• Follow Us on

Home ဟူးေကာင္းလြင္ျပင္ေဒသ၌ ပထမဆုံး ကိုဗစ္ ၁၉ အတည္ျပဳ လူနာတစ္ဦး စတင္ေတြ႕ရွိ

ဟူးေကာင္းလြင္ျပင္ေဒသ၌ ပထမဆုံး ကိုဗစ္ ၁၉ အတည္ျပဳ လူနာတစ္ဦး စတင္ေတြ႕ရွိ

Share this post

တနိုင္း၊ နိုဝင္ဘာ၂၇

ဟူးေကာင္းလြင္ျပင္ေဒသ ကခ်င္ျပည္နယ္ တနိုင္းၿမိဳ႕နယ္အတြင္း ယေန႔ နိုဝင္ဘာလ (၂၇)ရက္ေန႔က ပထမဆုံး ကိုဗစ္ ၁၉ အတည္ျပဳလူနာတစ္ဦး စတင္ေတြ႕ရွိခဲ့ေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

အဆိုပါ ပိုးေတြ႕လူနာတစ္ဦးမွာ ရဲဝန္ထမ္းျဖစ္ၿပီး အသြားအလာကန္႔သတ္ (Quarantine)ထားရွိထားသူျဖစ္ ေၾကာင္း၊ ယင္းလူနာမွာ လြန္ခဲ့သည့္ရက္ပိုင္းက ရန္ကုန္သို႔ ခရီးသြားရာဇဝင္ရွိခဲ့ေၾကာင္း တနိုင္းၿမိဳ႕နယ္ရဲမွဴး ဝင္းညႊန္႔က ေျပာသည္။

“ဒီကေန႔ ထုတ္ျပန္ခ်က္အရ က်ေနာ္တို႔ တနိုင္းကို ေျပာင္းလာတဲ့ ရဲဝန္ထမ္း (၃)ဦးထဲက (၁)ဦးမွာ ပိုးေတြ႕ ခဲ့တာ၊ အဲ့လူက ရန္ကုန္ကေန တနိုင္းကို လာခဲ့တာ၊ တနိုင္း မေရာက္ခင္ (၁၉)ရက္ေန႔က ျမစ္ႀကီးနားခရိုင္႐ုံးမွာ သတင္းပို႔ခဲ့တယ္၊ (၂၀) ရက္ေန႔မွာ တနိုင္းကိုေရာက္ၿပီးအသြားအလာ ကန္႔သတ္ (Quarantine) ထားတယ္၊ (၂၃) ရက္ေန႔မွာ ႏွာေခါင္း၊ အာေခါင္တို႔ဖတ္တို႔ ယူၿပီးစစ္ေဆးခဲ့တယ္” ဟု ၎က ေျပာသည္။

ယခုပိုးေတြ႕မႈသည္ တနိုင္းၿမိဳ႕နယ္တြင္ ပထမအႀကိမ္ ပိုးေတြ႕ရွိမႈ ျဖစ္ၿပီး ယင္းလူနာကို ယေန႔ ေန႔လယ္ (၂)နာရီခန္႔က တနိုင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးရွိ အထူးၾကပ္မတ္ကုသေဆာင္သို႔ ပို႔ေဆာင္ထားၿပီး ျဖစ္ေၾကာင္း သိရသည္။

ယေန႔ ပိုးေတြ႕သူတစ္ဦးအပါအဝင္ ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံး၌ ပိုးေတြ႕ရွိသူ ရဲ့တပ္ဖြဲ႕ ဝန္ထမ္းေပါင္း (၄)ဦး အထိ ရွိခဲ့ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္တြင္ ယခုပိုးေတြ႕လူနာ အပါအဝင္ ယေန႔ နိုဝင္ဘာလ (၂၇)ရက္ေန႔တြင္ ဝိုင္းေမာ္ၿမိဳ႕နယ္မွ ပိုးေတြ႕ လူနာ (၂)ဦး၊ မိုးေမာက္ၿမိဳ႕နယ္မွ ပိုးေတြ႕လူနာ (၂)ဦး၊ ဖားကန္႔ ၿမိဳ႕နယ္မွ ပိုးေတြ႕လူနာ (၃)ဦးႏွင့္ ေရႊကူၿမိဳ႕နယ္မွ ပိုးေတြ႕လူနာ (၂) စုစုေပါင္း ပိုးေတြ႕လူနာသစ္ (၁၀)ဦးေတြ႕ရွိထားေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

