• Follow Us on

Home အက်င့္ပ်က္ခ်စားမႈစြဲခ်က္ျဖင့္ ပါပူအာနယူးဂီနီ ဝန္ႀကီးခ်ဳပ္ေဟာင္းကို ဖမ္းဆီး

အက်င့္ပ်က္ခ်စားမႈစြဲခ်က္ျဖင့္ ပါပူအာနယူးဂီနီ ဝန္ႀကီးခ်ဳပ္ေဟာင္းကို ဖမ္းဆီး

Share this post

ႏို္င္ငံတကာ၊ ေမ ၂၄

အစၥေရးႏိုင္ငံမွ ဓာတ္အားေပးစက္ႏွစ္လုံး ဝယ္ယူမႈပါဝင္ေသာ အလြဲသုံးစားမႈ၊ အက်င့္ပ်က္ခ်စားမႈႏွင့္ပတ္ သက္၍ စစ္ေဆးေမးျမန္းရန္ ပါပူအာနယူးဂီနီ ဝန္ႀကီးခ်ဳပ္ေဟာင္းကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ကို႐ိုနာဗိုင္းရပ္စ္ အသြားအလာကန္႔သတ္မႈမ်ားေၾကာင့္ ေသာင္တင္ေနခဲ့သည့္ ျသစေၾတးလ်ႏိုင္ငံ၊ ဘရစၥဘိန္းၿမိဳ႕မွ ျပန္လာေသာ ပါပူအာနယူးဂီနီ ဝန္ႀကီးခ်ဳပ္ေဟာင္း ပီတာအိုေနးလ္ကို ယမန္ေန႔က ပို႔ေမာ္စ္ဘီၿမိဳ႕ ရွိ ဂ်က္ဆင္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့သည္။

ပီတာကို ေနာက္ပိုင္းတြင္ အာမခံျဖင့္ ျပန္လႊတ္ေပးခဲ့ၿပီး ၄င္းအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္ခ်က္ မ်ားေၾကာင့္ ေနအိမ္၌ ႏွစ္ပတ္ၾကာ သီးသန္႔ခြဲေနရမည္ျဖစ္သည္။ အစိုးရအဖြဲ႕ဝင္ အမ်ားအျပား ႏႈတ္ထြက္မႈ ေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ ရာထူးမွမႏႈတ္ထြက္မီ ပီတာက ပါပူအာနယူးဂီနီႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာၾကာ ဉီးေဆာင္ ခဲ့သည္။

စုံစမ္းစစ္ေဆးမႈတြင္ ပီတာက ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနခ်ိန္ အစၥေရးႏိုင္ငံမွ ေဒၚလာ ၁၄ ဒသမ ၂ သန္းျဖင့္ ဓာတ္အားေပးစက္ႏွစ္လုံး ဝယ္ယူမႈပါဝင္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။ လြတ္ေတာ္၏ အတည္ျပဳခ်က္ မရယူခဲ့သလို တင္ဒါလုပ္ငန္းစဉ္ မေဆာင္ရြက္ဘဲ ဓာတ္အားေပးစက္မ်ားဝယ္ယူရန္ ပီတာက ၫႊန္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ဝင္တစ္ဉီးက ေျပာၾကားခဲ့သည္။

အလြဲသုံးစားမႈ၊ အာဏာအသုံးျပဳမႈႏွင့္ အက်င့္ပ်က္ခ်စားမႈ ျပစ္မႈမ်ားက်ဴးလြန္ခဲ့သည့္ ယုတၱိတန္ေသာ အေထာက္အထားမ်ားရွိေၾကာင္း ၄င္းက ဆိုသည္။ ရဲတပ္ဖြဲ႕က ပီတာကို အျခားျပႆနာတစ္ခုႏွင့္ပတ္သက္၍ ၿပီး ခဲ့သည့္ႏွစ္ ေအာက္တိုဘာလအတြင္း ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ၄င္းက တရား႐ုံး၌ ေျဖရွင္းႏိုင္ျခင္း ေၾကာင့္ စြဲခ်က္ကို ျပန္႐ုတ္သိမ္းခဲ့သည္။

