• Follow Us on

Home အကျဉ်းကျခံနေရသည့် လင်ယောကျာ်းထံ ကောက်ညှင်းထုပ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်း ပို့ဆောင်ခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ

အကျဉ်းကျခံနေရသည့် လင်ယောကျာ်းထံ ကောက်ညှင်းထုပ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်း ပို့ဆောင်ခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၂၉ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်အကျဉ်းဦးစီးဌာန၌ အကျဉ်းကျခံနေရသည့် လင်ယောကျာ်းထံ ကောက်ညှင်းထုပ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်းပို့ဆောင်ခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ ပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က ပေါင်မြို့နယ်၊ အင်းဗြောင်အကျဉ်းဦးစီးဌာန၊ ကုန်ထုတ်စခန်း၌ အကျဉ်းကျ ခံနေရသည့် လင်ယောကျာ်းကို အမျိုးသမီးဖြစ်သူမှ ထောင်ဝင်စာပို့ရာတွင် ကောင်ညှင်းထုပ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်သွင်းပို့ဆောင်ခဲ့ရာ ဂိတ်လုံခြုံရေးများက တွေ့ရှိခဲ့ပြီး အဆိုပါ အမျိုးသမီးကို ဖမ်းဆီး လိုက်ခြင်း ဖြစ်ပါတယ်။

 

နိုဝင်ဘာ ၂၈ ရက်က ပေါင်မြို့နယ် သဲကုန်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အကျဉ်းကျခံနေရတဲ့ အမျိုးသားကို ထောင်ဝင်စာ ပစ္စည်းတွေ လာပို့ရာမှာ ကောက်ညှင်းထုတ်အတွင်းထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား တွေ ထည့်သွင်းလာတာကို လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်၌ အဆိုပါအမျိုးသမီးကို ဇင်းကျိုက်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဥပဒေပုဒ်မ ၁၉(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ အကျဉ်းစခန်း၊ အကျဉ်းထောင်၊ အချုပ်စသည့်နေရာများ၌ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုမရှိစေရေး အထူးကြပ်မတ်ထားတယ်လို့ အကျဉ်းဦးစီးဌာနထံက သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #ပေါင်မြို့နယ် #အကျဉ်းဦးစီးဌာန

 

(unicode)


………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post