သတင္း – ေဝယံ

ဓါတ္ပုံ – ေအာင္ႀကိဳင္(တနိုင္း)

#PeopleMedia

(unicode)
ဟူးကောင်းလွင်ပြင်ဒေသ၌ ပထမဆုံး ကိုဗစ် ၁၉ အတည်ပြု လူနာတစ်ဦး စတင်တွေ့ရှိ
…………………………………………………………………

တနိုင်း၊ နိုဝင်ဘာ၂၇

ဟူးကောင်းလွင်ပြင်ဒေသ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့က ပထမဆုံး ကိုဗစ် ၁၉ အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာတစ်ဦးမှာ ရဲဝန်ထမ်းဖြစ်ပြီး အသွားအလာကန့်သတ် (Quarantine)ထားရှိထားသူဖြစ် ကြောင်း၊ ယင်းလူနာမှာ လွန်ခဲ့သည့်ရက်ပိုင်းက ရန်ကုန်သို့ ခရီးသွားရာဇဝင်ရှိခဲ့ကြောင်း တနိုင်းမြို့နယ်ရဲမှူး ဝင်းညွှန့်က ပြောသည်။

“ဒီကနေ့ ထုတ်ပြန်ချက်အရ ကျနော်တို့ တနိုင်းကို ပြောင်းလာတဲ့ ရဲဝန်ထမ်း (၃)ဦးထဲက (၁)ဦးမှာ ပိုးတွေ့ ခဲ့တာ၊ အဲ့လူက ရန်ကုန်ကနေ တနိုင်းကို လာခဲ့တာ၊ တနိုင်း မရောက်ခင် (၁၉)ရက်နေ့က မြစ်ကြီးနားခရိုင်ရုံးမှာ သတင်းပို့ခဲ့တယ်၊ (၂၀) ရက်နေ့မှာ တနိုင်းကိုရောက်ပြီးအသွားအလာ ကန့်သတ် (Quarantine) ထားတယ်၊ (၂၃) ရက်နေ့မှာ နှာခေါင်း၊ အာခေါင်တို့ဖတ်တို့ ယူပြီးစစ်ဆေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

ယခုပိုးတွေ့မှုသည် တနိုင်းမြို့နယ်တွင် ပထမအကြိမ် ပိုးတွေ့ရှိမှု ဖြစ်ပြီး ယင်းလူနာကို ယနေ့ နေ့လယ် (၂)နာရီခန့်က တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့သူတစ်ဦးအပါအဝင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး၌ ပိုးတွေ့ရှိသူ ရဲ့တပ်ဖွဲ့ ဝန်ထမ်းပေါင်း (၄)ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုပိုးတွေ့လူနာ အပါအဝင် ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဝိုင်းမော်မြို့နယ်မှ ပိုးတွေ့ လူနာ (၂)ဦး၊ မိုးမောက်မြို့နယ်မှ ပိုးတွေ့လူနာ (၂)ဦး၊ ဖားကန့် မြို့နယ်မှ ပိုးတွေ့လူနာ (၃)ဦးနှင့် ရွှေကူမြို့နယ်မှ ပိုးတွေ့လူနာ (၂) စုစုပေါင်း ပိုးတွေ့လူနာသစ် (၁၀)ဦးတွေ့ရှိထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သတင်း – ဝေယံ

ဓါတ်ပုံ – အောင်ကြိုင်(တနိုင်း)

#PeopleMedia


Share this post