• Follow Us on

Home အက်င့္ပ်က္ခ်စားမႈေၾကာင့္ ဇင္ဘာေဘြ က်န္းမာေရးဝန္ႀကီးကို ရာထူးမွ ထုတ္ပယ္

အက်င့္ပ်က္ခ်စားမႈေၾကာင့္ ဇင္ဘာေဘြ က်န္းမာေရးဝန္ႀကီးကို ရာထူးမွ ထုတ္ပယ္

Share this post

၂၀၂၀၊ ဇူလိုင္ – ၈

ကိုဗစ္-၁၉ ေဆးဝါးပစၥည္းမ်ား ဝယ္ယူသည့္ အေမရိကန္ေဒၚလာ သန္း ၆၀ တန္ သေဘာတူညီခ်က္တစ္ရပ္ႏွင့္ ပတ္သက္၍ အက်င့္ပ်က္ခ်စားမႈစြဲခ်က္မ်ားရင္ဆိုင္ေနရသည့္ က်န္းမာေရးဝန္ႀကီး အိုဘာဒီယာမိုယိုအား ဇင္ ဘာေဘြသမၼတ အမ္မာဆင္မန္ဂါဂြက ယမန္ေန႔တြင္ ရာထူးမွထုတ္ပယ္ခဲ့သည္။

ပြင့္လင္းျမင္သာေသာ တင္ဒါလုပ္ငန္းစဉ္ မေဆာင္ရြက္ဘဲ ကုမၸဏီႏွစ္ခုသို႔ ကန္ထ႐ိုက္စာခ်ဳပ္မ်ား ေပးအပ္ခဲ့မႈ ေၾကာင့္ ဝန္ႀကီး အိုဘာဒီယာအား ၿပီးခဲ့သည့္လက ဖမ္းဆီးခဲ့သည္။

အစိုးရအဖြဲ႕ဝင္တစ္ဦးအတြက္ ေလ်ာ္ကန္သင့္ျမတ္မႈမရွိေသာ ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ ဇင္ဘာေဘြသမၼတ ႏိုင္ငံသမၼတက အိုဘာဒီယာအား အစိုးရအဖြဲ႕႐ုံးမွ ဖယ္ရွားလိုက္ေၾကာင္း သမၼတ႐ုံးႏွင့္ အစိုးရအဖြဲ႕႐ုံးအတြင္း ေရးမွဴး မီရွက္ခ္စီဘန္ဒါက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

အိုဘာဒီယာမွာ ၿပီးခဲ့ေသာတစ္ႏွစ္အတြင္း အဂတိလိုက္စားမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေသာ သမၼတအမ္မာဆင္ မန္ဂါဂြာ အစိုးရလက္ထက္အတြင္း ဒုတိယေျမာက္ဝန္ႀကီးျဖစ္သည္။

သူနာျပဳမ်ားအပါအဝင္ က်န္းမာေရးဝန္ထမ္းမ်ားက လစာေငြမ်ားကို အေမရိကန္ေဒၚလာျဖင့္ေပးေခ်ရန္ ဆႏၵ ျပေတာင္းဆိုမႈမ်ား ျပဳလုပ္ေနၾကစဥ္ က်န္းမာေရးဝန္ႀကီးကို ရာထူးမွထုတ္ပယ္ျခင္းျဖစ္သည္။

ဇင္ဘာေဘြႏိုင္ငံတြင္ ဇူလိုင္လ ၆ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳလူနာ ၇၃၄ ဦး၊ ေသဆုံး သူ ကိုးဦးႏွင့္ ပိုးကင္းစင္သူ ၁၉၇ ဦးရွိေၾကာင္းသိရသည္။

ကိုးကား ။ ။ ဆင္ဟြာ

Ref; Zimbabwean president fires health minister over corruption scandal

#PeopleMedia

(unicode)
အကျင့်ပျက်ချစားမှုကြောင့် ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်
……………………………………………………

၂၀၂၀၊ ဇူလိုင် – ၈

ကိုဗစ်-၁၉ ဆေးဝါးပစ္စည်းများ ဝယ်ယူသည့် အမေရိကန်ဒေါ်လာ သန်း ၆၀ တန် သဘောတူညီချက်တစ်ရပ်နှင့် ပတ်သက်၍ အကျင့်ပျက်ချစားမှုစွဲချက်များရင်ဆိုင်နေရသည့် ကျန်းမာရေးဝန်ကြီး အိုဘာဒီယာမိုယိုအား ဇင် ဘာဘွေသမ္မတ အမ်မာဆင်မန်ဂါဂွက ယမန်နေ့တွင် ရာထူးမှထုတ်ပယ်ခဲ့သည်။

ပွင့်လင်းမြင်သာသော တင်ဒါလုပ်ငန်းစဉ် မဆောင်ရွက်ဘဲ ကုမ္ပဏီနှစ်ခုသို့ ကန်ထရိုက်စာချုပ်များ ပေးအပ်ခဲ့မှု ကြောင့် ဝန်ကြီး အိုဘာဒီယာအား ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင်တစ်ဦးအတွက် လျော်ကန်သင့်မြတ်မှုမရှိသော ဆောင်ရွက်ချက်များကြောင့် ဇင်ဘာဘွေသမ္မတ နိုင်ငံသမ္မတက အိုဘာဒီယာအား အစိုးရအဖွဲ့ရုံးမှ ဖယ်ရှားလိုက်ကြောင်း သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံးအတွင်း ရေးမှူး မီရှက်ခ်စီဘန်ဒါက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

အိုဘာဒီယာမှာ ပြီးခဲ့သောတစ်နှစ်အတွင်း အဂတိလိုက်စားမှုကြောင့် ဖမ်းဆီးခံခဲ့ရသော သမ္မတအမ်မာဆင် မန်ဂါဂွာ အစိုးရလက်ထက်အတွင်း ဒုတိယမြောက်ဝန်ကြီးဖြစ်သည်။

သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများက လစာငွေများကို အမေရိကန်ဒေါ်လာဖြင့်ပေးချေရန် ဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်နေကြစဉ် ကျန်းမာရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်ခြင်းဖြစ်သည်။

ဇင်ဘာဘွေနိုင်ငံတွင် ဇူလိုင်လ ၆ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၇၃၄ ဦး၊ သေဆုံး သူ ကိုးဦးနှင့် ပိုးကင်းစင်သူ ၁၉၇ ဦးရှိကြောင်းသိရသည်။

ကိုးကား ။ ။ ဆင်ဟွာ

Ref; Zimbabwean president fires health minister over corruption scandal

#PeopleMedia


Share this post