• Follow Us on

Home အက်စ်တိုးနီးယားက ယူကရိန်းကို ဂျာဗီလင်ဒုံးကျည်များနှင့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကြီးများ ထောက်ပံ့သွားရန် စီစဉ်နေ

အက်စ်တိုးနီးယားက ယူကရိန်းကို ဂျာဗီလင်ဒုံးကျည်များနှင့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကြီးများ ထောက်ပံ့သွားရန် စီစဉ်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းနိုင်ငံကို တင့်ဖျက်လက်နက် ဂျာဗီလင်ဒုံးကျည်များ နှင့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကြီးများ ထောက်ပံ့သွားရန် စီစဉ်နေကြောင်း အက်စ်တိုးနီးယားအစိုးရ ရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာနက ကြေညာလိုက်သည်။

 

အက်စ်တိုးနီးယားက နောက်ဆုံး ဆုံးဖြတ်ချက်မချမီ ဂျာဗီလင်ဒုံးကျည်များ မူလထုတ်လုပ်ခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကြီးများ မူလထုတ်လုပ်ခဲ့သော ဖင်လန်နှင့် ဂျာမနီနိုင်ငံတို့ ထံမှ ခွင့်ပြုချက်များတောင်းခံရမည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

 

“အက်စ်တိုးနီးယားနိုင်ငံအနေနဲ့ အခုလို ခက်ခဲနေတဲ့အချိန်မျိုးမှာ ယူကရိန်းနိုင်ငံကို လက်နက်/ခဲယမ်းတွေ ထောက်ပံ့သွားဖို့ မူအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ စဉ်းစားနေတာက တင့်ဖျက်လက်နက် ဂျာဗီလင်ဒုံးကျည်တွေရယ်၊ ၁၂၂ မမ ဟောက်ဝစ်ဇာအ မြောက်ကြီးတွေနဲ့ အမြောက်ကျည်တွေရယ် ထောက်ပံ့သွားဖို့ ဖြစ်ပါတယ်။” ဟု အက်စ်တိုးနီးယားကာကွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအကြီးအကဲ ပီတာကူမက်တ်ကပြောသည်။

 

စစ်လက်နက်ပစ္စည်းများထောက်ပံ့ရသည့်ကိစ္စမှာ အလွန်ရိုးရှင်းလွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း၊ ဂျာဗီလင်ဒုံး ကျည်များမပေးပို့မီ မူလထုတ်လုပ်သည့်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုမှ ခွင့်ပြု ချက်တောင်းခံရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

 

“ဟောက်ဝစ်ဇာအမြောက်ကြီးတွေနဲ့ ပတ်သက်ပြီးပြောရရင် အဲဒီအမြောက်ကြီးတွေကို ကျွန်တော်တို့ ဖင်လန်နိုင် ငံနဲ့ ဂျာမနီနိုင်ငံတို့က လက်ခံရရှိခဲ့တာပါ။ ဒီအမြောက်တွေကို တခြားနိုင်ငံကို လွှဲပြောင်းပေးဖို့ဆိုရင် ကျွန်တော်တို့ ဂျာမနီနိုင်ငံနဲ့ ဖင်လန်နိုင်ငံဆီကနေ ခွင့်ပြုချက်တောင်းခံဖို့ လိုပါတယ်။” ဟု ကူမက်တ်ကပြောသည်။

 

အက်စ်တိုးနီးယားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဂျာဗီလင်ဒုံးကျည်များကို အဆက်မပြတ်လက်ခံရရှိနေ ရာ အချို့လက်နက်ပစ္စည်းများမှာ စတင်သက်တမ်းရင့်လာပြီဖြစ်ကြောင်း ၎င်းကပြောသည်။

 

