• Follow Us on

Home ဟောင်ကောင်-ရန်ကုန်၏ ကြေးမုံ

ဟောင်ကောင်-ရန်ကုန်၏ ကြေးမုံ

Share this post

ရန်ကုန်နှင့်ဟောင်ကောင်သည် ပထဝီမြေအနေအထားအရ တူညီသောနေရာမှာရှိနေပါသည်။ ကျယ်ပြန့်သည့် ကုန်းမြေကိုကျောပေးထားသည့်ဆိပ်ကမ်းမြို့ဖြစ်ပါသည်။ စီးပွားရေအရကြည့်လျှင် နယ်မြေ၏အရေးပါသည့် မြို့ဖြစ်နေပါသည်။ တစ်ခုမှာ မြန်မာနိုင်ငံ၏ပထမအကြီးဆုံး မြို့ဖြစ်ပြီး နောက် တစ်ခုမှာ ကျော်ကြားသည့် “အရှေ့တိုင်းက ပုလဲရတနာ” ဖြစ်နေပါသည်။

 

ဇွန်လ(၄)ရက်နေ့ထုတ် မြန်မာသတင်းစာ《ကြေးမုံ》မှာဖော်ပြထားသည်မှာ-၂ဝ၁၉ ခုနှစ်မတ်လ(၃၁)ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသောနိုင်ငံသို့မဟုတ်ဒေသများအနက် တရုတ်ဟောင်ကောင်သည် အမေရိကန်ဒေါ်လာ (၈.၁၂၂၆၇)ဘီလီယံရောက်ရှိနေရာအမှတ်စဉ်(၄) နေရာမှာရောက်ရှိနေပါသည်။ အဆိုပါကိန်းဂဏန်း သည် အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယစသည့်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ရင်းနှီးမြှုပ်နှံမှုကိုပင် အပြတ်အသတ် ကျော်လွန်လျက်ရှိနေပါသည်။ အပြန်အလှန်ဆက်ဆံရေးမှာအထူးရင်းနှီးနီးကပ်လျက်ရှိ နေသည်ကို ဆိုလိုပါသည်။

ယခုရက်ပိုင်း ဟောင်ကောင်မှာဖြစ်ပျက်နေသောကိစ္စရပ်များသည် ရန်ကုန်ထိုမျှမက မြန်မာ တစ်နိုင်ငံလုံးအတွက် အကောင်းဆုံးသောကြေးမုံတစ်ချပ်ပင်ဖြစ်နေပါသည်။ အောက်မှာရှင်းပြပါမည်။

 

 

 

၁။ ဟောင်ကောင်သည် အာရှတိုက်မှာပထမအကြီးဆုံးသော မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါသည်။ သို့သော် ယခုဟောင်ကောင်မှာမူ စီးပွားရေးစံချိန်စံညွန်းများတဟုန်ထိုးကျဆင်းလျက်ရှိနေပါသည်။

 

၂ဝ၁၉ ခုနှစ်ပထမရာသီဟောင်ကောင်၏ GDP တိုးတက်နှုန်းမှာ(ဝ.၅%)ခန့်သာ ရှိနေပါသည်။ စိမ်းကျိမ့်မြို့၏ တိုးတက်နှုန်းမှာ (ရ.၆%)၊ ရှန်ဟိုင်း၏တိုးတက်နှုန်းမှာ (၅.ရ%)၊ ပေကျင်းတိုး တက်နှုန်းမှာ (၆.၄%)၊ ကွမ်ကျိုး တိုးတက်နှုန်းမှာ(ရ.၅%)အသီးသီးရှိခဲ့ပါသည်။

 

တရုတ်နိုင်ငံ၏ ပထမတန်းစားမြို့ကြီးများသည် အားလုံးကတည်ငြိမ်စွာတိုးတက်နေကြပါသည်။ ဟောင်ကောင် တစ်မြို့တည်း နောက်ကျကျန်ရစ်နေပါသည်။

 

ဟောင်ကောင်မှာဘာတွေဖြစ်နေသနည်း။

 

၂ဝ၁၉ ခုနှစ်ထဲသို့သတင်း ဝင်ရောက်ကတည်းက ဟောင်ကောင်မှာ အဆက်မပြတ်ဆိုသလို ကန့်ကွက်ပွဲ လှုပ်ရှားမှု များ ဖြစ်ပွားလျက်ရှိနေသည်။ ထို့အပြင် ဇွန်လနောက်ပိုင်းမှာ အပြင်းအထန်ဆိုးဝါး သောအခြေအနေသို့ ရောက်ရှိလာ နေပါသည်။ ထိုမျှမက အကြမ်းဖက်မှုများ ပင်ပေါ်ပေါက်လာပါတော့သည်။ ဤသို့ဖြင့် နဂိုကပင် ဆိုးဝါးနေသော စီးပွားရေးအခြေအနေမှာ ထပ်မံထိုးနက်ခြင်းခံရပါတော့သည်။

 

