• Follow Us on

Home အကျင့်ပျက်ခြစားမှုများကြောင့် မာလာဝီသမ္မတ Lazarus Chakwera က အစိုးရအဖွဲ့တစ်ခုလုံး ထုတ်ပယ်

အကျင့်ပျက်ခြစားမှုများကြောင့် မာလာဝီသမ္မတ Lazarus Chakwera က အစိုးရအဖွဲ့တစ်ခုလုံး ထုတ်ပယ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

မာလာဝီသမ္မတ Lazarus Chakwera သည် ဝန်ကြီးများစွာကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ခံထားရသဖြင့် အစိုးရအဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ၎င်းက ကြေညာ ခဲ့သည်။

 

သမ္မတ Chakwera က အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံထားရသော ဝန်ကြီး သုံးဦးနှင့် အခြားအစိုးရအရာရှိ များကို တရားရင်ဆိုင်ခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြောင်း နှင့် အစိုးရအဖွဲ့အသစ်ကို နှစ်ရက်အတွင်း ပြန်လည် ကြေငြာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

“ကျွန်တော့်ရဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို ချက်ချင်းဖျက်သိမ်းလိုက်ပါတယ် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို အစိုးရအဖွဲ့အသစ်ကို ကြေညာမယ့် နောက်နှစ်ရက်အထိ ကျွန်တော့်ရုံးခန်းကို ပြန်ပြောင်းလိုက်ပါ တယ်” ဟု ၎င်းက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

မလာဝီသမ္မတ မစ္စတာ Chakwera သည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် ကတိပြုကာ ၂၀၂၀ ခုနှစ်တွင် ရွေးကောက်ခံခဲ့ရသည့် သမ္မတဖြစ်သည်။

 

ပြီးခဲ့သည့်လက လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြေယာဝန်ကြီးအပါအဝင် အလုပ်သမား ဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးတို့သည်လည်း အလွဲသုံးစားလုပ်မှုဖြင့် စွဲချက်တင်ခံထားရသည်။

 

မြေယာဝန်ကြီး Msukwa သည် ဗြိတိန် စီးပွားရေးသမားတစ်ဦးနှင့် ပတ်သက်သည့် မြေယာသဘောတူညီ ချက်များမှ အကျိုးအမြတ်ရရှိသည်ဟု စွပ်စွဲခံထားရသည်။

 

အလားတူ အလုပ်သမားဝန်ကြီး Kendodo သည် COVID-19 ရန်ပုံငွေများကို ဖျောက်ဖျက်ခဲ့ကြောင်း စွပ်စွဲခံ ထားရပြီး စွမ်းအင်ဝန်ကြီး Newton သည်လည်း လောင်စာဆီ တင်သွင်းမှုနှင့် ပတ်သက်ပြီးစွပ်စွဲခံထားရသည်။

 

ကိုးကား – Aljazeera

 

Ref; Malawi’s president dissolves cabinet over corruption allegations

 

#PeopleMedia #EPN

 

(unicode)

အကငြ့ျပကြျခွစားမှုမြားကွောင့ျ မာလာဝီသမ်မတ Lazarus Chakwera က အစိုးရအဖှဲ့တဈခုလုံး ထုတျပယျ

………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref; Malawi’s president dissolves cabinet over corruption allegations

 

#PeopleMedia #EPN


Share this post