• Follow Us on

Home ဟြာေ၀းေနာက္ကြယ္မွာ တ႐ုတ္စစ္တပ္႐ွိေနတယ္လို႔ အေမရိကန္ကာ ကြယ္ေရး၀န္ႀကီးဌာနအခိုင္အမာေျပာ

ဟြာေ၀းေနာက္ကြယ္မွာ တ႐ုတ္စစ္တပ္႐ွိေနတယ္လို႔ အေမရိကန္ကာ ကြယ္ေရး၀န္ႀကီးဌာနအခိုင္အမာေျပာ

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၂၅

တ႐ုတ္ႏိုင္ငံကနည္းပညာဧရာမကုမၸဏီဟြာေ၀းအပါအ၀င္ ထိပ္တန္းကုမၸဏီအခု ၂၀ ဟာ တ႐ုတ္စစ္တပ္ပိုင္ ဒါမွမဟုတ္ တ႐ုတ္စစ္တပ္ေနာက္ခံေပးထားတဲ့ကုမၸဏီေတြျဖစ္တယ္လို႔ အေမရိကန္ကာကြယ္ေရး၀န္ႀကီးဌာနကအခိုင္အမာေျပာပါတယ္။

အခုလိုဆံုးျဖတ္လိုက္တာေၾကာင့္ အေမရိကန္ဟာ အဲဒီလုပ္ငန္းေတြကို ဘ႑ာေရးအရပိတ္ဆို႔အေရးယူမႈေတြထပ္လုပ္ႏိုင္ေခ် ႐ွိေနပါတယ္။

အမ်ိဳးသားလံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ ဟြာေ၀းကို တားျမစ္ပိတ္ပင္ဖို႔ တျခားႏိုင္ငံေတြကို အေမရိကန္က ဖိအားေပးေနခ်ိန္မွာ အခုစာရင္းေပၚေပါက္လာတာပါ။

အဲဒီကုမၸဏီေတြဟာ တ႐ုတ္စစ္တပ္ကို အထိအ႐ွမခံတဲ့နည္းပညာေတြလႊဲေျပာင္းေပးသြားႏိုင္တယ္ဆိုတာ အေမရိကန္လႊတ္ ေတာ္ေကာ္မတီေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ ရင္းႏွီးႁမွဳပ္ႏွံသူေတြနဲ႔ တ႐ုတ္လုပ္ငန္းေတြနဲ႔မိတ္ဖက္ျဖစ္လာႏိုင္သူေတြကို အသိေပးဖို႔ အခုစာရင္းကို ထုတ္ေ၀တာပါ။

စာရင္းထဲမွာ ေနာက္ထပ္ကုမၸဏီေတြပါလာႏိုင္ပါေသးတယ္။

အေမရိကန္ဥပေဒေတြအရ အေမရိကန္မွာလုပ္ငန္းလည္ပတ္ေနတဲ့ကုမၸဏီေတြဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ က ပိုင္တာ ဒါမွမဟုတ္ ထိန္းခ်ဳပ္ထားတာလားဆိုတာ အေမရိကန္ကာကြယ္ေရး၀န္ႀကီးဌာနက ေျခရာခံဖို႔လိုပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြအတြင္း အဲဒီစာရင္းကိုထုတ္ျပန္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ဒီမိုကရတ္ေရာ၊ ရီပတ္ဘလစ္ကန္ေရာ အမတ္ ေတြက ဖိအားေပးေနပါတယ္။

Ref : Trump administration claims Huawei ‘backed by Chinese military’

#PeopleMedia

(unicode)
ဟွာဝေးနောက်ကွယ်မှာ တရုတ်စစ်တပ်ရှိနေတယ်လို့ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနအခိုင်အမာပြော
…………………………………………………

ဝါရှင်တန်၊ ဇွန် ၂၅

တရုတ်နိုင်ငံကနည်းပညာဧရာမကုမ္ပဏီဟွာဝေးအပါအဝင် ထိပ်တန်းကုမ္ပဏီအခု ၂၀ ဟာ တရုတ်စစ်တပ်ပိုင် ဒါမှမဟုတ် တရုတ်စစ်တပ်နောက်ခံပေးထားတဲ့ကုမ္ပဏီတွေဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကအခိုင်အမာပြောပါတယ်။

အခုလိုဆုံးဖြတ်လိုက်တာကြောင့် အမေရိကန်ဟာ အဲဒီလုပ်ငန်းတွေကို ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူမှုတွေထပ်လုပ်နိုင်ချေ ရှိနေပါတယ်။

အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ဟွာဝေးကို တားမြစ်ပိတ်ပင်ဖို့ တခြားနိုင်ငံတွေကို အမေရိကန်က ဖိအားပေးနေချိန်မှာ အခုစာရင်းပေါ်ပေါက်လာတာပါ။

အဲဒီကုမ္ပဏီတွေဟာ တရုတ်စစ်တပ်ကို အထိအရှမခံတဲ့နည်းပညာတွေလွှဲပြောင်းပေးသွားနိုင်တယ်ဆိုတာ အမေရိကန်လွှတ် တော်ကော်မတီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တရုတ်လုပ်ငန်းတွေနဲ့မိတ်ဖက်ဖြစ်လာနိုင်သူတွေကို အသိပေးဖို့ အခုစာရင်းကို ထုတ်ဝေတာပါ။

စာရင်းထဲမှာ နောက်ထပ်ကုမ္ပဏီတွေပါလာနိုင်ပါသေးတယ်။

အမေရိကန်ဥပဒေတွေအရ အမေရိကန်မှာလုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က ပိုင်တာ ဒါမှမဟုတ် ထိန်းချုပ်ထားတာလားဆိုတာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ခြေရာခံဖို့လိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အဲဒီစာရင်းကိုထုတ်ပြန်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ဒီမိုကရတ်ရော၊ ရီပတ်ဘလစ်ကန်ရော အမတ် တွေက ဖိအားပေးနေပါတယ်။

Ref : Trump administration claims Huawei ‘backed by Chinese military’

#PeopleMedia


Share this post