• Follow Us on

Home ဟိႏၵဴဘာသာ၀င္အမ်ိဳးသမီးကို အစၥလာမ္ဘာသာသို႔ကူးေျပာင္းရန္ႀကိဳးစားမႈျဖင့္ အိႏၵိယအမ်ိဳးသားကို ဖမ္းဆီး

ဟိႏၵဴဘာသာ၀င္အမ်ိဳးသမီးကို အစၥလာမ္ဘာသာသို႔ကူးေျပာင္းရန္ႀကိဳးစားမႈျဖင့္ အိႏၵိယအမ်ိဳးသားကို ဖမ္းဆီး

Share this post

နယူးေဒလီ၊ ဒီဇင္ဘာ ၃

အိႏၵိယႏိုင္ငံ၊ အူတာပရာေဒ့႐ွ္ျပည္နယ္မွ မြတ္ဆလင္အမ်ိဳးသားတေယာက္က ဟိႏၵဴအမ်ိဳးသမီးတေယာက္ကို အစၥလာမ္ဘာသာသို႔ကူးေျပာင္းရန္ႀကိဳးစားခဲ့သည္ဟုဆိုကာ ဖမ္းဆီးခဲ့သည္။

ထိုအမ်ိဳးသားသည္ ဟိႏၵဴအမ်ိဳး သမီးမ်ားကို လက္ထပ္ၿပီး အစၥလာမ္ဘာသာ၀င္အျဖစ္သို႔ကူးေျပာင္းရန္ မြတ္ဆလင္အမ်ိဳးသားမ်ား၏ႀကိဳးစားမႈကို ဟိႏၵဴအစြန္းေရာက္မ်ားကသံုးႏႈန္းေသာ အခ်စ္ဂ်ီဟတ္ျဖစ္စဥ္ကို ပစ္မွတ္ထားသည့္ ဘာသာကူးေျပာင္းမႈဆန္႔က်င္ဥပေဒျဖင့္ ပထမဆံုးဖမ္းဆီးခံရသူျဖစ္လာသည္။

ဖမ္းဆီးမႈကို အူတာပရာေဒ့႐ွ္ျပည္နယ္၊ ဘာရီလီခ႐ိုင္မွရဲမ်ားက ဗုဒၶဟူးေန႔တြင္ အတည္ျပဳသည္။

ဖမ္းခံထားရသည့္အမ်ိဳးသားသည္ ဘာသာေျပာင္းရန္ႀကိဳးစားခဲ့သည့္အမ်ိဳးသမီးႏွင့္ ခ်စ္ႂကြမ္း၀င္ခဲ့သည္ဟု ဆိုေသာ္လည္း ယခုႏွစ္အေစာပိုင္းတြင္ ေနာက္ထပ္အမ်ိဳးသား ၁ ေယာက္ျဖင့္ အိမ္ေထာင္ျပဳခဲ့သည္။

ထိုအမ်ိဳးသားက သမီးျဖစ္သူကိုဖိအားေပးၿပီး ဘာသာေျပာင္းရန္ေျပာသည့္အျပင္ မေျပာင္းပါက အႏၲရာယ္ ျပဳမည္ဟုၿခိမ္းေျခာက္ခဲ့သျဖင့္ တိုင္ခ်က္ဖြင့္ျခင္းျဖစ္ေၾကာင္း အမ်ိဳးသမီး၏ဖခင္က ဘီဘီစီဟင္ဒီကိုေျပာသည္။

အမ်ိဳးသမီး၏မိသားစုက ၿပီးခဲ့သည့္ႏွစ္တြင္ ထိုအမ်ိဳးသမီးျပန္ေပးဆြဲခံရေၾကာင္းတိုင္ခ်က္ဖြင့္ခဲ့ၿပီး ျပန္ေတြ႕ၿပီး ေနာက္ ထိုအမ်ိဳးသမီးကျငင္းဆိုသျဖင့္ အမႈပိတ္ခဲ့သည္။

ဗုဒၶဟူးေန႕တြင္ဖမ္းခံရသည့္အမ်ိဳးသားက သူ႔တြင္အျပစ္မ႐ွိေၾကာင္းႏွင့္ အမ်ိဳးသမီးႏွင့္ဆက္စပ္မႈမ႐ွိေၾကာင္း သတင္းေထာက္မ်ားကိုေျပာသည္။

