေ့ရတယ်၊ နောက် တာဝန်ရှိသူတွေက ကားပေါ်တင်သွားကြတယ်၊ ဘေးနားက လူတွေပြောပြချက်အရ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရတယ်ဗျ” ဟု ဟိုပင်ဒေသခံတစ်ဦး ထံက ဆိုသည်။

 

“ယာနားရွက်အထက် ခေါင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဘယ်ရင်အုံမှာ ဖောက်ဝင်ဒဏ်ရာ နှစ်ချက် တွေ့ရ တယ်။ မသေမချင်းပစ်သတ်သွားပုံရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောပြသည်။

 

အဆိုပါ အမျိုးသမီးရုပ်အလောင်းအား တာဝန်ရှိသူများက ရဲဆေးစာနှင့်အတူ လူမှုကူညီရေးအသင်းတစ်ခု၏ အကူအညီဖြင့် ဟိုပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရပြီး သေနတ်ဖြင့် ပစ်သတ်သွားသူများမှ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နေသည်ဟုလည်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်ကလည်း အမည်မသိ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြတ်မင်း(EPN)

 

သတင်း၊ ဓါတ်ပုံ (EPN)

 

#PeopleMedia #EPN #ကချင်ပြည်နယ် #ဟိုပင်မြို့ #မှုခင်း

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post