ဩဂုတ်လမှာ အစွန်းရောက်သမားများသည် (၂)ရက်ဆက်တိုက် ဟောင်ကောင်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ခဲ့ပါတော့သည်။ လေကြောင်းလိုင်းထောင်ချီ ပျံသန်းမှုရပ်ဆိုင်ခြင်း ခံရပါတော့သည်။ ခရီးသွားဧည့်သည် သိန်းပေါင်းများစွာခရီးသွားအနှောင့်အယှက်ခံခဲ့ရကာ နေ့စဉ် ကုန်စည် သယ်ယူပို့ဆောင်မှုဟောင်ကောင်ငွေ (၁ဝ)ဘီလီယံအထက်ဆုံးရှုံးခြင်းခံခဲ့ရသည်။ အစွန်း ရောက်သမားများက ဖြန့်ကျက်သော “ဟောင်ကောင်မလုံခြုံ” ဟူသော လက်ကမ်းကြော်ငြာများ၊ ခရီးသွား ဧည့်သည်များအပေါ် ရိုင်းပြသောအနှောင့်အယှက်အပြုအမူများ စသည်တို့သည် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟောင်ကောင်၏ ဂုဏ်ကျက်သရေပုံရိပ်ကိုပြင်းထန်စွာဖျက်ဆီး နေပါတော့သည်။

 

ဟောင်ကောင်၏မငြိမ်မသက်မှုကိုလေ့လာပါက ဆူပူလှုပ်ရှားမှုတိုင်း၏နောက်ကွယ်မှာ နိုင်ငံခြားသားများ၏ အရိပ်ကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

 

ဟောင်ကောင်《တာ့ကုန်းပေါင်သတင်းစာ》ဩဂုတ်လ(၁၅)ရက်နေ့၏သတင်းအရသိရသည်မှာ လေဆိပ်ကို ရပ်ဆိုင်းအောင် လုပ်ဆောင်သောအပြုအမူမှာ နိုင်ငံခြားသားနှင့်ဆန္ဒပြသူတို့သည် ထောင့်တစ်နေရာမှာ ပုန်းလျှိုးပြီး နီးကပ်စွာဆွေးနွေးနေသည်ကို တွေ့မြင်ရပါကြောင်း၊ လက်ဟန် ခြေဟန်ဖြင့် ညွှန်ကြားချက်များပေးနေသည်ကို တွေ့မြင်ရပါကြောင်း၊ ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ ဥပဒေပြုလွတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့သစ် ပါတီဥက္ကဌယက်လျိုရှူးယိက အဆိုပါအကြမ်းဖက်သမားများ၏အပြုအမူမှာ အဖွဲ့အစည်းကျကျ စနစ်တကျ စီမံဆောင်ရွက်ခြင်း ဖြစ်ကာ သူတို့ဆီမှာ အရင်းအမြစ်များအဆက်မပြတ်ပိုင်ဆိုင်ပြီး လက်နက်များပင်ရှိနေပါသည်ဟု ပြောကြား သွားပါကြောင်း၊ နားလည်သောသူကြည့်ရုံမျှဖြင့် သူတို့၏နောက်ကွယ်မှာ အလွန်ကျွမ်းကျင်သော အဖွဲ့အစည်းက စီမံညွန်းပြာားနေကာ အလွန်တော်သောဦးနှောက်က ထိန်းချုပ်နေပြီး အလွန်ကြီးမားသော ပြည်ပအင်အားက နောက်ကွယ်မှာ ကျောထောက်နောက်ခံပေးတွန်းပို့နေသည်မှာ ထင်ရှားလှ ပါကြောင်းစသည်ဖြင့် သတင်းဖော်ပြထားပါသည်။

 

သူတို့သည် လုံးဝဟန်မဆောင်နိုင်တော့ပဲ ဆန္ဒပြနေစဉ် အမေရိကန်အလံကိုပင် ပြောင်ပြောင် တင်းတင်း လွင့်ထုတ်လိုက်ပါသေးသည်။

 

အမေရိကန်အထက်လွတ်တော်ဥက္ကဌ ဖေ့လောရှီး၊ လွတ်တော်အမတ်လုပီအောက်၊ နိုင်ငံခြား ရေးဝန်ကြီး ဟောင်းရှီးလာလီ၊《နယူးယောခ်တိုင်းမ်သတင်းစာ》သတင်းထောက်ဝမ်ဆွမ်းကျိုး (Austin Ramzy)၊ “ CNN နိုင်ငံတကာ”နှင့်《နယူးယောခ်တိုင်းမ်သတင်းစာ》သတင်းထောက် “Ezra” စသူတို့သည် ဟောင်ကောင် အရေးအခင်းမှာ တရားဝင်ကြေငြာချက်များထုတ်ပြန်ပြီး ဟောင်ကောင်အစွန်းရောက် အတိုက်အခံဆန့်ကျင်ဖက် အကြမ်းဖက်သမားဖြစ်သည့်အမေရိကန်သားများကို ထောက်ခံကြောင်း ပြောကြားသွားပါသည်။ ဟောင်ကောင် အခြေစိုက် အမေရိကန်ကောင်စစ်ဝန်က ဟောင်ကောင်အတိုက် အခံအကြမ်းဖက်သမားများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် အကြောင်းကို အမေရိကန်နိုင်ငံတော်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း ဝန်ခံသွားသေးသည်။

