• Follow Us on

Home ဟုမ္မလင်းမြို့နယ်အတွင်းရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဟုမ္မလင်းမြို့နယ်အတွင်းရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အထက်ချင်းတွင်းဒေသ ပျောက်ကျားအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။

 

အဆိုပါ ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရခြင်းမှာ ဟုမ္မလင်းမြို့နယ်တွင် ဒုတိယအကြိမ်ဖျက်ဆီးခံရခြင်းဖြစ် ပြီး စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေးတာဝါတိုင်နှင့် တာဝါတိုင်ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရမှုများရှိ သည်။

 

အလားတူ စက်တင်ဘာလ ၇ ရက်နေ့ အထိ ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင် ၆၈ တိုင်အထိရှိပြီး ယင်းနောက်ပိုင်းတွင်လည်း မီးရှို့ဖျက်ဆီးခံရသည့် တာဝါတိုင်များနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီးခံရလျက်ရှိ ကြောင်း နစကမှထုတ်ပြန်ထားသည်။

 

Photo – credit

 

#PeopleMedia #ဟုမ္မလင်း #တာဝါတိုင်

 

(unicode)


…………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post