• Follow Us on

Home အကူးအပြောင်းကာလ လွန်မြောက်ပြီးနောက် မည်သည့်အစိုးရအဖွဲ့တွင်မှ ပါဝင်မည်မဟုတ်ကြောင်း ဆူဒန်စစ်ခေါင်းဆောင်ပြောကြား

အကူးအပြောင်းကာလ လွန်မြောက်ပြီးနောက် မည်သည့်အစိုးရအဖွဲ့တွင်မှ ပါဝင်မည်မဟုတ်ကြောင်း ဆူဒန်စစ်ခေါင်းဆောင်ပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)

 

ဆူဒန်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ်ဖက်တာအယ်လ်ဘာဟန်က အကူးအပြောင်း ကာလလွန်မြောက်ပြီးနောက် ၎င်းအနေဖြင့် မည်သည့်အစိုးရအဖွဲ့တွင်မှ ပါဝင်မည်မဟုတ်ကြောင်း အယ်ဂျာဇီး ယားမီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

 

“အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးသွားဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချပြီးသားပါ။ အကူးအပြောင်း ကာ လမှာ အဲဒီအစီစဉ်ကို အနှောင့် အယှက်အဟန့်အတားဖြစ်စေမယ့် ဘယ်လိုကြားဝင်စွက်ဖက်မှုမျိုးမဆို ကာ ကွယ်တားဆီးသွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။” ဟု အယ်လ်ဘာဟန်က ဒီမိုကရက်တစ်အကူးအပြောင်း ကို အောင်မြင်စွာဖြတ်သန်းပြီး ရွေးကောက်ပွဲများကို အချိန်ကိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ လ ၇ ရက်နေ့ကပြောသည်။

 

အများသဘောဆန္ဒနှင့်အညီ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန် လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများ၊ အခြားလူသိ ထင်ရှားသောပုဂ္ဂိုလ်များနှင့် ဆွေးနွေးနေကြောင်းကိုလည်း အယ်လ်ဘာဟန်ကပြောသည်။

 

ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်ဖြိုခွင်းမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဆူဒန်တပ်မတော်သားများအ နေဖြင့် မည်သည့်ဆန္ဒပြပြည်သူကိုမှ သတ်ဖြတ်ခြင်းမရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့်ဆန္ဒပြပွဲများ ကို စုံစမ်းစစ်ဆေးရာ၌ အသေအပျောက်စာရင်းများထွက်ပေါ်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းကပြောသည်။

 

နိုင်ငံတွင်း နိုင်ငံရေးအကြပ်အတည်းကို ထပ်မံဆိုးရွားစေသည့် ဆူဒန်နိုင်ငံမြို့တော်ခပ်ထင်နှင့် အခြားမြို့ကြီးများ တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ်ဖက်တာအယ်လ်ဘာဟန်၏ပြောဆိုချက်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဆူဒန်စစ်တပ်က ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒက်နှင့် ဝန်ကြီးအချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ လူပေါင်းများစွာလမ်းပေါ်တက်လာပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆူဒန် နိုင်ငံအချုပ်အခြာအာဏာကောင်စီအကြီးအကဲ အယ်လ်ဘာဟန်က နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေ ညာခဲ့ပြီး ကောင်စီနှင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

 

ဆန္ဒပြချီတက်ပွဲများအတွင်း ဆန္ဒပြပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်နိုင်ငံ ကျန်းမာရေး ကော်မတီ၏ပြောကြားချက်အရ သိရသည်။

 

Ref: Sudan’s Military Chief Says Will Not Partake in Government After Transition Period

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 



 


 

Ref: Sudan’s Military Chief Says Will Not Partake in Government After Transition Period

 

#PeopleMedia


Share this post