အခြေအနေအရပ်ရပ်မှာ တနေရာဆွဲလိုက်လျှင် တစ်ကိုယ်လုံးသို့ရိုက်ခတ်သွားသည်ဟုဆိုသကဲ့သို့ ဟောင်ကောင် အရှုပ်တော်ပုံမှာလည်း မြို့တစ်ခုထဲမှသာကန့်သတ်မနေပါ။ တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၊ တရုတ် အမေရိကန် ဘက်စုံယှဉ်ပြိုင်ရေး စသည့်နောက်ခံအောက်မှာ အမေရိကန်က ဟောင်ကောင်ကို ရှုပ်ထွေးစေလိုသည့် အကြောင်းရင်းလော့ဂျစ်မှာ အလွန်ပင်သိသာထင်ရှားလှပါသည်။

 

ယခုအမေရိကန်သည် “အမေရိကန်သာလျှင်နံပါတ်(၁)”ဟူသည့်ဆောင်ပုဒ်ကို ကိုင်ဆောင်၍ “အတူတကွ အောင်နိုင်ခြင်း (win-win)”ဟူသည့်ပေါ်လစီကို လုံးဝလက်မခံငြင်းပယ်နေပါသည်။ သူတို့၏ ပထမဆုံးသော ရည်ရွယ်ချက်ပန်းတိုင်မှာ အားလုံးအတူတကွဖွံ့ဖြိုးခြင်းကိုမလိုလားပါ။ မိမိကိုယ် အမြန်ဆုံးဖွံ့ဖြိုးခြင်း အရှိန်အဟုန် ကိုလည်း ထိန်းသိမ်းခြင်းမဟုတ်ပါ။ တပါးသူအထူးသဖြင့်တရုတ်နိုင်ငံ၏ ခြေလှမ်းကို ဆွဲချထားရန်ပင်ဖြစ်သည်။ မည်မျှစိုက်ထုတ်ရသည်ဖြစ်စေ တရုတ်နှင့်ပတ်သက်လာလျှင် “နှစ်ဖက်ဆုံးရှုံးရေး”ကိုလုပ်ဆောင်ရန်လက်မနှေးပေ။ အမေရိကန်ကို ကျဆုံးခြင်းအထိမရောက်လျှင်ပင် ရပ်တန့်လိမ့်မည်မဟုတ်ပေ။

 

အမေရိကန်သည် တရုတ်၏ခြေလှမ်းကို ဆွဲချသည့်အရေးကြီးဆုံး နည်းပရိယယ်တစ်ခုမှာ “ရှုပ်ထွေး ခြင်း”ကို ပို့ကုန်အဖြစ် ထုတ်ပေးခြင်းပင်ဖြစ်ပါသည်။

 

ထိုကြောင့်ပင် ဟောင်ကောင်ဆူပူမှုအရှုပ်တော်ပုံအတွင်းမှာ ဆန္ဒပြခြင်းနည်လမ်းတစ်မျိုးတည်းဖြင့် ဥပဒေဘောင် အတွင်းမှာ တောင်းဆိုခြင်းမပြုတော့ပဲ ဤဟောင်ကောင်မြို့၏ငြိမ်ဝပ်ပိပြားရေးဥပဒေ စိုးမိုးရေးကို လုံးဝစိန်ခေါ် လိုက်ပါသည်။ အစွန်းရောက်ဆန္ဒပြသူတို့သည် ရသမျှနည်းလမ်းဖြင့်မြို့ပြ စီမံခန့်ခွဲမှုကို ရပ်ဆိုင်းသည်အထိ အစိုးရ၏အာဏာစက်ကို တိုက်ခိုက်ကြပြီး ရဲတပ်ဖွဲ့၏ဂုဏ်သရေမရှိ အောင် လုံးဝဆွဲချလိုက်ပါတော့သည်။

 

ဟောင်ကောင်သည် မြို့ပြတစ်ခုဖြစ်ပါသည်။ သူ၏အပြည်ပြည်ဆိုင်ရာငွေကြေးစင်တာနေရာနှင့် နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ဖြင့်အတူတကွ တည်ဆောက်ထားသော မြို့ပြစီးပွားရေး၏ အသက်သွေးကြောကို ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အဆိုပါအားလုံးတို့သည် မြို့ပြ၏ ကောင်းမွန်သော စည်းကမ်းစည်းစနစ်အပေါ်မှာအခြေခံထားပြန်ပါသည်။ အစွန်းရောက်အကြမ်းဖက် ဆန္ဒပြသမား တို့က အထူးအုပ်ချုပ်ရေးဒေသ၏အစိုးရ၊ ရဲတပ်ဖွဲ့နှင့်စည်းမျဉ်း စည်းကမ်းတို့ကို စိန်ခေါ်ခြင်းမှာ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ ငွေကြေးစင်တာ၏နေရာကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းပင်ဖြစ်ပါသည်။

 

အကယ်၍ဟောင်ကောင်က ယင်း၏ အပြည်ပြည်ဆိုင်ရာ ငွေကြေးစင်တာ၏နေရာဆုံးရှုံးခဲ့ လျှင် အဆိုပါမြို့ကြီးသည် အထောက်အခံမဲ့ဖြစ်သွားပြီးစနစ်တစ်ခုလုံးပျက်ဆီးယိုယွင်းမှုရောက်ရှိ တော့မည်မှာ ရှောင်လွဲ၍ပင်မရနိုင်တော့ပါ။

