• Follow Us on

Home ဟုမ္မလင်းမြို့နယ်၌ သြဂုတ်လ ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၀၀ ကျော်အထိရှိလာ

ဟုမ္မလင်းမြို့နယ်၌ သြဂုတ်လ ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၀၀ ကျော်အထိရှိလာ

Share this post

ကလေး၊ သြဂုတ် ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် သြဂုတ်လ ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၀၀ ကျော်အထိရှိလာနေပြီဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

 

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှစတင်၍ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၃ ရက်နေ့ အထိ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၁၆၀၉ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၇၅ ဦးနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၄၆၁ ဦးရှိကာ ဆေးကုသမှုခံယူနေသူ ၇၃ ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

“ပိုးတွေ့မှုက တောက်လျှောက်တော်တော်လျော့သွားပါပြီ။ အခုရက်ပိုင်းမှာဆိုရင် ၈ ယောက်၊ ၄ယောက်၊ ၉ ယောက်လောက်အထိပဲ တွေ့တာ။ အရင်တုန်းကဆိုရင် တစ်ရက်တည်းနဲ့တွေ့တာ ၅၀ ကျော်လောက်ရှိတယ်။ ပိုးတွေ့မှုနှုန်းကတော့ တော်တော်လေးတော့ လျော့လာပါပြီ။ ဟုမ္မလင်းမြို့နယ်မှာတော့ တောက်လျှောက်စီမံ ဆောင်ရွက်ပေးနေပါတယ်” ဟု  ဦးသိန်းဇော်ကပြောသည်။

 

အဆိုပါကိုဗစ်အတည်ပြုလူနာများကိုတော့ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံ၊ ဟုမ္မလင်းကောလိပ်ကျောင်းနှင့် သီတဂူစက္ကူဆေးရုံ၌ ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“ကိုဗစ်ကြောင့် သေဆုံးတာတွေရှိပါတယ်။ အဓိကတော့ ရောဂါအခံကြောင့်ဆုံးတာများတယ်။ တချို့လည်း အချိန်လွန်မှ ရောက်လာတာတွေရှိတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိတဲ့သူတွေ အသက်ကြီးပိုင်တွေ များပါတယ်” ဟု ၎င်းကပြောသည်။

 

ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် သက်ဆိုင်ရာဌာနများက အသိပညာပေး ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်နေသလို မြို့အဝင်အထွက်ဂိတ်များ၌ စီစစ်ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

 

ထို့အပြင် ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်ပိုးကူးစက်မှုထပ်မံဖြစ်ပွားမှုမရှိအောင် ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင် သူများအနေဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ တာဝန်နှင့် နာရေးမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာခြင်း မပြုလုပ်ကြရန်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ ၁၁ နာရီအချိန်ထိနှင့် ညနေ ၄ နာရီမှ ၇ နာရီအချိန်ထိသာ ဈေး ရောင်းချခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါကန့်သတ်မှုကို သြဂုတ်လ ၂၂ ရက်နေ့မှစ၍  သြဂုတ်လ ၃၁ ရက်နေ့အထိ ကန့်သတ်ထားကြောင်း သြဂုတ်လ ၂၂ ရက်နေ့က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

အဆိုပါတားမြစ်ချက်များအား ဖျောက်ဖျက်ကျူးလွန်ပါက (ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

ဓာတ်ပုံ – ဟုမ္မလင်းပြန်ဆက်

 

#PeopleMedia #COVID19 #ဟုမ္မလင်းမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

#PeopleMedia #COVID19 #ဟုမ်မလငျးမွို့


Share this post