• Follow Us on

Home ဟူသီသူပုန်များတိုက်ခိုက်မှုကြောင့် ဆော်ဒီမဟာမိတ်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ကျဆုံး


Share this post





(Unicode)
ဟူသီသူပုန်များတိုက်ခိုက်မှုကြောင့် ဆော်ဒီမဟာမိတ်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ကျဆုံး
…………………………………………………………………

ယီမင်နိုင်ငံက ဟူသီသူပုန်လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့ နိုင်ငံအနောက်ပိုင်း မိုချာမြို့ကို တိုက်ခိုက်ခဲ့မှုမှာ ဆော်ဒီနဲ့ ယူအေအီးနဲ့ ဆူဒန်တပ်ဖွဲ့ဝင်တွေအပါအဝင် ယီမင်အစိုးရတပ်ဖွဲ့ဝင် ၃၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဟူသီသူပုန်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရာရာဆာရီက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ “မင်းတို့ပြန်လာရင် ငါတို့လည်း ပြန်လာမယ်” လို့ ကြိမ်းဝါးခဲ့ပါတယ်။ ဆော်ဒီဦးဆောင်တဲ့ အာရပ် မဟာမိတ်အဖွဲ့တွေကိုပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမှာ ဟူသီသူပုန်ဘက်က ပဲ့ထိန်းမစ်ဇိုင်း ၉ စင်းနဲ့ ဒရုန်း ၂၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဉ်များ၊မစ်ဇိုင်းပစ်စနစ်တွေနဲ့ တပ်ဖွဲ့ဝင်အများအပြားကို ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ ဆာရီက ပြောပါတယ်။

Ref; middleeastmonitor.com

#PeopleMedia #International


Share this post