အကယ်၍ဟောင်ကောင်ပျက်ဆီးယိုယွင်းခဲ့ပါလျှင် အမေရိကန်နှင့်အနောက်တိုင်းတို့မှာ အကျိုးရရှိမှာလည်း မဟုတ်ပါ။ ဟောင်ကောင်နှင်တရုတ်ပြည်တွင်းပိုင်းကမူ ရေရှည်ဒုက္ခပယ်လယ်ဝေမည်သာ ဖြစ်ပါတော့သည်။ ပျက်ဆီးယိုယွင်းခြင်းက တဖန်ဟောင်ကောင်၏ ဆူပူမှုအခြေအနေရေရှည်ဖြစ်နေပြန်လျှင် တရုတ်နိုင်ငံ၏ နိုင်ငံရေးစီးပွားရေး ဝန်ထုပ်ဝန်ပိုးပိုမိုတိုးသွားမည်သာဖြစ်ပါသည်။ ဤသည်မှာ အမေရိကန်နှင့်အနောက်တိုင်းမှ အင်အားအချို့တို့က အလွန်တွေ့မြင်စေချင်သောအခြေအနေ သာဖြစ်နေပါတော့သည်။

 

 

 

၂။ အဘယ်ကြောင့်ဟောင်ကောင်သည် ရန်ကုန်မြို့ထိုမျှမက မြန်မာနိုင်ငံအတွက် ကြေးမုံတစ်ချပ်နှင့် တူပါသည်ဟု ပြောဆိုရပါသနည်း။

 

ပထမဦးစွာ ယင်းအခြေအနေအောက်မှာ မြန်မာနိုင်ငံအတွက် အမြင်တစ်မျိုးကိုလေ့လာသုံးသပ် သင့်ပါသည်။

 

ယင်းအမြင်က မြန်မာနိုင်ငံသည် တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲမှ အမြတ်ရရှိနိုင်သည်ဟု ယူဆနေပါသည်။ အမေရိကန်က တရုတ်အပေါ် အကောက်ခွန်တိုးမြင့်ကောက်ခံလိုက်လျှင် တရုတ်က သူ၏ထုတ်ကုန်များအား အခြားနေရာဒေသသို့ပြောင်းလဲပို့ဆောင်လိမ့်မည်ဖြစ်ကာ အမေရိကန်၏ အကောက်ခွန်အတားအဆီးကို ကျော်လွှား လိမ့်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံဆီမှ ရင်းနှီးမြှုပ်နှံမှုကို ရရှိနိုင်မည်ဖြစ်ရာ ထိုမှအလုပ်အကိုင်အခွင့်အလမ်းများကို ရရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။

 

ကြားရသည်မှာမဆိုးပါ။ အမှန်လက်တွေ့မှာ- တရုတ်လုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ စီမံခန့်ခွဲရေးဦးစီးဌာန (DICA)ထံ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းနှင့်အခြေစိုက်စခမ်းတည်ထောင်ခြင်း ဆိုင်ရာကိစ္စရပ်များကို စုံစမ်းမေးမြန်းလျက်ရှိနေပါသည်။ DICA ၏ဒုတိယညွှန် ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောကြားသွားသည်မှာ-တရုတ်လုပ်ငန်းအတော်များများတို့သည် သီလဝါစီးပွားရေးအထူးဇုန်မှာ ရင်းနှီးမြှုပ်နှံလိုပါကြောင်း၊ ထိုနေရာမှာ လျှပ်စစ်နှင့် သယ်ယူပို့ဆောင် မှုအခြေခံအဆောက်အဦး ပြည့်စုံလျက်ရှိနေပါကြောင်း၊ လက်ရှိအချိန်အထိ သီလဝါစီးပွားရေး အထူးဇုန်မှာ ကုမ္ပဏီပေါင်း(၉၄)ခုရှိနေပါကြောင်း၊ ထိုအထဲမှာတစ်ခုတည်းသော အထည်ချုပ် လုပ်ငန်း (Lu Tha)သာလျှင် တရုတ်နိုင်ငံမှ ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသွားပါသည်။

 

တရုတ်ဖက်မှ ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေပြီး မြန်မာဖက်ကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို လိုအပ်နေသော်လည်း တရုတ်အမေရိကန်ဆက်ဆံရေးနှင့်နိုင်ငံတကာအခြေအနေအကြောင်းကို နက်နဲစွာ နားလည်ခြင်းမရှိခဲ့လျှင် ယင်းရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖေါ်ဆောင်ရန် မလွယ်ကူ လှကြောင်းကို သင်နားလည်တွေ့ရှိ သွားမည်ဖြစ်သည်။ အမေရိကန်၏နောက်ဆုံးရည်ရွယ်ချက်မှာ တရုတ်၏အရှိန်နှုန်းကို ဆွဲချရန်ဖြစ်နေပါသဖြင့် တရုတ်နိုင်ငံက လမ်းကြောင်းပြောင်းသွားလျှင်လည်း ရပ်ဆိုင်းမည်မဟုတ်ပေ။ အမေရိကန်နှင့် မည်သည့်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်၍ လက်နှေးရပ်ဆိုင်းလိမ့်မည်မဟုတ်ပေ။

 

