• Follow Us on

Home အက်ဥ္းေထာင္မ်ား၌ တကၠသိုလ္၀င္တန္းေအာင္ျမင္ေသာ ေက်ာ င္းသား/သူမ်ားကုိ ေလ်ာ့ရက္ျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိရန္ အက်ဥ္းဦးစီးမွ ႏုိင္ငံေတာ္အႀကီးအကဲမ်ားထံ တင္ျပမည္

အက်ဥ္းေထာင္မ်ား၌ တကၠသိုလ္၀င္တန္းေအာင္ျမင္ေသာ ေက်ာ င္းသား/သူမ်ားကုိ ေလ်ာ့ရက္ျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိရန္ အက်ဥ္းဦးစီးမွ ႏုိင္ငံေတာ္အႀကီးအကဲမ်ားထံ တင္ျပမည္

Share this post

ရန္ကုန္၊ ၾသဂုတ္-၁၀

အက်ဥ္းေထာင္မ်ား၌ တကၠသိုလ္၀င္တန္းေအာင္ျမင္ေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားကိုေလွ်ာ့ရက္ျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိရန္ အက်ဥ္းဦးစီးဌာနမွ ႏိုင္ငံေတာ္အႀကီးအကဲမ်ားထံ တင္ျပရန္ စီစဥ္လ်က္ရွိသည္။

အက်ဥ္းေထာင္အသီးသီး၌ တကၠသုိလ္ဝင္ ေအာင္ျမင္ၾကေသာ ေက်ာင္းသား/သူမ်ား လႊတ္ၿငိမ္းခံစားခြင့္ရရွိရန္ အက်ဥ္းဦးစီးမွာ ႏုိင္ငံေတာ္အၾကီးအကဲမ်ားထံ တင္ျပရန္ စီစဥ္ေနမႈႏွင့္ ပတ္သက္၍ People Media က အက်ဥ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးရဲရင့္ႏိုိင္က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

“အက်ဥ္းေထာင္ထဲကိုေရာက္လာကတည္းက သူတို႔ေတြကို ကြ်န္ေတာ္တို႔က ဘာအလုပ္မွ မလုပ္ခိုင္းဘူး။ ေက်ာင္းသား၀တ္တဲ့အျဖဴအစိမ္းပဲ၀တ္ေပးတယ္။ မနက္ဆို အက်ဥ္းေထာင္မွာ ၅ နာရီခြဲဆိုထရတယ္။ ကိုယ္လုပ္စရာရွိတာလုပ္ရတယ္။ သူတို႔ကေတာ့ေက်ာင္းစာပဲလုပ္ရတယ္။ အဲဒီေတာ့ သူတို႔ ႀကိဳးစားခ်င္စိတ္လည္းရွိလို႔ အခုလို အက်ဥ္းေထာင္ကေအာင္ခ်က္ေတြျမင့္မားတယ္လို႔ေျပာလို႔ရပါတယ္။ ေနာက္ကူညီေပးတဲ့ ၀န္ႀကီးဌာနကေရာ ပုဂၢလိက ေက်ာင္းကဆရာေတြေရာေပါ့။ ခါတိုင္းႏွစ္ေတြ လိုေလွ်ာ့ရက္နဲ႔တင္ျပေပးဖို႔ရွိမလားဆိုတာ။ အဲဒါကေတာ့ ကြ်န္ေတာ္တို႔ကေတာ့ စာေမးပြဲဘယ္ႏွစ္ ေယာက္ေျဖတယ္။ ဘယ္ႏွစ္ေယာက္ေအာင္တယ္။ ဘယ္သူေတြကဂုဏ္ထူးထြက္တယ္ဆိုတာကို ကြ်န္ေတာ္တို႔ ၀န္ႀကီးဌာနကိုတင္ျပေပးသြားမွာ။ ၀န္ႀကီးဌာနကမွ အႀကီးအကဲေတြကိုဆက္တင္ျပမွာပါ’’လုိ႔ အက်ဥ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးရဲရင့္ႏိုိင္က ေျပာပါတယ္။

၂၀၂ဝ ျပည့္ႏွစ္ တကၠသိုလ္၀င္တန္းေအာင္ခ်က္၌ ရန္ကုန္တိုင္းေဒသႀကီးအင္းစိန္အက်ဥ္းေထာင္က ၆၈.၂၃ ရာခိုင္နႈန္းျဖင့္ ေအာင္ျမင္သူ ၅၈ ဦးရွိၿပီး ၄ ဘာသာဂုဏ္ထူးရရွိသူ ၁ ဦး၊ ၃ ဘာသာ ၃ ဦး၊ ၂ ဘာသာ ၆ ဦး၊ ၁ ဘာသာ ၂၄ ဦး၊ ႐ိုး႐ိုးေအာင္ျမင္သူ ၂၄ ဦးရွိခဲ့သည္။

