• Follow Us on

Home ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်းရှိ တရားမဝင်ရွှေမျောဖောင်များကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီး

ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်းရှိ တရားမဝင်ရွှေမျောဖောင်များကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီး

Share this post

ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်းရှိ တရားမဝင်ရွှေမျောဖောင်များကို တာဝန်ရှိသူ များက ဖေဖော်ဝါရီ ၇ ရက်နေ့၌ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

 

“တရားမဝင် ရွှေးတူး၊ ရွှေကျင်နေတာတွေကို လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးတာတွေ ပြီးတော့ ရွှေဖောင်တွေကို မီးရှို့တာတွေ ပြုလုပ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ထိုကဲ့သို့ တရားမဝင် ရွှေဖောင်များ မီးရှို့ဖျက်ဆီးခြင်းသည် ကောင်းမွန်သောလုပ်ရပ်တစ်ခုဖြစ်ပြီး ထိုသို့ မ ဆောင်ရွက်လျှင် စိုက်ပျိုမြေများပျက်ဆီးခြင်း၊ ချောင်းကောခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

“တရားမဝင် ရွှေတွေကျင်တော့ ချောင်းကရောလာပြီး နှစ်စဉ် ရွာတွေ ရေမြုပ်တယ်။ ဒါက လုပ်သင့်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်း၌ တရားမဝင် ရွှေတူးဖော်မှုသည် ရာနှင့်ချီ၍ ကျန်ရှိနေသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ဟုမ္မလင်းမြို့

 

(unicode)


………………………………………………………….

 

ဟုမ်မလငျး၊ ဖဖေောျဝါရီ ၈ (People Media)

 


 


 


 


 


 

#PeopleMedia #ဟုမ်မလငျးမွို့


Share this post