၂၀၁၉ ခုႏွစ္တြင္ ပီတာက ရာထူးမွႏႈတ္ထြက္ခဲ့ၿပီး သူ၏ေနရာတြင္ အစိုးရအဖြဲ႕ကို သန္႔ရွင္းေအာင္ျပဳလုပ္ မည္ဟု ကတိျပဳခဲ့သည့္ ဘ႑ာေရးဝန္ႀကီးေဟာင္း ဂ်ိမ္းစ္မာရာပီကို အစားထိုးခဲ့သည္။

ကိုးကား -သည္တိုင္းမ္ ေအာ့ဖ္အစၥေရး

Ref; Former Papua New Guinea PM arrested over purchases from Israel

#PeopleMedia

(unicode)
အကျင့်ပျက်ချစားမှုစွဲချက်ဖြင့် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီး
……………………………………………………………………………

နို်င်ငံတကာ၊ မေ ၂၄

အစ္စရေးနိုင်ငံမှ ဓာတ်အားပေးစက်နှစ်လုံး ဝယ်ယူမှုပါဝင်သော အလွဲသုံးစားမှု၊ အကျင့်ပျက်ချစားမှုနှင့်ပတ် သက်၍ စစ်ဆေးမေးမြန်းရန် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် အသွားအလာကန့်သတ်မှုများကြောင့် သောင်တင်နေခဲ့သည့် သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှ ပြန်လာသော ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်ဟောင်း ပီတာအိုနေးလ်ကို ယမန်နေ့က ပို့မော်စ်ဘီမြို့ ရှိ ဂျက်ဆင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ပီတာကို နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ၄င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် များကြောင့် နေအိမ်၌ နှစ်ပတ်ကြာ သီးသန့်ခွဲနေရမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင် အများအပြား နှုတ်ထွက်မှု ကြောင့် ၂၀၁၉ ခုနှစ်တွင် ရာထူးမှမနှုတ်ထွက်မီ ပီတာက ပါပူအာနယူးဂီနီနိုင်ငံကို နှစ်ပေါင်းများစွာကြာ ဉီးဆောင် ခဲ့သည်။

စုံစမ်းစစ်ဆေးမှုတွင် ပီတာက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန် အစ္စရေးနိုင်ငံမှ ဒေါ်လာ ၁၄ ဒသမ ၂ သန်းဖြင့် ဓာတ်အားပေးစက်နှစ်လုံး ဝယ်ယူမှုပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လွတ်တော်၏ အတည်ပြုချက် မရယူခဲ့သလို တင်ဒါလုပ်ငန်းစဉ် မဆောင်ရွက်ဘဲ ဓာတ်အားပေးစက်များဝယ်ယူရန် ပီတာက ညွှန်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဉီးက ပြောကြားခဲ့သည်။

အလွဲသုံးစားမှု၊ အာဏာအသုံးပြုမှုနှင့် အကျင့်ပျက်ချစားမှု ပြစ်မှုများကျူးလွန်ခဲ့သည့် ယုတ္တိတန်သော အထောက်အထားများရှိကြောင်း ၄င်းက ဆိုသည်။ ရဲတပ်ဖွဲ့က ပီတာကို အခြားပြဿနာတစ်ခုနှင့်ပတ်သက်၍ ပြီး ခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၄င်းက တရားရုံး၌ ဖြေရှင်းနိုင်ခြင်း ကြောင့် စွဲချက်ကို ပြန်ရုတ်သိမ်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပီတာက ရာထူးမှနှုတ်ထွက်ခဲ့ပြီး သူ၏နေရာတွင် အစိုးရအဖွဲ့ကို သန့်ရှင်းအောင်ပြုလုပ် မည်ဟု ကတိပြုခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျိမ်းစ်မာရာပီကို အစားထိုးခဲ့သည်။

ကိုးကား -သည်တိုင်းမ် အော့ဖ်အစ္စရေး

Ref; Former Papua New Guinea PM arrested over purchases from Israel

#PeopleMedia


Share this post