ထိုဥပေဒအရ ေထာင္ဒဏ္ ၁၀ ႏွစ္အထိျပစ္ဒဏ္သတ္မွတ္ႏိုင္ၿပီး ထိုဥပေဒျဖင့္အမႈဖြင့္ထားပါက အာမခံမရေခ်။

Ref : India Muslim man arrested under ‘love jihad law’

#PeopleMedia

(unicode)
ဟိန္ဒူဘာသာဝင်အမျိုးသမီးကို အစ္စလာမ်ဘာသာသို့ကူးပြောင်းရန်ကြိုးစားမှုဖြင့် အိန္ဒိယအမျိုးသားကို ဖမ်းဆီး
………………………………………….

နယူးဒေလီ၊ ဒီဇင်ဘာ ၃

အိန္ဒိယနိုင်ငံ၊ အူတာပရာဒေ့ရှ်ပြည်နယ်မှ မွတ်ဆလင်အမျိုးသားတယောက်က ဟိန္ဒူအမျိုးသမီးတယောက်ကို အစ္စလာမ်ဘာသာသို့ကူးပြောင်းရန်ကြိုးစားခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

ထိုအမျိုးသားသည် ဟိန္ဒူအမျိုး သမီးများကို လက်ထပ်ပြီး အစ္စလာမ်ဘာသာဝင်အဖြစ်သို့ကူးပြောင်းရန် မွတ်ဆလင်အမျိုးသားများ၏ကြိုးစားမှုကို ဟိန္ဒူအစွန်းရောက်များကသုံးနှုန်းသော အချစ်ဂျီဟတ်ဖြစ်စဉ်ကို ပစ်မှတ်ထားသည့် ဘာသာကူးပြောင်းမှုဆန့်ကျင်ဥပဒေဖြင့် ပထမဆုံးဖမ်းဆီးခံရသူဖြစ်လာသည်။

ဖမ်းဆီးမှုကို အူတာပရာဒေ့ရှ်ပြည်နယ်၊ ဘာရီလီခရိုင်မှရဲများက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုသည်။

ဖမ်းခံထားရသည့်အမျိုးသားသည် ဘာသာပြောင်းရန်ကြိုးစားခဲ့သည့်အမျိုးသမီးနှင့် ချစ်ကြွမ်းဝင်ခဲ့သည်ဟု ဆိုသော်လည်း ယခုနှစ်အစောပိုင်းတွင် နောက်ထပ်အမျိုးသား ၁ ယောက်ဖြင့် အိမ်ထောင်ပြုခဲ့သည်။

ထိုအမျိုးသားက သမီးဖြစ်သူကိုဖိအားပေးပြီး ဘာသာပြောင်းရန်ပြောသည့်အပြင် မပြောင်းပါက အန္တရာယ် ပြုမည်ဟုခြိမ်းခြောက်ခဲ့သဖြင့် တိုင်ချက်ဖွင့်ခြင်းဖြစ်ကြောင်း အမျိုးသမီး၏ဖခင်က ဘီဘီစီဟင်ဒီကိုပြောသည်။

အမျိုးသမီး၏မိသားစုက ပြီးခဲ့သည့်နှစ်တွင် ထိုအမျိုးသမီးပြန်ပေးဆွဲခံရကြောင်းတိုင်ချက်ဖွင့်ခဲ့ပြီး ပြန်တွေ့ပြီး နောက် ထိုအမျိုးသမီးကငြင်းဆိုသဖြင့် အမှုပိတ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်ဖမ်းခံရသည့်အမျိုးသားက သူ့တွင်အပြစ်မရှိကြောင်းနှင့် အမျိုးသမီးနှင့်ဆက်စပ်မှုမရှိကြောင်း သတင်းထောက်များကိုပြောသည်။

ထိုဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိပြစ်ဒဏ်သတ်မှတ်နိုင်ပြီး ထိုဥပဒေဖြင့်အမှုဖွင့်ထားပါက အာမခံမရချေ။

Ref : India Muslim man arrested under ‘love jihad law’

#PeopleMedia


Share this post