မြန်မာနိုင်ငံက အမေရိကန်အား မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံထက်ပိုမိုရင်းနှီးလိမ့်မည်ဟု စိတ်ကူး ယဉ်နေမည် လား။ သမိုင်းကိုပြန်လည်လှန်ကြည့်လျှင်ပင် သိနိုင်လိမ့်မည်ဖြစ်သည်။ အမေရိကန်သည် ဘယ်သောအခါမျှ မြန်မာနိုင်ငံကိုမိတ်ဆွေဟု မသတ်မှတ်ခဲ့ပါ။ ယင်းနှင့်ဆန့်ကျင်၍ နှစ်ပေါင်းဆယ်စုနှစ် အတော်များများအတွင်း မြန်မာနိုင်ငံသည် အမေရိကန်၏အမျိုးမျိုးသောပိတ်ဆို့မှုများကို ခံခဲ့ရပါသည်။

 

“ရောင်စုံတော်လှန်ရေး၏ဖခင်”ဟု ခေါ်စမှတ်ခြင်းခံရသော ကျိအိန်း-ရှဖ်နှင့်သူ ၏ “အိုင်းစတိုင်း သုတေသနဌာန”မှာ အမေရိကန်အနေနှင့် အခြားနိုင်ငံ၏နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်သည့် နာမည်ကြီးဌာနပင်ဖြစ်သည်။ အထူး ပြောလိုသည်မှာ သူတို့၏အပြုအမူစည်းမျဉ်းမှာ မည်သည့် ထင်ရှားပြတ်သားသည့် နိုင်ငံရေးအမြင်မျှမရှိပါ။ ပြည်ပသို့“ဆူပူရှုပ်ထွေးခြင်း”ကိုသာ တင်ပို့နေပါသည်။ သူတို့အနေနှင့်ကြည့်လျှင် မည်သည့်အစိုးရမဆို ဆိုးဝါးပါသည်။ ဆန့်ကျင်ရမည်သာဖြစ်သည်။ စွက်ဖက်ခံရမည်သာဖြစ်သည်။ မည်သည့်အစိုးရ၊ မည်သည့် စည်းကမ်းသေဝပ်မှုမဆိုမှားယွင်းသည်။ ဆူပူရှုပ်ထွေးခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ ဆင်းရဲမွဲတေခြင်းစသည်တို့မှသာ မှန်ကန်သည်။ အဝေးသို့ ပြန်ကြည့်လိုက်ပါ။ Belarus၊  Lithuania၊ အီဒီယိုဗီးယားမှစ၍အီဂျစ်၊ လီဗျား၊ ယီမိန်အထိ နေရာတကာမှာ သူတို့၏အရိပ်ကိုတွေ့မြင်နိုင်ပါသည်။ သိသာထင်ရှားသောလှုပ်ရှားမှုမှာ တူနီးရှာ မှာဖြစ်ပွားခဲ့သော “စပယ်ပန်းတော်လှန်ရေး”၊ ကလူးဂျီးယားမှာ ဖြစ်ပွားခဲ့သော “နှင်းဆီပန်း တော်လှန်ရေး”၊ ယူကရိန်းမှာ ဖြစ်ပွါးခဲ့သည့် “လိမ္မော်ရောင်တော်လှန်ရေး”၊Kyrghyzstanမှာ ဖြစ်ပွား ခဲ့သော“ tulip တော်လှန်ရေး”စသည်တို့အားလုံးသည် သူတို့စီမံခဲ့သည့် “လက်ရာ”များသာဖြစ် နေပါသည်။

 

သူတို့တတွေသည် မြန်မာနိုင်ငံအတွင်းသို့လည်း စိမ့်ဝင်ခဲ့ပါသည်။

 

အနောက်တိုင်းမီဒီယာ၏ ဖော်ပြချက် အရသိရသည်မှာ- ရှဖ်နှင့်“အိုင်းစတိုင်းသုတေသနဌာန”သည် ထိုင်းနှင့် မြန်မာနယ် စပ်ဒေသမှာ မြန်မာနိုင်ငံနေရာအသီးသီးမှ ရောက်ရှိလာသောအတိုက်အခံလူပေါင်း(၃ဝဝဝ)ကို သင်တန်းပေးခဲ့ပါ ကြောင်းသိရသည်။  ထိုအချိန်ကတပ်မတော်အစိုးရ အုပ်ချုပ် နေချိန်ဖြစ်သည်။

 

အပေါ်ယံကြည့်လျှင်အမေရိကန်အဖွဲ့အစည်းသည် မြန်မာများကိုစစ်အစိုးရ၏ အာဏာရှင်အုပ်ချုပ် မှုကို ဆန့်ကျင်ရန် ကူညီပေးသယောင်၊ ဒီမိုကရေစီကိုထောက်ခံပေးသယောင် ထင်မြင်မိလိမ့်မည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ် လာသည့် အကြောင်းကိစ္စများကို ကြည့်ပါလျှင် မြန်မာလူမျိုးတိုင်းက ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။

 

ထိုနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲမှာ အပြတ်အသတ်အောင်နိုင်ခဲ့ပါသည်။ အစိုးရအဖွဲ့ဖွဲ့ပါသည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီအစိုးရသည် နိုင်ငံတော်ကြီးတည်ငြိမ်ရန်၊ စီးပွားရေးဖွံ့ဖြိုးရန်၊ လူနေမှုအဆင့်အတန်း ကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်လာသည့်အခါမှာ အမေရိကန် နှင့်ယင်း၏အပေါင်းပါ အနောက်တိုင်း နိုင်ငံများသည် အမျက်ဒေါသထွက်မြဲထွက်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းမပြုလုပ်သည်သာမက အကြောင်းပြချက်အမျိုးမျိုးရှာဖွေပြီး ဒေါ် အောင်ဆန်းစုကြည်အပေါ် ပေးထားသည့်ဂုဏ်ထူးဘွဲ့ထူးများကိုပင် ပြန်လည်ရုပ်သိမ်းလိုက်ပါတော့ သည်။ ယခုလိုပြောတစ်မျိုးလုပ်တစ်မျိုး အပြောနှင့်အလုပ်တခြားစီ ပြောင်းပြန် ဖြစ်ခြင်းမှာ မြန်မာနိုင်ငံကို ဆင်းရဲရှုပ်ထွေးနေမြဲနေစေလိုပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မရှုစိမ့်မကြည့် လိုခြင်းသာ ဖြစ်ပေတော့ သည်။ အလွန်ပင်ရွံမုန်းစရာပင်ကောင်းလှပါပေသည်။

 

အနည်းငယ်ဂရုစိုက်ကြည့်လျှင်ပင် တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံမှာ အမေရိကန်နှင့် မပတ်သက်စေကာမူ တရုတ်လုပ်ငန်းနောက်ခံရှိသည့်မည်သည့်စီမံကိန်းမဆို အနောက်တိုင်း မီဒီယာသို့ ထည်းမဟုတ် NGO တို့၏တိုက်ခိုက်မှုကို ခံရစမြဲဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများ ထိုမျှမက ကောလဟာလ သွားပုပ်လေလွင့်ခြင်း အားလုံးတို့မှာ ရည်ရွယ်ချက်တစ်ခုထည်းသာရှိသည်။ အဆိုပါ စီမံကိန်းများကို ဖိအားပေးရပ်ဆိုင်းပစ်ရန်သာ ဖြစ်သည်။ စီမံကိန်းရပ်ဆိုင်းလိုက်လျှင် မြန်မာအတွက် မည်သို့အကျိုးရှိမည်နည်း။ လုပ်ငန်းခွင်ရပ်တန့်လိုက်လျှင် မြန်မာဖွံ့ဖြိုးရေး ဘယ်သို့ဆောင်ရွက်မည်နည်း။ ယင်းပြဿနာအားလုံးကို ထိုလူတွေစဉ်းစားမည်လုံးဝမဟုတ်ပေ။

ထိုကြောင့်ကလေးဆန်ဆန် အမေရိကန်က မြန်မာနိုင်ငံမှာ တရုတ်ပစ္စည်းတင်သွင်း လျှင်လက်ခံ လိမ့်မည်၊ ဖျက်လိုဖျက်စီးမလုပ်ပါဟု လုံးဝမတွေးထင်ပါနှင့်။

 

လူအများသည် ကမ္ဘာမှာမှီသင်းနေထိုင်စဉ် ရေ၊ လျှပ်စစ်၊ သဘာဝဓါတ်ငွေ့၊ ဆက်သွယ်ရေး စသည့် လိုအပ်ချက်များ သည် အမာထည်လိုအပ်ချက်ပင်ဖြစ်ပါသည်။ အဆိုပါအခြေခံ ပစ္စည်းများချို့တဲ့ပြတ်လပ် နေလျှင် နောက်ဆက်တွဲ ပြဿနာမှာ ကပ်ဘေးဆိုက်သကဲ့သို့ပင်ဖြစ်သည်။ ပြည်သူလူထုလူနေမှု ဘဝဒုက္ခရောက်ကြရသည်။ ထုတ်ကုန် အရင်းအနှီးများ အဆမတန် မြင့်တက်လာမည်ဖြစ်သည်။ လူနေမှုအတွက် လိုအပ်သည့်ပစ္စည်းများလည်း အဆမတန်ဈေးကြီးနေပေတော့မည်။ အောက်အခြေမှာ နေထိုင်ရသည့်အခြေခံလူတန်းစားများသည် မျှော်လင့်ချက် ကင်းမဲ့သည့်နက်ရှိုင်းသည့်ချောက်အထဲသို့ ကန်ချသွားသကဲ့သို့ဖြစ်နေပါတော့သည်။

 

