• Follow Us on

Home ဟူနန်ပြည်နယ်ရေဘေးတွင် ၃၀၀ ကျော် သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးဟု တရုတ်အာဏာပိုင်များ အတည်ပြု

ဟူနန်ပြည်နယ်ရေဘေးတွင် ၃၀၀ ကျော် သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးဟု တရုတ်အာဏာပိုင်များ အတည်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃ (People Media)

ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံအလယ်ပိုင်း၌ စံချိန်တင် မိုးရွာသွန်းမှုများကြောင့် ရေဘေးသင့်ခဲ့ရာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများတွင် လူ ၃၀၂ ဦး သေဆုံးခဲ့ပြီး ၅၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဟီနန်ပြည်နယ်မှ ဒေသန္တရအာဏာပိုင်များက သြဂုတ်လ ၂ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဇူလိုင်လယ်မှစ၍ ကျောင်ကျိုးမြို့ဝန်းကျင်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ပြည်နယ်တစ်ဝန်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြေပြိုမှုများ၊ အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ပြည်သူ ၁၄ သန်းကျော် ရေဘေးသင့်ခဲ့ပြီး စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုမှာ ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကျောင်ကျိုးမြို့ရှိ မြေအောက်ရထားလှိုင်းတစ်ခု ရေနစ်မြုပ်မှုကြောင့် လူ ၁၄ ဦး သေဆုံးမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်၌ အခြေအတင်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ဒေသန္တရအာဏာပိုင်များက မြေအောက်ရထားစနစ် အန္တရာယ်ကင်းရေး လုပ်ဆောင်နိုင်ခြင်းရှိမရှိ ပြည် သူများက သံသယရှိနေကြသည်။

ရေဘေးကြောင့် သေဆုံးခဲ့သူများအတွက် ဒေသခံများ ငိုကြွေးနေပုံကို သတင်းရယူသည့် တရုတ်သတင်း ထောက်များကို ရဲတပ်ဖွဲ့က ဟန့်တားခဲ့ကြောင်း ဟောင်ကောင်မီဒီယာများက ဖော်ပြခဲ့သည်။

ရေဘေးကိုင်တွယ်မှုနှင့်ပတ်သက်၍ ပြည်သူလူထု၏ ဝေဖန်ရာပစ်မှတ်ဖြစ်လာမည်ကို ဒေသန္တရအာဏာ ပိုင်များက စိုးရိမ်နေကြောင်း သိရသည်။

Ref; More than 300 died in China floods last month

#PeopleMedia #EPN #international #တရုတ်

(unicode)
……………………………………………………….










Ref; More than 300 died in China floods last month



Share this post