• Follow Us on

Home ဟုမ္မလင်းမြို့နယ်၌ CDM ကျောင်းဆရာမတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဟုမ္မလင်းမြို့နယ်၌ CDM ကျောင်းဆရာမတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ အောက်တိုဘာ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦးသည် အောက်တို ဘာ ၂၄ ရက်နေ့ ညပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဒေသခံအချို့က People Media ထံ ဆက် သွယ်ပြောဆိုပါတယ်။

 

လုပ်ကြံသတ်ဖြတ်ခံရသည့် CDM ကျောင်းဆရာမသည် အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်၌ ရှိနေ စဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ရရှိဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ပါတယ်။

 

“ဆရာမမှာက ကလေးငယ်တစ်ယောက်ရှိပါတယ်။ စိတ်မကောင်းစရာပါ။ ဒီလိုဖြစ်စဉ် ဖြစ်ရပ်တွေက စစ်ကိုင်း တိုင်းအထက်ပိုင်းက မြို့တွေ၊ ရွာတွေမှာ ဖြစ်နေတာ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဒေသများ၌ တပ်မတော်သတင်းပေးဟု စွပ်စွဲခံနေရသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာတော်များ၊ Non CDM ဝန်ထမ်းများ၊ CDM ဝန်ထမ်းများ လုပ်ကြံ သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်နေပါတယ်။

 

Photo – Credit

 

#PeopleMedia #ဟုမ္မလင်းမြို့ #CDM #ပညာရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia #ဟုမ်မလငျးမွို့ #CDM #ပညာရေး


Share this post