ဂျာဗီလင်ဒုံးကျည်၏ ပြောင်းလဲမှုအဆင့်မှာ ဆယ်နှစ်အတွင်း အနည်းငယ်သာအပြောင်းအလဲရှိသည်။ ထို့နောက် ဒုံးကျည်ကို ဖျက်သိမ်းသင့်ကြောင်း၊ မဖျက်သိမ်းပါက ယင်းဒုံးကျည်ကို ငွေကုန်ကြေးကျခံကာ အဆင့်မြှင့်တင်ရ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

ဂျာဗီလင်ဒုံးကျည်များကို လက်ရှိအချိန်တွင် အခြားနိုင်ငံတစ်ခုခုသို့ မပေးဖြစ်ပါက ယင်းဒုံးကျည်များကို လာမည့် နှစ်များအတွင်း လေ့ကျင့်ရေးပစ်ခတ်မှုများတွင် အသုံးပြုသွားရလိမ့်မည်ဖြစ်ကြောင်း ကူမက်တ်ကပြောသည်။

 

အက်စ်တိုးနီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံကို အခြားအကူအညီများပေးရန်လည်း စီစဉ်လျက်ရှိသည်။ လွန်ခဲ့ သည့်နှစ် ယူကရိန်းနယ်စပ်အရေး အခြေအနေမဆိုးမီကာလက အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီးဌာန သည် ဂျာမနီနိုင်ငံနှင့် ပူးတွဲစီမံကိန်းတစ်ခုလုပ်ကိုင်ခဲ့သည်။ ယင်းစီမံကိန်းမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန အတွက် ရွေ့လျားစစ်မြေပြင်ဆေးရုံတစ်ခုတည်ဆောက်ရန်ဖြစ်သည်။

 

အက်စ်တိုးနီးယား တပ်မတော်သားများနှင့် အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍမှာ စီမံကိန်းလုပ်ငန်းအတွက် ပေါင်းစပ်ညှိနှိုင်းရမည်ဖြစ်ပြီး ရွေ့လျားစစ်မြေပြင်ဆေးရုံတွင် တာဝန်ထမ်းဆောင်နိုင် ရန် ယူကရိန်းတပ်မတော်ဆေးဘက်ဆိုင်ရာ အရာရှိ/ စစ်သည်များကို သင်တန်းများပို့ချပေးရန်ဖြစ်သည်။ ဂျာမနီ နိုင်ငံက စီမံကိန်းအတွက် ဘတ်ဂျက်ခွဲဝေမှုများဆောင်ရွက်ရန် စီမံထားသည်။ ဖေဖော်ဝါရီလတွင် စီမံကိန်းလုပ် ငန်းများကို စတင်အကောင်အထည်ဖော်သွားရန် စီစဉ်ထားသည်။

 

“လက်ရှိအချိန်မှာတော့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေကို တစ်နှစ်ကြာ အင်္ဂလိပ်သာစကား သင်ကြားပေးနေပါတယ်။ အက်စ်တိုးနီးယားရယ် တခြားဘော်လတစ်နိုင်ငံတွေရယ်၊ ဒိန်း မတ်နိုင်ငံရယ် ယူကရိန်းတပ်မတော်သားတွေ ပညာသင်ကြားဖို့အတွက် ငွေကြေးစိုက်ထုတ်ပြီး ကမကထလုပ် ဆောင်ရွက်ပေးနေပါတယ်။ တကယ်လု့ိ ယူကရိန်းနိုင်ငံက လိုအပ်လာမယ်ဆိုရင် ဒီပညာသင်စီမံကိန်းလုပ်ငန်း တွေမှာ လက်ရှိတက်ရောက်သင်ကြားနေတဲ့ယူကရိန်းတပ်မတော်သားအရေအတွက်ထက် နောက်နှစ်မှာ နှစ်ဆ တိုးပြီး သင်ကြားပေးသွားဖို့ အဆင်သင့်ရှိနေပါတယ်။” ဟု ကူမက်တ်ကပြောသည်။

 

Ref: Estonia plans to provide Javelin missiles, howitzers to Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Estonia plans to provide Javelin missiles, howitzers to Ukraine

 

#PeopleMedia


Share this post