• Follow Us on

Home အကျပ်အတည်းဖြစ်စဉ်များကို ရှောင်ရှားနိုင်ရေး စစ်ဘက်ဆိုင်ရာအရေးပေါ်ဆက်သွယ်ရေးလိုင်းထားရှိရန် တရုတ်နှင့် ဂျပန်သဘောတူညီမှုရရှိ

အကျပ်အတည်းဖြစ်စဉ်များကို ရှောင်ရှားနိုင်ရေး စစ်ဘက်ဆိုင်ရာအရေးပေါ်ဆက်သွယ်ရေးလိုင်းထားရှိရန် တရုတ်နှင့် ဂျပန်သဘောတူညီမှုရရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

ထိုင်ဝမ်ရေလက်ကြားအရေး အကျပ်အတည်းနှင့် ပင်လယ်ပြင်ကျွန်းများပိုင်ဆိုင်ရေးအငြင်းပွားမှုတို့ကို ကာကွယ် ရန်အတွက် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား အရေးပေါ်စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးလိုင်းတစ်လိုင်းထားရှိရန် သဘောတူညီခဲ့ကြသည်။

 

နှစ်နိုင်ငံ လေကြောင်း/ ရေကြောာင်း ဆက်သွယ်ရေးစနစ်များမြှင့်တင်ရန်နှင့် ရည်ရွယ်မထားသောထိတေ့ွမှုများ မဖြစ်ပွားစေရန်အတွက် ၂၀၂၂ ခုနှစ်မကုန်မီ အရေးပေါ်တိုက်ရိုက်ဆက်သွယ်ရေးလိုင်းထားရှိရန် အွန်လိုင်းတွေ့ ဆုံပွဲကျင်းပပြုလုပ်နေစဉ် ဂျပန်ကာကွယ်ရေးဝန်ကြီးနိုဘူအိုကီရှီနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးဝေဖန်းဟီတို့ သ ဘောတူညီခဲ့ကြခြင်းဖြစ်သည်။

 

အရေးပေါ်ဆက်သွယ်ရေးလိုင်းနှင့်ပတ်သက်၍ တရုတ်ကာကွယ်ရေးဝန်ကြီးက တိုက်ရိုက်ဖော်ပြပြောဆိုခြင်းမရှိ သော်လည်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်မှုများမြှင့်တင်ရန်လိုအပ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များအချင်းချင်းအပြန်အလှန်ဆက်သွယ်ရေးမြှင့်တင်ရန်နှင့် လက်တွေ့ကျသောပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

 

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြားတွင် နှစ်နိုင်ငံတပ်မတော်အချင်းချင်းဆက်သွယ်ရန်အတွက်  အရေးပေါ်ဆက် သွယ်ရေးလိုင်းတစ်ခုထားရှိရန် ၂၀၀၇ ခုနှစ်တွင် သဘောတူညီခဲ့သော်လည်း သဘောတူညီမှုကို အပြီးသတ် အ ကောင်အထည်မဖော်ဖြစ်ခဲ့ပေ။

 

အကျပ်အတည်းကိစ္စများ ကိုင်တွယ်ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံတွင် အမေရိကန်နိုင်ငံနှင့် စစ်ဘက်ဆိုင် ရာအရေးပေါ်ဆက်သွယ်ရေးလိုင်းထားရှိထားသော်လည်း အမေရိကန်ဘက်ကခေါ်ဆိုမှုများကို တရုတ်ဘက်က များသောအားဖြင့် ပြန်လည်ဖြေကြားခြင်းမရှိကြောင်း အမေရိကန်အစိုးရကပြောသည်။ အဆိုပါအရေးပေါ်ဆက် သွယ်ရေးလိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးတင်မာမှုများကြောင့် ပြတ်တောက်သွားရခြင်းဖြစ်ကြောင်း အမေရိကန် ကျွမ်းကျင်သူများကပြောသည်။

 

တရုတ်နိုင်ငံက ဒိုင်ယာအိုယူကျွန်းစုများဟုခေါ်ပြီး ဂျပန်နိုင်ငံက ဆန်ကာကူကျွန်းစုများ၏ခေါ်သော လူမနေ သည့် ကျွန်းငယ်များပေါ်တွင် ဂျပန်တပ်ဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားမှုနှင့်ပတ်သက်ပြီး ကာလရှည်အငြင်းပွားနေ သည့်ကြားမှ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား အရေးပေါ်စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးလိုင်းတစ်ခု ထားရှိရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“အရှေ့တရုတ်ပင်လယ်ပြဿနာတွေ၊ ဒိုင်ယာအိုယူကျွန်းစုတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ တရုတ် နိုင်ငံဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပင်လယ်ပြင်ထဲကအကျိုးစီးပွားတွေအတွက် ခိုင်ခိုင်မာမာရပ်တည်ကာ ကွယ်သွားမှာဖြစ်ပါတယ်။” ဟု တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟီကပြောသည်။

 

ဂျပန်အစိုးရအနေဖြင့် ဆန်ကာကူကျွန်းစုများအနီး တရုတ်စစ်သင်္ဘောများသွားလာလှုပ်ရှားနေသည်ကို အလွန် အမင်းစိုးရိမ်ပူပန်မိကြောင်းနှင့် အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ် ရေးဝန်ကြီး နိုဘူအိုကီရှီက ပြောသည်။

 

Ref: China, Japan Agree to Set Up Military Hotline to Avert Crisis

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: China, Japan Agree to Set Up Military Hotline to Avert Crisis

 

#PeopleMedia


Share this post