အလားတူ မႏၲေလးတိုင္းေဒသႀကီး မႏၲေလးအက်ဥ္းေထာင္မွ ေအာင္ခ်က္ ၆၉.၅၉ ျဖင့္ ေအာင္ျမင္သူ၄၈ဦးရွိခဲ့ၿပီး ၃ ဘာသာဂုဏ္ထူးရရွိသူ ၈ ဦး၊ ၂ ဘာသာဂုဏ္ထူး ၂၂ ဦး၊ ၁ဘာသာဂုဏ္ထူး ၁၄ ဦး ႐ိုး႐ိုးေအာင္ျမင္သူ ၄ ဦး ရွိခဲ့သည္။

#PeopleMedia #အက်ဥ္းဦးစီးဌာန #တကၠသုိလ္ဝင္တန္းေအာ င္ျမင္သူမ်ား

(unicode)
အကျဉ်းထောင်များ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျော င်းသား/သူများကို လျော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကျဉ်းဦးစီးမှ နိုင်ငံတော်အကြီးအကဲများထံ တင်ပြမည်
………………………………………………

ရန်ကုန်၊ ဩဂုတ်-၁၀

အကျဉ်းထောင်များ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ကျောင်းသူများကိုလျှော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကျဉ်းဦးစီးဌာနမှ နိုင်ငံတော်အကြီးအကဲများထံ တင်ပြရန် စီစဉ်လျက်ရှိသည်။

အကျဉ်းထောင်အသီးသီး၌ တက္ကသိုလ်ဝင် အောင်မြင်ကြသော ကျောင်းသား/သူများ လွှတ်ငြိမ်းခံစားခွင့်ရရှိရန် အကျဉ်းဦးစီးမှာ နိုင်ငံတော်အကြီးအကဲများထံ တင်ပြရန် စီစဉ်နေမှုနှင့် ပတ်သက်၍ People Media က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အကျဉ်းထောင်ထဲကိုရောက်လာကတည်းက သူတို့တွေကို ကျွန်တော်တို့က ဘာအလုပ်မှ မလုပ်ခိုင်းဘူး။ ကျောင်းသားဝတ်တဲ့အဖြူအစိမ်းပဲဝတ်ပေးတယ်။ မနက်ဆို အကျဉ်းထောင်မှာ ၅ နာရီခွဲဆိုထရတယ်။ ကိုယ်လုပ်စရာရှိတာလုပ်ရတယ်။ သူတို့ကတော့ကျောင်းစာပဲလုပ်ရတယ်။ အဲဒီတော့ သူတို့ ကြိုးစားချင်စိတ်လည်းရှိလို့ အခုလို အကျဉ်းထောင်ကအောင်ချက်တွေမြင့်မားတယ်လို့ပြောလို့ရပါတယ်။ နောက်ကူညီပေးတဲ့ ဝန်ကြီးဌာနကရော ပုဂ္ဂလိက ကျောင်းကဆရာတွေရောပေါ့။ ခါတိုင်းနှစ်တွေ လိုလျှော့ရက်နဲ့တင်ပြပေးဖို့ရှိမလားဆိုတာ။ အဲဒါကတော့ ကျွန်တော်တို့ကတော့ စာမေးပွဲဘယ်နှစ် ယောက်ဖြေတယ်။ ဘယ်နှစ်ယောက်အောင်တယ်။ ဘယ်သူတွေကဂုဏ်ထူးထွက်တယ်ဆိုတာကို ကျွန်တော်တို့ ဝန်ကြီးဌာနကိုတင်ပြပေးသွားမှာ။ ဝန်ကြီးဌာနကမှ အကြီးအကဲတွေကိုဆက်တင်ပြမှာပါ’’လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောပါတယ်။

၂၀၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်၌ ရန်ကုန်တိုင်းဒေသကြီးအင်းစိန်အကျဉ်းထောင်က ၆၈.၂၃ ရာခိုင်နှုန်းဖြင့် အောင်မြင်သူ ၅၈ ဦးရှိပြီး ၄ ဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ ၃ ဘာသာ ၃ ဦး၊ ၂ ဘာသာ ၆ ဦး၊ ၁ ဘာသာ ၂၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၄ ဦးရှိခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး မန္တလေးအကျဉ်းထောင်မှ အောင်ချက် ၆၉.၅၉ ဖြင့် အောင်မြင်သူ၄၈ဦးရှိခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူ ၈ ဦး၊ ၂ ဘာသာဂုဏ်ထူး ၂၂ ဦး၊ ၁ဘာသာဂုဏ်ထူး ၁၄ ဦး ရိုးရိုးအောင်မြင်သူ ၄ ဦး ရှိခဲ့သည်။

#PeopleMedia #အကျဉ်းဦးစီးဌာန #တက္ကသိုလ်ဝင်တန်းအော င်မြင်သူများ


Share this post