• Follow Us on

Home အက်စထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃၅ သန်း ထိုင်းနိုင်ငံ ထပ်မံမှာယူ

အက်စထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃၅ သန်း ထိုင်းနိုင်ငံ ထပ်မံမှာယူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ထိုင်းနိုင်ငံက AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၃၅ သန်း ထပ်မံ မှာယူခဲ့ရာ စုစု ပေါင်း ကာကွယ်ဆေး အလုံးရေ ၆၃ သန်းအထိ ရရှိမည်ဟု ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာက ပြောကြားလိုက် သည်။
 
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၈၉၆၆ မှုနှင့် သေဆုံးသူ ၆၅ ဦးရှိသည့် ထိုင်းနိုင်ငံက ပြည်သူ သန်း ၇၀ ၏ ထက်ဝက်ကျော်ကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းသည်။
 
“ကျွန်တော်တို့ AstraZeneca ကာကွယ်ဆေး အလုံးရေ ၃၅ သန်း ထပ်မံ မှာယူခဲ့ပါတယ်” ဟု ပရာယွပ်က ဇန်နဝါရီလ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
 
ထိုင်းအစိုးရက နိုဝင်ဘာလအတွင်း ထိုင်းဆေးဝါးကုမ္ပဏီ Siam Bioscience က ပြည်တွင်း၌အသုံးပြုရန် နှင့် ပြည်ပတင်ပို့ရန် ထုတ်လုပ်မည့် AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေး အ လုံးရေ ၂၆ သန်း ဝယ်ယူခဲ့သေးသည်။
 
ထိုင်းနိုင်ငံက တရုတ်နိုင်ငံ Sinovac Biotech မှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ နှစ်သန်း မှာယူခဲ့ပြီး ပထ မအသုတ် ကာကွယ်ဆေး အလုံးရေ ၂၀၀၀၀၀ မှာ နောက်လတွင် ရောက်ရှိမည်ဟု မျှော်မှန်းရသည်။
 
ပထမအသုတ် Sinovac ကာကွယ်ဆေးကို ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသည့်နယ်မြေများမှ ကျန်းမာ ရေးဝန်ထမ်းများကို ဦးစားပေး၍ ထိုးနှံပေးမည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာက ပြောသည်။
 
“တရုတ်နိုင်ငံလုပ် ကိုဗစ်ကာကွယ်ဆေး အလုံးရေနှစ်သန်းဝယ်ယူဖို့ ဘတ်ဂျက် ဒေါ်လာ ၅၃ ဒသမ ၇ သန်းကျော်ရှိပြီး ဧပြီလမတိုင်မီ ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၈ သန်း ပေးပို့မှာဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။
 
စထရိတ်တိုင်းမ် – Ref; Thailand orders 35m more doses of AstraZeneca vaccine
 
(unicode)
……………………………………………
 
 
 
 
 
 
 
 

Share this post