• Follow Us on

Home အကျဉ်းသားများကို အခွင့်သင့်ပါက ထပ်မံလွှတ်ပေးမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

အကျဉ်းသားများကို အခွင့်သင့်ပါက ထပ်မံလွှတ်ပေးမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈ (People Media)

 

ဧပြီလမှ ဇူလိုင်လအထိ ပြစ်မှုအသီးသီးဖြင့် အကျဉ်းကျနေသူများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ် ပေးခဲ့သည့်အပြင် အခွင့်သင့်ပါကလည်း ထပ်မံလွှတ်ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်နေ့၌ န-စ-ကဥက္ကဋ္ဌ ကပြောကြားခဲ့သည်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ ကမ္ဘောဒီယားဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ သည်။

 

“မိမိတာဝန်ယူချိန် ကာလအတွင်း အကျဉ်းသား ၄၈၀၀၀ ကျော်ကိုပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးအတွက် အဆွေတော်၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ကြိုးပမ်းဆောင်ရွက်လိုမှုများအပေါ် မိမိအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

လက်ရှိ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေး နှစ်အဖြစ်သတ်မှတ်ထားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့်အပေါ်တွင်ကြိုဆိုပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဒေသတွင်းကိစ္စ ရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးနိုင်ခဲ့မှုအပေါ် ကျေနပ်ကြောင်း န-စ-ကဥက္ကဋ္ဌကပြောသည်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံခရီးသို့ ဇန်နဝါရီ ၇ ရက်နေ့၌ ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့၌ ပြန်လည် ထွက်ခွာခဲ့သည်။ ထို့အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်ရရှိမည့်နိုင်ငံဖြစ်သည်။

 

#PeopleMedia #ဟွန်ဆန် #နစက

 

(unicode)

အကဉြျးသားမြားကို အခှင့ျသင့ျပါက ထပျမံလှှတျပေးမညျဖွဈကွောငျး န-စ-ကဥက်ကဋ်ဌ ပွောကွား

…………………………………………………………

 


 


 


 


 


 


 



Share this post