အဆိုပါရှုထောင့်မှကြည့်လျှင် အချို့သောNGO အဖွဲ့အစည်းများက ပြည်သူလူထုကို စည်းရုံးပြီး ဆူပူဆန္ဒပြ စေခိုင်းခြင်းမှာ စိတ်ရင်းပုပ်ခြင်းဟုပင်ဆိုနိုင်ပါသည်။ သူတို့သည် ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး အကြောင်းပြချက်ဖြင့် ရေအားလျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို ရပ်ဆိုင်းစေသည်။ သို့သော် ရေအားလျှပ်စစ် ဓါတ်အားပေး စီမံကိန်းရပ်ဆိုင်း၍ မြို့ပြလျှပ်စစ်မလုံလောက်မှုဖြစ်ပေါ်လာသည်။ ပြည်သူလူထုအများအပြားသည် ဓါတ်ဆီဖြင့်လျှပ်စစ်မီးစက်အသေးစားလည်ပတ် မောင်းနှင်ရပါ တော့သည်။ လောင်စာဆီကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုကို မည်သူတွေက လာရောက် တာဝန်ယူမည်နည်း။ သေချာသည်မှာ အဆိုပါ NGOအဖွဲ့အ စည်းများကလုံးဝ တာဝန်ယူမည်မဟုတ်ပါ။ အဆိုပါဖြစ်ရပ်များမှာ သူတို့တတွေသည် သားရဲတိ ရစ္ဆာန်များ ကို“ဂရုစိုက်ခြင်း”၊ ပတ်ဝန်းကျင်ကို “ဂရုစိုက်ခြင်း”စသည့်အကြောင်းပြချက်များဖြင့် လူတွေကိုလိမ်ညာပြီး မြို့နေပြည်သူလူထု လူသားတို့ ၏လိုအပ်ချက်ကိုမူ လုံးဝလျစ်လျှူရှုနေသည်မှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်နေပါတော့သည်။

 

၃။ နိုင်ငံတစ်ခု၏အရေးကြီးဆုံးမှာ ပြည်သူလူထု၏စားဝတ်နေရေး လူနေမှုဘဝပင်ဖြစ်သည်။ နားထောင်ကောင်းသော စကားများကို အားကိုး၍မရပါ။ အမျှော်အမြင်ရှိသောနိုင်ငံ၏အစိုးရများသည် အခွန်ထမ်းများ၏ငွေများကို အခြေခံအဆောက်အဦးအပေါ်မှာသာ ရင်းနှီးမြှုပ်နှံရမည်သာဖြစ်သည်။ လမ်ခင်းတံတားဆောက်ရမည်ဖြစ်သည်။ ထိုပြင် ဒေသအတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှတဆင့် ကုန်သွယ်ရေး အခွင့်အလမ်းများကို တိုးမြင့်စေရမည်။ သင့်တင့်လျှောက်ပတ်သည့် အကျိုးအမြတ်များကို အထွေထွေဆောင်ရွက်ကြပြီး နောက်ဆုံးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝမြင့်တင်ရေး ဟူသည့်ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လျှောက်လှမ်းရမည် ဖြစ်ပါသည်။

 

တရုတ်နိုင်ငံသည် ယခင်ကနယ်ချဲ့ခံရခဲ့ပြီး ညှင်းပန်းနိုပ်စက်မှုမျိုးစုံကိုခံခဲ့ရသည့်အင် အားချိနဲ့ သောနိုင်ငံဖြစ်ခဲ့ဘူး သည်။ တိုတောင်းသောဆယ်စုနှစ်အနည်းငယ်အတွင်း ကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ ဒုတိယစီးပွားရေးအကြီးဆုံးသော နိုင်ငံဖြစ်လာခဲ့ပါသည်။ အမေရိကန်နှင့်ထိပ်တိုက်ရင် ဆိုင်ပြီးအရှုံး မခံလိုပေ။ အကြောင်းရင်းကိုရှာသော် တရုတ်နိုင်ငံက အမေရိကန်ကိုအံတုနိုင်ခြင်းမှာ တည်ဆောက်မှု စွမ်းပကားမှ အင်အားရလာခြင်းဖြစ်ပါသည်။ တရုတ်သည် မိမိ၏အခြေခံအ ဆောက်အဦးကို ပိုင်ဆိုင်ထားသည်။ မိမိကိုယ်ပိုင်ဈေးကွက်ကြီးရှိသည်။ မိမိပြည်သူလူထုရှိသည်။ မိမိပြည်တွင်းလိုအပ် ချက်ရှိသည်။ ကြီးမားသည့်ကုန်ထုတ်လုပ်မှုတိုးတက်မှုကို ကျားကန်ထားနိုင်ပါသည်။ ထိုကြောင့် လည်းအမေရိကန်၏ဖိအားပေးခြင်းကို မကြောက်မရွံ့ တွန်းလှန်နိုင်ခြင်းပင် ဖြစ်သည်။

 

