• Follow Us on

Home ဟူစတန္မွ တ႐ုတ္ေကာင္စစ္၀န္႐ံုးပိတ္သိမ္းရန္ အေမရိကန္အမိန္႔ထုတ္

ဟူစတန္မွ တ႐ုတ္ေကာင္စစ္၀န္႐ံုးပိတ္သိမ္းရန္ အေမရိကန္အမိန္႔ထုတ္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၂၃

အေမရိကန္ျပည္ေထာင္စု၊ ဟူစတန္ၿမိဳ႕မွ တ႐ုတ္ေကာင္စစ္၀န္႐ံုးကို သူလွ်ိဳလုပ္သည္ဟု စြပ္စြဲမႈမ်ား႐ွိေနခ်ိန္ ထို႐ံုးကို ၃ ရက္အတြင္းပိတ္ရန္ အေမရိကန္က တ႐ုတ္ႏိုင္ငံကို အခ်ိန္ေပးလိုက္သည္။

ထိုလုပ္ရပ္သည္ မႀကံဳစဖူးတင္းမာမႈျမင့္တက္ျခင္းျဖစ္လာၿပီး ေဖာ္ထုတ္ေျပာဆိုျခင္းမ႐ွိေသာ တံု႔ျပန္မႈလုပ္သြား မည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာသည္။

အေမရိကန္၏ သြားပုတ္ေလလြင့္ေျပာဆိုမႈမ်ားႏွင့္အမုန္းစကားမ်ားေၾကာင့္ အေမရိကန္႐ွိတ႐ုတ္သံ႐ံုးတြင္ ဗံုးခြဲမည္ႏွင့္ လုပ္ႀကံမည္ဆိုသည့္ၿခိမ္းေျခာက္စာမ်ားေရာက္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရသူ ဟြာ ခၽြန္းယြင္ကေျပာသည္။

ဝူဟန္ၿမိဳ႕မွအေမရိကန္ေကာင္စစ္၀န္႐ံုးကို ပိတ္ရန္ တ႐ုတ္ကြန္ျမဴနစ္ပါတီေခါင္းေဆာင္မ်ားက စဥ္းစားေန ေၾကာင္း ထိုျဖစ္ရပ္ႏွင့္ရင္းႏွီးသည့္သတင္းရင္းျမစ္တစ္ေယာက္ကေျပာသည္။

အေမရိကန္ဉာဏမူပိုင္ခြင့္ႏွင့္ အေမရိကန္ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ေရးအခ်က္အလက္မ်ားကိုကာကြယ္ရန္ ဟူစတန္မွတ႐ုတ္ေကာင္စစ္၀န္႐ံုးပိတ္သိမ္းရန္ၫႊန္ၾကားခဲ့သည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာသည္။

လာမည့္ႏို၀င္ဘာတြင္က်င္းပမည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲအႀကိဳကာလတြင္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ႏွင့္ ဒီမိုကရက္ပါတီသမၼတေလာင္းဂ်ိဳး ဘိုင္ဒန္တို႔က တ႐ုတ္ႏိုင္ငံကို မာမာတင္းတင္းတံု႔ျပန္ရန္ ႀကိဳးစားေနခ်ိန္တြင္ ယခုျဖစ္ရပ္ျဖစ္လာသည္။

Ref : US gives China 72 hours to shut Houston consulate as spying charges mount

#PeopleMedia

(unicode)
ဟူစတန်မှ တရုတ်ကောင်စစ်ဝန်ရုံးပိတ်သိမ်းရန် အမေရိကန်အမိန့်ထုတ်
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂၃

အမေရိကန်ပြည်ထောင်စု၊ ဟူစတန်မြို့မှ တရုတ်ကောင်စစ်ဝန်ရုံးကို သူလျှိုလုပ်သည်ဟု စွပ်စွဲမှုများရှိနေချိန် ထိုရုံးကို ၃ ရက်အတွင်းပိတ်ရန် အမေရိကန်က တရုတ်နိုင်ငံကို အချိန်ပေးလိုက်သည်။

ထိုလုပ်ရပ်သည် မကြုံစဖူးတင်းမာမှုမြင့်တက်ခြင်းဖြစ်လာပြီး ဖော်ထုတ်ပြောဆိုခြင်းမရှိသော တုံ့ပြန်မှုလုပ်သွား မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။

အမေရိကန်၏ သွားပုတ်လေလွင့်ပြောဆိုမှုများနှင့်အမုန်းစကားများကြောင့် အမေရိကန်ရှိတရုတ်သံရုံးတွင် ဗုံးခွဲမည်နှင့် လုပ်ကြံမည်ဆိုသည့်ခြိမ်းခြောက်စာများရောက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာ ချွန်းယွင်ကပြောသည်။

ဝူဟန်မြို့မှအမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များက စဉ်းစားနေ ကြောင်း ထိုဖြစ်ရပ်နှင့်ရင်းနှီးသည့်သတင်းရင်းမြစ်တစ်ယောက်ကပြောသည်။

အမေရိကန်ဉာဏမူပိုင်ခွင့်နှင့် အမေရိကန်နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးအချက်အလက်များကိုကာကွယ်ရန် ဟူစတန်မှတရုတ်ကောင်စစ်ဝန်ရုံးပိတ်သိမ်းရန်ညွှန်ကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

လာမည့်နိုဝင်ဘာတွင်ကျင်းပမည့်အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုကာလတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရက်ပါတီသမ္မတလောင်းဂျိုး ဘိုင်ဒန်တို့က တရုတ်နိုင်ငံကို မာမာတင်းတင်းတုံ့ပြန်ရန် ကြိုးစားနေချိန်တွင် ယခုဖြစ်ရပ်ဖြစ်လာသည်။

Ref : US gives China 72 hours to shut Houston consulate as spying charges mount

#PeopleMedia


Share this post