လက်တွေ့တွင် ကျိအိန်း-ရှဖ်နှင့်သူ၏“အိုင်းစတိုင်းသုတေသနဌာန”အတွက်ဆိုလျှင် တရုတ်နိုင်ငံကို သူတို့မဖြိုနိုင် ခဲ့ပါချေ။ သူတို့သည် တိဗက်အကြမ်းဖက်သမားများကို ထိတွေ့ဘူးသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိုလည်း နည်းမျိုးစုံးစွက်ဖက်ခဲ့ဘူးသည်။ နောက်ဆုံးမှာ အရှုံးနှင့်သာရင်ဆိုင်သွားရပါတော့ သည်။ ယခုအကြိမ် ဟောင်ကောင်မှာလည်း ထိုသို့ပင်ချွင်းချက် မရှိရှုံးမည်သာဖြစ်သည်။ တရုတ် အစိုးရသည် အစွန်းရောက် အကြိမ်းဖက်သမားများနှင့်အနောက်တိုင်းအဖွဲ့အစည်းတို့က ဟောင်ကောင် ကို တရုတ်ဆန့်ကျင်ရေးအုပ်စုအတွင်းသို့ အရောက်မခံပါ။ ဟောင်ကောင်မှာ ရေရှည်မငြိမ်မသက် ရှုပ်ထွေးနေပြီး တရုတ်နိုင်ငံရေးစနစ်ကို စွက်ဖက်သည့် စံပြအခြေစိုက်စခမ်းဖြစ်လာသည်ကိုလည်း ခွင့်ပြုမည်မဟုတ်ပါ။ ကျွန်တော်တို့ ဟောင်ကောင်အခြေအနေကို လေ့လာနေပါသည်။ တရုတ် အစိုးရအနေနှင့် မည့်အချိန်အခါမှာ မည်သို့သောပုံစံဖြင့် ဟောင်ကောင် အခြေအနေနေသားပြန်လည် ကျအောင်၊ ဟောင်ကောင်၏ နိုင်ငံတကာငွေကြေး စင်တာနေရာပြန်လည်ထိန်းသိမ်း လာနိုင်အောင် မည်သို့ဆောင်ရွက်နေမည်ကိုသာစောင့်မျှော်ကြည့်နေပါသည်။

 

တရုတ်၏အတွေ့အကြုံမှာ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးတို့က စံနမူနာယူနိုင်ပါသည်။ မြန်မာနိုင်ငံသည် မြန်မာတို့၏နိုင်ငံသာဖြစ်သည်။ အမေရိကန်၏ပေးသနားအပေါ်မှာ မျှော်လင့်မနေသင့်ပါ။ တရုတ်နိုင်ငံ၏ “ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြု ချက်သာလျှင် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”၏မူဝါဒမှာ မည်သည့်နိုင်ငံကြီးကိုမျှ မှီခိုစရာမလိုပါ။ ငြိမ်းချမ်းပြီး အလုံးစုံပါဝင်ခြင်း၊ ဖက်ပေါင်းစုံပါဝင်ခြင်း၊ အတူတကွညှိုနှိုင်း၊ အတူတကွ တည်ဆောက်၊ အတူတကွမျှဝေ ခံစားဟူသည့်ဆောင်ပုဒ်များကို ဆွဲကိုင် ထားပါသည်။

ရန်ကုန်သည် မြန်မာနိုင်ငံ၏ပထမအကြီးဆုံးမြို့ဖြစ်သည်နှင့်အညီ အခြေခံကောင်းမွန်ပါသည်။ အလားအလား လည်းကောင်း ပါသည်။ ရင်းနှီးမြှပ်နှံမှုပြန်ဆပ်နိုင်စွမ်းမြင့်မားပါသည်။ ပေါ်လစီချင်း ချိတ်ဆက်၊ အခြေခံ အဆောက်အအုံချင်း ချိတ်ဆက်၊ ကုန်သွယ်ရေးချိတ်ဆက်၊ရင်းနှီးငွေချိတ်ဆက်၊ ပြည်သူစိတ်နှလုံးသားချင်း ချိတ်ဆက်၊ တန်းတူရည်တူအပြန်အလှန်အကျိုး ပြုဟူသည့်မူဝါဒကို ဆွဲကိုင်ထားပါသည်။ ကိုယ်အားကိုယ်ကိုးခြင်း နည်းဖြင့် အခြေခံအဆောက် အဦးဆောက်တည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးခြင်း၊ ပြည်သူလူထုလူနေမှု ဘဝမြင့်တင်ခြင်း၊ ရထားလမ်း ဆောက်လုပ်ခြင်း၊ ရေနက်ဆိပ်ကမ်းဆောက်တည်ခြင်း၊ မြို့သစ်ဆောက်တည်ခြင်း စသည့် စီမံကိန်းများဖြင့် ရန်ကုန်မြို့ကိုပိုမိုတိုးတက်သာယာသော မြို့ကြီးတစ်မြို့ဖြစ် အောင်ဆောက်တည်နိုင်မည် ဖြစ်ပါသည်။ ရန်ကုန်မြို့ကိုဆောက်တည်သည့်ဖြစ်စဉ်အတွင်း အလုပ်အကိုင်သစ်များဖန်းတီးနိုင်ခြင်း၊ ပြည်သူ လူထုဝင်ငွေတိုးပွါးခြင်း၊ ပြည်တွင်းလိုအပ်ချက်ကိုတိုးမြင့်နိုင်ခြင်း စသည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက် နိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံအမှန်တကယ်တိုးတက်လာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ အနာဂတ်လည်း ပိုမိုသာယာ ဝပြော လာမည်ဖြစ်ပါသည်။

 

တချိန်ထည်းမှာဟောင်ကောင်၏မငြိမ်မသက်မှုသည်လည်း သတိပေးခေါင်းလောင်း တီးလိုက်သလို ဖြစ်နေပါသည်။ ကျွန်တော်တို့တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် “ရှုပ်ထွေးမှု”ကို ပို့ကုန် ထုတ်ပေးနေသည့် အဖွဲ့အစည်းများ ကိုလည်း အစဉ်အမြဲသတိရှိနေရန်လိုအပ် ပါကြောင်းတိုက်တွန်း အကြံပြုလိုက်ပါတော့သည်။

အဆိုပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။


Share this post